ဂျာမနီ ဟာ ကိုရိုနာ ဗိုင်းရပ်စ် (coronavirus) ကို ဘယ်လို အောင်နိုင်ခဲ့လဲ... ❓

၉၀ ရာခိုင်နှုန်းသော အမေရိကန်လူမျိုးတွေဟာ Covid-19 ကိုတွန်းလှန်နိုင်ဖို့အတွက် သူတို့ရဲ့ mail တွေကနေတစ်ဆင့် ဒေါ်လာ ၁၂၀၀ ကိုရရှိကြပါတယ်။ 💸

ကမ္ဘာတစ်ဝန်းက အစိုးရအဖွဲ့တွေဟာ ဒီကပ်ရောဂါကာလအတွင်းမှာ ကောင်းမွန်စွာပြန်လာရပ်တည်နိုင်ဖို့အတွက် ကြိုးစားနေကြပါတယ်။
အခုဖော်ပြပေးချင်တာကတော့ အခြားသောနိုင်ငံတွေထက် စီးပွားရေးကိုပိုပြီးထိန်းချုပ်နိုင်တဲ့ နိုင်ငံအကြောင်းပဲဖြစ်ပါတယ် ....

အဲ့ဒီ့နိုင်ငံကတော့ ဂျာမနီ (Germany) နိုင်ငံပဲဖြစ်ပါတယ်

သူတို့ဘာတွေ လုပ်ခဲ့သလဲ⁉️

💢 ပထမဆုံးအနေနဲ့ သင်ဟာဂျာမနီနိုင်ငံသားတစ်ယောက်ဖြစ်တယ်၊ Coronavirus ကူးစက်ခံထားရသူလည်းဖြစ်တယ်ဆိုရင် အိမ်ငှားရမ်းခပေးစရာ လုံးဝမလိုအပ်ပါဘူး 🚫

ဒီလိုမပေးတဲ့အတွက်လည်းအိမ်ကနေနှင်ထုတ်ခံတာ၊ မောင်းချခံရတာမျိုးမဖြစ်ရလေအောင် အစိုးရဥပဒေနဲ့ကာကွယ်ပေးထားတာဖြစ်ပါတယ် 💁

ဒီလိုနည်းနဲ့ အိမ်ငှားခပေးစရာမရှိတဲ့သူတွေကို အိမ်ခြေရာမဲ့ဖြစ်ခြင်းကနေ တားဆီးကာကွယ်ပေးထားတာ ဖြစ်ပါတယ်။

သင်ရဲ့ပေးချေစရာတွေကို လုပ်ငန်းတွေပြန်လည်ကောင်းမွန်လာမယ့် ၂၀၂၂ ရောက်မှ ပြန်လည်ပေးချေရမှာဖြစ်ပါတယ်။

💢 ဒုတိယတစ်ခုကတော့ အခွန်ဆောင်စရာလုံးဝမလိုပါဘူး 🙅

အစိုးရကိုပေးချေရမယ့်ပမာဏတွေကို နောက်တစ်နှစ် အထိရွှေ့ဆိုင်းပေးထားတာဖြစ်ပါတယ်။

ဒါတောင်မှသင်ကကြပ်တည်းနေသေးတယ်၊ စီးပွားရေးအဆင်ပြေသေးဘူးဆိုရင် အစိုးရကသင့်ကို ယူရို ၅၀ ဘီလီယံ ‌ကို အခမဲ့ပေးမှာဖြစ်ပါတယ် 💶

ဒါဟာ အနုပညာရှင်‌တွေ,၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Freelancer တွေကိုကူညီပေးဖို့အတွက် အဓိကရည်ရွယ်တာဖြစ်ပါတယ်။

💢 သင်ဟာ အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပေမယ့်လည်း အကူအညီရနိုင်ပါသေးတယ် 💁

သင့်ဝန်ထမ်းတွေရဲ့လစာ ၇၀ ရာခိုင်နှုန်းကို အစိုးရပေးချေပေးမှာဖြစ်ပြီး သင့်အတွက်လည်း ယူရို ၃၀၀၀၀ အထိထောက်ပံ့ပေးသွားမှာဖြစ်ပါတယ် 👀

ဒီလိုနည်းနဲ့ သင့်ရဲ့ဝန်ထမ်း‌လျှော့ချမှုကို ကူညီပေးသွားမှာဖြစ်ပါတယ်။

💢သင်ဟာ အကြီးစားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်မယ်ဆိုရင် ဂျာမနီအစိုးရအနေနဲ့ ယူရို ၅၀ ဘီလီယံ အထိ ချေးငွေထုတ်ပေးမှာဖြစ်ပါတယ် 🤝

ဒီလိုနည်းနဲ့ သင့်ရဲ့လုပ်ငန်းတွေကို ပုံမှန်အတိုင်းလည်ပတ်နိုင်မှာဖြစ်တဲ့အပြင် ဝန်ထမ်းအင်အားကိုလည်းထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

အခြားသောနိုင်ငံတွေဟာ သူတို့ရဲ့ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ စီးပွားရေးလုပ်ငန်းအတွက်အသုံးပြုနေချိန်မှာ ဂျာမနီနိုင်ငံဟာ ၆၀ ရာခိုင်နှုန်းကိုအသုံးပြုနေတာဖြစ်ပါတယ်

Germany နိုင်ငံဟာ ဒီလိုလုပ်ဆောင်ချက်တွေကို ‌လတွေနှစ်တွေကြာအောင် အချိန်ယူခဲ့တာမဟုတ်ပဲ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာပေါ်မှာအလျှင်မြန်ဆုံးသော စီးပွားရေး ပြန်လည်ထူထောင်ရေးစီမံချက်ဖြစ်ပြီး အရက်ရောဆုံးသောပေးဝေမှုလည်းဖြစ်ပါတယ်။ 🌐

တစ်ဆက်တည်းမှာပဲ Germany နိုင်ငံရဲ့ Corona Virus ကူးစက်မှုနှုန်းဟာကျဆင်းလျက်ရှိပြီး သေဆုံးမှုလျော့နည်းစွာနဲ့ နေ့စဉ်လူမှုဘဝတွေကို ဖြည်းဖြည်းချင်းပြန်လည်ရရှိနေပြီ ဖြစ်ပါတယ်။

ထာဝရ

Here is the original video link - ( https://www.facebook.com/574719552680201/posts/1657463171072495/)Image may contain: cloud, sky and outdoor

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱