အသေးစား စီးပွားရေးလုပ်ငန်းရှင်များ အတွက် ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာအကြံပြုချက် (၆) ချက် 💥

📍၁။ သင့်ဝန်ထမ်းများလဲ လုပ်ငန်းအပေါ်စိတ်ပါဝင်စားမှုရှိပါစေ။

သင်ကလုပ်ငန်း ပိုင်ရှင်ဖြစ်တာကြောင့် သင့်လုပ်ငန်းကသင့်‌အပေါ်မှာဘဲ မှုတည်နေတာမဟုတ်ပါဘူး။ သင့်ရင်းနှီးထားတဲ့ငွေက လုပ်ငန်းမှာရှိတဲ့ သူတွေအားလုံးနဲ့သက်ဆိုင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတိုင်းက လုပ်ငန်းအကြောင်းကို နှံ့နှံ့စပ်စပ် သိဖို့လိုပြီး ဝန်ထမ်းတွေစီကလဲအကြံဉာဏ်ကောင်း‌တွေနားထောင်ဖို့လိုပါတယ်။ 💡

📍၂။ လုပ်ငန်းရဲ့ Risk ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုနားလည်ဖို့လိုတယ်။

မည်သည့်လုပ်ငန်း Risk ဆိုတာကို ရှောင်လွှဲ လို့မရပါဘူး။

Align Income Sharing Funding Company ရဲ့ CEO Paul Cho ကအသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့မှန်ကန်တိကျတဲ့ ရေတိုရေရှည်ငွေကြေးစီမံမှုတွေချမှတ်ထားရမယ်လို့ဆိုပါတယ်။ ⚖️

📍၃။အသုံးစရိတ်တွေကိုပိုပိုလျှံလျှံခန့်မှန်းထားပါ။

သင့်လုပ်ငန်းက project ကိုဦးတည်တဲ့လုပ်ငန်းဆိုရင် ဖောက်သည်အားလုံးက တစ်ပုံစံတည်းလာမယ်လို့ မမျှော်လင့်ထားပါနဲ့။ တစ်ခါတစ်ရံမမျှော်လင့်ထားတဲ့ပြောင်းလဲမှုတွေနဲ့အတူ ခန့်မှန်းအသုံးစရိတ်တွေထက်ကျော်သွားတက်ပါတယ်။ 💰

📍၄။ ရောင်းအားကို ခန့်မှန်းချင့်ချိန်ပါ။

စီးပွားရေးလုပ်ငန်းအတော်များများမှာ တစ်နှစ်တာ ရောင်းအားအကုန်းဆုံးအချိန်တွေနဲ့ ရောင်းအားထိုင်းတဲ့အချိန်တွေနဲ့ဖြတ်သန်းရတက်ပါတယ်။ နှစ်ကုန်သို့မဟုတ် သင့်လုပ်ငန်းရာသီပိတ်ချိန်တွင် ကုန်ကျစရိတ်အားလုံးအတွက် စာရင်းရှင်းတမ်းလုပ်ထားရန်လိုအပ်ပါတယ်။ ဒါမှနောက်နှစ် အရောင်းအတွက်စီစဉ်တဲ့အခါ အရင်နှစ်ကအရောင်းထိုင်းတဲ့ကာလမျိုးကိုဘယ်လိုတိုးတက်အောင်ပြုလုပ်နိုင်မလဲဆိုတာဆန်းဆစ်နိုင်မှာဖြစ်ပါတယ်။ 🔖

📍၅ ။ အချိန် =ငွေဆိုတာကိုအမြဲသတိရပါ။

Budget plan ဆွဲတဲ့အခါ အချိန်ကိုပူးတွဲမထည့်မိတာဟာ အသေးစားစီးပွားရေးလုပ်ငန်းများရဲ့ မှားယွင်းမှုတစ်ခုဖြစ်ပါတယ်။

📍၆ ။ ကိုယ့်ငွေကြေးစီမံမှုကိုအမြဲတန်းပြန်သုံးသပ်ပါစေ ။

သင့်ငွေကြေးစီမံမှုကအမြဲတန်းတစ်သတ်မတ်တည်းဖြစ်နေမှာတော့မဟုတ်ပါဖူး။
သင့်လုပ်ငန်းတိုးတက်မှု၊အကျိုးရလဒ်မှုများ ဆုံးရှုံးမှာများအပေါ်မူတည်ပြီး အမြဲပြောင်းလဲနေမှာဖြစ်တာကြောင့် မကြာခနဆိုသလို ပြန်လည်သုံးသပ်ရန်လိုအပ်ပါတယ်။🔍

#BudgetingTips
#Bybetarix

Reference: https://www.businessnewsdaily.com/8323-small-business-budge…

Written By
Thiri Yadanar

Image may contain: text

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱