Business Plan တစ်ခုရေးဆွဲရာမှာ ပါဝင်ရမယ့်အချက်များ📝

အားလုံးပဲ မင်္ဂလာပါ။🙋

ဟိုတစ်နေ့က business plan ရေးဆွဲခြင်းရဲ့အကျိုးကျေးဇူးတွေကို ပြောပြခဲ့တာမို့ ဒီနေ့မှာတော့ business plan ရေးဆွဲတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အဓိကအချက်လေးတွေကို ဆက်ပြီး ပြောပြသွားပါမယ်။🤗

📍Executive Summary

ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက် နဲ့ တာဝန်တွေ၊ လိုတဲ့ သတင်းအချက်အလက်တွေအကုန် ခြုံငုံ‌ရေးထားတဲ့သဘောပါ။ ဘယ်လောက်ထိအောင်မြင်အောင်လုပ်မလဲ? အရင်းအနှီးကရောဘယ်လောက်လိုမလဲ? 🤔
နေရာ၊ နာမည်စတဲ့အရာတွေကို ‌ ခြုံငုံသုံးသပ်ရေးထားတဲ့သဘောပါ။

📍Company Description

ဒါ‌ကတော့ ကိုယ့်လုပ်ငန်းရဲ့ အမျိုးအစားပေါ့။ ကော်ပိုရေးရှင်း လား? မိတ်ဖက် လား? ဒါမှမဟုတ် တစ်ဦးပိုင် လားဆိုတာကို ဖော်ပြရမှာ ဖြစ်ပါတယ်။🏢 နောက်ပြီး ထုတ်ကုန် (သို့) ဝန်ဆောင်မှုတွေ၊ သူများနဲ့မတူပဲ ထူးခြား‌နေတာတွေ၊ ရာသီအလိုက်ပဲ ကမ်းလှမ်းချက် လုပ်ပေးမှာလား တစ်နှစ်ပတ်လုံးလား စသဖြင့် ပါဝင်ပါတယ်။ 👏

📍Products or Services

ဘယ်ထုတ်ကုန်နဲ့ဝန်ဆောင်မှုကို ရောင်းမလဲ? ဈေးနှုန်းဘယ်လောက်သတ်မှတ်မလဲ?💸
ဈေးဝယ်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အကြောင်းတွေ၊
နောက် ထုတ်ကုန်နာမည်၊ နောက်ဆုံးကျန်မယ့် အမြတ်အစွန်း ဒါတွေအကုန်စဉ်းစားတွက်ချက်ပြီး ဖော်ပြရပါမယ်။🧐

📍Market Analysis

ဒီကုန်စည် နဲ့ဝန်ဆောင်မှုက ဈေးကွက်ထဲမှာအောင်မြင်နိုင်ရဲ့လားဆိုတာကိုလဲ
ချင့်ချိန်ကြည့်ရပါမယ်။💭ဘယ်သူတွေကို ပစ်မှတ်ထားပြီးရောင်းမှာလဲ? နောက် ပြိုင်ဖက် တွေကိုသေချာသိနေပြီးအောင်မြင်မှုရမယ့်နည်းလမ်းတွေကိုလည်း အစီအစဉ်ရေးကတည်းက စဉ်းစားထားရပါမယ်။

📍Operations and Sales Strategy

ဒီအချက်ကတော့ကိုယ် ပစ်မှတ် လုပ်ထားတဲ့ဈေးကွက်ကို ဘယ်လိုနည်းနဲ့ ဖြန့်ဖြူးမလဲ? ရောင်းမလဲ?🔎 ပြီးတော့ ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာများ၊ ကုန်ပစ္စည်းပေးသွင်းသူများ၊ အလုပ်သမားများ၊ တည်နေရာ စတဲ့ လိုအပ်ချက်တွေအကုန် စဉ်းစားပြီးတော့ အစီအစဉ် ထဲမှာ ရေးထားရပါမယ်။🗒️

📍Management and Organizational team

ဒါကတော့ လုပ်ငန်းရဲ့ အဖွဲ့အစည်းတည်ဆောင်ပုံ ကိုဖော်ပြရမှာပါ။
ရာထူး အလိုက် လိုအပ်နေတဲ့ အရည်အချင်းတွေ၊ကျွမ်းကျင်မှုတွေကို စဉ်းစားရပါမယ်။ ပြီးတော့ အလုပ်သမား တွေဘယ်လောက်ခန့်အပ်မလဲ? ဘယ်လို လုပ်ငန်းလိုင်စင် လိုအပ်လဲဆိုတာတွေကို အကြမ်းဖျဉ်း ရေးဆွဲထားရပါမယ်။✔️

📍 Financial Plan

နောက်ဆုံးမှာ လုပ်ငန်းလုပ်ဖို့အတွက် ငွေကြေးရှင်းတမ်းကို အကြမ်းဖျဉ်းရေးဆွဲဖို့လည်း လိုပါတယ်။💰
ဒီမှာဆိုရင်ရောင်းအားခန့်မှန်းချက်တွေ ၊
လစဉ်စီမံကိန်းတွေ ၊ ကုန်ကျမှုတွေ ၊ငွေဝင်ငွေထွက်ရှိမယ့်ဟာတွေကို တွက်ချက်ပြီး
ချေးငွေ လိုအပ်မှုတွေ ရှိနေလားဆိုတာတွေကို ထည့်သွင်းစဉ်းစားရမှာပါ။🧾

ဒီအချက်တွေကတော့ စီးပွားရေးအစီအစဉ်မှာ ပါဝင်ရမယ့် အဓိကအချက်တွေပါပဲ။☝️

အကြမ်းဖျင်း ရေးဆွဲတာတွေက အရမ်းအသေးစိတ်ပြီး စာမျက်နှာတွေများနေရင်လည်း
ရင်းနှီးမြှပ်နှံသူတွေက စိတ်မဝင်စားပဲဖြစ်တတ်ပါတယ်။

ဒါကြောင့် အရေးပါတဲ့ အချက်တွေကိုပဲ ပေါ်လွင်ထင်ရှားအောင် လုပ်တတ်ဖို့လိုအပ်ပါတယ်နော်။🤗💯

Written by
Yoon Ei Tin.

No photo description available.

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱