ကျွန်ုပ်တို့ အတွက် ပိုမို စျေးသက်သာတဲ့ ပညာရေး ရဲ့ လမ်းစတစ်ခုလား ... 🧐

Coronavirus (COVID-19) ကြောင့် နိုင်ငံအဝန်းကစားသောက်ဆိုင်တွေ၊
၊ ဟိုတယ်တွေ လေကြောင်းလိုင်းတွေဟာ ဒေဝါလီခံနေရပါတယ်

ဒါ့အပြင် တက္ကသိုလ်တွေဟာလည်း ဒေဝါလီခံရနိုင်တယ်ဆိုတာ သင်သိပါသလား? 🥺

တက္ကသိုလ်တွေဟာ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကို လူတော်တော်များများကမေ့လျော့နေကြပါတယ် ...

တက္ကသိုလ်တွေဟာ ပရော်ဖက်ဆာတွေ, စာ‌သင်ကျောင်းနေရာတွေနဲ့ အဆောက်အအုံတွေအတွက် ကျသင့်ငွေတွေပေးချေရပါတယ် ...

တက္ကသိုလ်တစ်ခုလည်ပတ်ဖို့ဆိုရင် မီလီယံပေါင်းရာနဲ့ချီလိုအပ်ပါတယ် 💰

အခုတော့ Covid-19 ကြောင့် ကျောင်းတွေမှာ ‌ကျောင်းသားတွေမရှိတော့တဲ့အပြင် ဘဏ္ဍာငွေဆိုတာလည်းမရှိတော့ပါဘူး ...

ဒါကြောင့်ပဲ ရာနဲ့ချီတဲ့တက္ကသိုလ်တွေဟာ သူတို့ရဲ့ကျောင်းတံခါးတွေကို ပိတ်လိုက်ရတော့မှာဖြစ်ပါတယ် 🏢��ဒါကတော့ တကယ်ကိုကြီးမားတဲ့ပြဿနာတစ်ခုပါ ... 💥

ကမ္ဘာမှာ အချမ်းသာဆုံးကျောင်းတွေထဲကတစ်ခုဖြစ်တဲ့ Harvard တက္ကသိုလ်တောင် အခုဆိုအကြွေးတင်နေပြီဖြစ်ပါတယ် ... 😣

ကျောင်းသားတွေဟာလည်း Zoom မှာစာသင်ဖို့အတွက်နဲ့တော့ တစ်နှစ်စာပညာသင်စရိတ် $40,000 ကို မပေးချင်ကြတော့ပါဘူး။

အလုပ်ကိုင်မရှိတော့တဲ့မိသားစုတွေဟာလည်း ကျောင်းတက်ဖို့အတွက် ဆက်ပြီးမထောက်ပံ့နိုင်တော့ပါဘူး။ကျောင်းသားတွေမရှိဘူး၊ ဘဏ္ဍာငွေတွေမရှိတော့ဘူး၊ ကုန်ကျစရိတ်တွေသာတိုးများလာတယ် ...

ဒါတွေဟာ ဒေဝါလီခံရမှုရဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ် 🚫

ဒါပေမယ့် ဒါတွေဟာ သင့်ကိုစိတ်ဓာတ်ကျစေဖို့ရည်ရွယ်တာမဟုတ်ပါဘူး 🙅

ကျွန်ုပ်တို့တွေ ဒါကိုဖြတ်ကျော်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

လူသားတွေဟာ အဖြစ်ပျက်ဆိုးတွေနဲ့ကြုံတိုင်း ရှင်သန်ကျော်ဖြတ်နိုင်ကြစမြဲဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့် ကျွန်ုပ်တို့တွေ အင်တာနက်ကိုတီထွင်လာနိုင်တယ် ... 🤳
စစ်ပွဲတွေကြောင့် လကမ္ဘာပေါ်ကို ခြေချနိုင်ခဲ့တယ် ... 👩‍🚀
အခု Covid 19 စစ်ပွဲမှာလည်း ကျွန်ုပ်တို့တွေ ပညာရေးကို ပြုပြင်နိုင်ကြမှာပါ 💪🏼

လှပတဲ့ကျောင်းဝန်းနဲ့ တက္ကသိုလ်တွေ၊ ဒေါ်လာ ၁၀၀ ၀၀၀ တန် ပညာသင်ကြားရေးတွေဟာ ကျပ်တည်းကောင်း ကျပ်တည်းနိုင်ပါလိမ့်မယ်။

ကျွန်ုပ်တို့တွေဟာ ပိုပြီးတော့ ဈေးသက်သာတဲ့၊ ကျွမ်းကျင်မှုပိုရှိတဲ့၊ ပိုပြီးသေးငယ်‌တဲ့တက္ကသိုလ်မျိုးကို တွေ့မြင်နိုင်ကြမှာဖြစ်ပါတယ်။

သင်ဟာ သူနာပြုတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် Nursing Academy ကိုတက်ရောက်နိုင်ပါတယ် 👩‍⚕️

သင်ဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် Coding Academy ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ် 👷

ဒါတွေဟာ ပုံမှန်ကျောင်းတွေရဲ့ ကုန်ကျစရိတ် ၁၀% သာကုန်ကျမှာဖြစ်ပြီး အများစုကတော့ လိုင်းပေါ်ကသင်ရမှာဖြစ်ပါတယ် 👩‍💻

University of the people လိုမျိုး သင်တန်းကြေးဟာအခမဲ့ဖြစ်ပြီး အွန်လိုင်းပေါ်ကနေ သင်ကြားနိုင်မှာပါ။

ကောင်းမွန်တဲ့သင်ကြားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုရရှိနိုင်မယ့်အပြင် ပုံမှန်ကျောင်းတွေထက် ၃% ပိုပြီးသက်သာနိုင်မှာဖြစ်ပါတယ်။

Covid-19 မတိုင်ခင်မှာ ပညာရေးဟာ အတော်ကိုဈေးမြင့်ခဲ့ပါတယ် ...

ကျောင်းသားအများစုဟာ ပညာသင်ပြီးလို့ဘွဲ့ရပေမယ့်လည်း အကြွေးတွေပါတင်ကျန်ခဲ့တာဖြစ်ပါတယ်။
ဒါတွေဟာ ကျောင်းသားတွေရဲ့ ဘဝရည်မှန်းချက်တွေကို နှောင့်ယှက်နေပါလိမ့်မယ် ...

တစ်နေကုန် အလုပ်ခွင်ထဲမှာငြီးငွေ့စွာလုပ်ကိုင်နေရပြီး အကြွေးကျေဖို့အတွက်ကိုပဲ ရုန်းကန်နေရမှာဖြစ်ပါတယ်။ 😣

အခုလိုကပ်ဆိုးကာလမှာ ကျွန်ုတို့ဟာ ပိုပြီးအဆင်ပြေမယ့်၊ ပညာအရည်အသွေးလည်းမြင့်မယ့် ကျောင်းမျိုးကိုဖန်တီးနိုင်မှာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့လည်း အရည်အချင်းပြည့်ပြည့်ဝဝနဲ့ အကြွေးအမှီကင်းကင်း ဘွဲ့ယူနိုင်မှာဖြစ်ပါတယ် 👩‍🎓

ဒါကတော့ မှောင်မိုက်နေချိန်မှာ ထွန်းလင်းနိုင်မယ့်သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ် 🙆

ထာဝရ

Here is the original video link - https://m.facebook.com/story.php?story_fbid=1093091921055284&id=574719552680201

Image may contain: text that says 'How Education Will Get Cheaper?'

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱