Comfort Zone > Fear Zone > Learning Zone > Growth Zone

ဒီတစ်ပတ်မှာတော့ လူငယ်အများစု ရည်မှန်းချက်နဲ့ပတ်သက်တဲ့အခါ ကြုံတွေ့နေရတတ်တဲ့ အခက်အခဲတစ်ချို့ကို ဆွေးနွေးပေးချင်ပါတယ်။ 🙌🏻

အရင်ဆုံး "Comfort Zone" အကြောင်းနဲ့ စလိုက်ပါမယ်။

လူငယ်တွေဟာ ရည်မှန်းချက်မရှိတာမဟုတ်ပါဘူး။ ရည်မှန်းချက်ကိုသွားဖို့အတွက် တွန့်ဆုတ်နေကြတာပါ။ 😒 Comfort Zone လို့ခေါ်တဲ့ အေးဆေးငြိမ်သက်လှတဲ့ နေ့စဉ်လူနေမှုဘဝမှာပဲ ပျော်မွေ့နေတတ်ကြပါတယ်။

ဖုန်းသုံးလိုက်၊ ဂိမ်းဆော့လိုက်၊ သင်တန်းတွေလျှောက်တက်နေလိုက်နဲ့ အချိန်တွေကုန်ပြီး ဘာမှမယ်မယ်ရရအကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။

💢ဒါပေမယ့် အဲ့ဒီ့လူငယ်တွေ ဘာလို့ဒီနေရာမှာပဲ နေနေကြတာလဲ🤨

အကြောင်းရင်းကတော့ရှင်းပါတယ်။

သူတို့ "Fear Zone" ကို မကျော်ဖြတ်နိုင်လို့ပါ။

"Fear Zone" ဆိုတာဟာ သင့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ပထမဆုံးသော ခြေလှမ်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီ zone ကိုရောက်ပြီဆိုရင် သင်ဟာ အမြဲတမ်းစိတ်ဓာတ်ကျ အားငယ်နေရမှာပါ။ သင့်ရဲ့အရှေ့ကလူတွေ အောင်မြင်နေတာကိုကြည့်ပြီး အားကျလာမယ်။

အဲ့လိုအောင်မြင်ချင်လို့ကြိုးစားတဲ့အခါမှာ ထင်သလောက်လမ်းမပေါက်တာ‌တွေ၊ ကိုယ့်ကိုကိုယ်ယုံကြည်ချက်မဲ့ပြီး သိမ်ငယ်တာတွေ၊ တခြားသူတွေရဲ့ ဘေးစကားတွေကြောင့် သင့်ရဲ့ရည်ရွယ်ရာလမ်းစဟာ တဖြည်းဖြည်းပျောက်ပြီး အလိုလို "Comfort Zone" ထဲကိုပြန်ရောက်လာတတ်ပါတယ်။

နိစ္စဓူဝ အချိန်တွေကုန်ပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာမှာမဟုတ်ပါဘူး။ 😣

💢တကယ်လို့ Fear Zone ကိုသာကျော်ဖြတ်နိုင်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ 🤨

သင်ဟာ Fear Zone ကိုကျော်ဖြတ်နိုင်ပြီဆိုတော့ ‌သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ ‌အတော်အတန်ကိုနီးကပ်လာပါပြီ။

သင့်ရဲ့ပန်းတိုင်နဲ့သက်ဆိုင်ရာ ပညာရပ်တွေကိုရှာဖွေဆည်းပူးမယ်၊ အကြောက်တရားတွေကိုတွန်းဖယ်ပြီး ကြုံလာမယ့်စိန်ခေါ်မှုတွေကိုလည်း နောက်မဆုတ်တမ်းရင်ဆိုင်မယ်။

ဒါတွေကို "Learning Zone" ထဲမှာ သင်ဖြတ်သန်းရမှာပါ။ 🙌🏻

လိုအပ်တဲ့ပညာရပ်တွေ, အတွေ့အကြုံစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ပြီဖြစ်တဲ့သင့်ကို "Growth Zone" က စောင့်ကြိုနေမှာပါ။

ဒီမှာတော့ သင်ဟာ ရည်မှန်းချက်တွေအတွက် ရှေ့ဆက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။
ထပ်ဆင့်အနာဂတ်ပန်းတိုင်ကိုလည်းရှာဖွေနိုင်ပြီး သင့်ရဲ့အိပ်မက်တွေဟာလည်း ရှင်သန်နိုးထလာတော့မှာဖြစ်ပါပြီး အောင်မြင်မှုဆိုတာ မဝေးတော့တဲ့နေရာတစ်ခုမှာရှိနေပါပြီ။

လူငယ်တွေဟာ ကိုယ်လုပ်ချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို လုပ်ဖို့အတွက် တွန်းအားလို့ခေါ်တဲ့ စိတ်စွမ်းအားလိုအပ်ပါတယ်။ 💪🏼

လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်ပြင်းပြတဲ့အခါ ဘေးဘီစကားတွေကိုလည်း နားထဲမရောက်နိုင်တော့သလို တစ်ပါးသူတွေရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကိုလည်း ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ 🌟

ဒါကြောင့် Confort Zone ထဲမှာပဲ ပျင်းရိငြီးငွေ့ဖွယ်ကောင်းစွာ ရပ်မနေကြပဲ အောင်မြင်မှုဆီသွားဖို့ သင့်ရဲ့ခြေလှမ်းတွေကိုအခုပဲစတင်လိုက်ပါ။ 🥳

ထာဝရ

Image may contain: text that says 'WHERE THE MAGIC HAPPENS YOU & YOUR COMFORT ZONE'
No photo description available.

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱