ကျွန်မတို့တွေဟာ ပြည်တွင်းဖြစ်တွေကို ဘာလို့ ဝယ်ယူအားပေးသင့်လဲ.. 🧐

လုပ်ငန်း တစ်ခုတည်ထောင်ဖို့ဆိုတာ မလွယ်လှပါဘူး။ အကုန်အကျအရမ်းများပြီး ပြည်တွင်းရော၊ ပြည်ပကရော ပြိုင်ဆိုင်မှု များတဲ့အတွက် ထိုးဖောက်နိုင်ဖို့၊ အောင်မြင်ဖို့ အရမ်းခက်ခဲလှပါတယ်။ 😔

တစ်လောက Facebook ကနေ ဝမ်းနည်းစရာ သတင်းလေး ဖတ်လိုက်ရပါတယ်။ တာရာဟောင်းတွေကို ပြန်လည်အသုံးပြုပြီး Handmade အိတ်လေးတွေ ချုပ်ရောင်းတဲ့ဆိုင်လေး ဟာ ဝယ်ယူသူမရှိတဲ့အတွက် ဆိုင်ပိတ်ရတော့မယ်ဆိုတဲ့ သတင်းလေးပါ။ 😔

တစ်လောကဆိုပေမဲ့ နည်းနည်းတော့ကြာခဲ့ပါပီ။ ဆန်းသစ်ပြီး ပတ်ဝန်းကျင်ကို အကျိူးပြုနေတဲ့ ပြည်တွင်းလုပ်ငန်း လေးဖြစ်ပေမဲ့ အနီးအနားက လူတွေအားမပေးမှုကြောင့် မအောင်မြင်နိုင်ခဲ့ပါဘူး။ အဲလိုအဖြစ်လေးတွေ ထပ်ပြီး မဖြစ်ရအောင် ကိုယ့်ပတ်ဝန်းကျင်က ပြည်တွင်းလုပ်ငန်း တွေကို တတ်နိုင်သလောက်အားပေးလိုက်ရအောင်။ 🥳

📍ပထမဆုံး အရေးကြီးတဲ့ အချက်ကတော့ ပြည်တွင်းလုပ်ငန်း တွေကို အားပေးရင် သင်ဟာ သင်နေထိုင်နေတဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း (Community) ကို ဂရုစိုက်ပြီး အကျိုးပြု ပေးနေသလိုပါပဲ။ ‌🌍

အဲလို လုပ်ငန်း တွေကို ဝယ်ယူအားပေးခြင်းအားဖြင့် ပြည်တွင်းစီးပွားရေး အခြေအနေ အောင်မြင်ကောင်းမွန်စေတဲ့ အခွင့်အလန်းတွေ များစွာ ပေါက်ဖွားလာနိုင်ပါတယ်။
အခုအချိန်အတွင်းမှာ အလုပ်အကိုင် ရှာဖွေရ အရမ်းခက်ခဲပါတယ်။

အကယ်၍ သင်က ပြည်တွင်းလုပ်ငန်းတွေ ဆီက ခဏခဏဝယ်ယူအားပေးရင် သူတို့အတွက် ပုံမှန် စီးပွားရေးလည်ပတ်နိုင်ပြီး အလုပ်သမားလည်း ပိုငှားလာနိုင်တာပေါ့နော်။👏🏻

အကယ်၍ သင်က ဒီလုပ်ငန်းတွေဆီက မဝယ်ယူဖြစ်ဘူးဆိုရင်တောင် social media မှာ သူတို့ရဲ့ ဆိုင်လေး၊ ကုန်ပစ္စည်းတွေကို ရှယ် ပြီး လူသိများလာအောင်လည်း လုပ်ပေးလို့ရပါတယ်။ ကိုယ် ဝယ်ဖြစ်ခဲ့ရင်၊ ရောက်ဖြစ်ခဲ့ရင်လည်း Review ပေးတာပဲဖြစ်ဖြစ်၊ Check-in တင်တာပဲ ဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်။👍🏻

📍ပြည်တွင်းလုပ်ငန်းတွေဟာ များသောအားဖြင့် စစ်မှန်ပြီး မိမိပတ်ဝန်းကျင်က လူတွေ လိုအပ်တာကိုရောင်းချတာကြောင့် သင့်အတွက် အသုံးဝင်တဲ့ ပစ္စည်းတွေရှိမှာ သေချာပါတယ်။ သူတို့တွေကို အားပေးခြင်းအားဖြင့် သင့်ဆီကနေ ထွက်သွားတဲ့ ပိုက်ဆံဟာ သင်နေထိုင်နေတဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းထဲပဲ ရောက်မှာပါ။👥

📍အချို့သော ပြည်တွင်းလုပ်ငန်းတွေစီမှာ အရမ်းကောင်းမွန်တဲ့ Business Idea တွေရှိနေတတ်ပါတယ်။ သို့သော်လည်း အရင်းအနှီး လုံလုံလောက်လောက်မရှိတာကြောင့် ဆက်လက် မတိုးတက်နိုင် ဘဲရှိနေတတ်ပါတယ်။ အထက်ကပြောခဲ့တဲ့ တာရာကနေ အိတ်အဆန်းလေးတွေ ချုပ်တဲ့ဆိုင် လေးလိုပေါ့နော်။

📍နောက်ထပ်အရေးကြီးတဲ့ အချက်က ပြည်တွင်းလုပ်ငန်းတွေက များသောအားဖြင့် local goods (ပြည်တွင်းထွက်ကုန်ကြမ်း) တွေကို ပဲ အသုံးပြုကြပါတယ်။ ထိုသို့ အသုံးပြုခြင်းဖြင့် လယ်သမားတွေကို အကျိုးပြုပေးနေပါတယ်။
နောက်တစ်မျိုးပြောရရင် မြန်မာနိုင်ငံရဲ့ အဓိက လုပ်ငန်းတစ်ခုဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကို အထောက်အပံ့ပြုပေးပါလိမ့်မယ်။🌾

Local Business တွေကို ဘာလို့ Support သင့်တဲ့ အကြောင်းပြချက်တွေဟာ များပြားပြီး လက်တွေ့ဆန်လှပါတယ်။

အကယ်၍ သင်ဟာ ဒီစာလေးကို ဖတ်မိခဲ့တယ်ဆိုရင် ပစ္စည်းတစ်ခုခုကို ဘယ်မှာဝယ်ရမလဲလို့ စဉ်းစားနေရင် နောက်ဆံတင်းမှုမရှိဘဲ ကိုယ့်ဘေးပတ်ဝန်းကျင်က လေးတွေမှာ အားပေးကြည့်ပါ လို့တိုက်တွန်းပါတယ်။ ❤️

Written By
Kyaw SandiImage may contain: text that says "ကျွန်ုပ်တို့တွေ ဘာလို့ ပြည်တွင်းဖြစ်တွေကို ပိုအားပေးသင့်သလဲ။"

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱