Covid-19 အလွန်အတွက် သင့်လုပ်ငန်း ဘာတွေ ပြင်ဆင်ထားရမလဲ 🙆🏻♀️
ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ Covid-19 ကြောင့် စီးပွားရေးလုပ်ငန်း တော်တော်များများဟာ ရပ်ဆိုင်းထားရပါတယ်။ 😓
ဒါပေမယ့် ဒါကို သင့်ရဲ့စီးပွားရေးလုပ်ငန်းတွေကို အစကကပြန်ပြီး မွမ်းမံပြင်ဆင်နိုင်တဲ့အခွင့်အရေးတစ်ခုအဖြစိ သတ်မှတ်လိုက်နိုင်ပါတယ်။ 💡
စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ COVID ကာလပြီးတဲ့အခါမှာ ကိုယ့်ရဲ့လုပ်ငန်းတွေကိုပြန်လည် လည်ပတ်နိုင်ဖို့အတွက် ဘာတွေပြင်ဆင်ထားသင့်သလဲ ဆိုတာ ကြည့်လိုက်ရအောင်ပါ 💁
📍သင့်ရဲ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုပုံစံတွေကိုပြောင်းလဲလိုက်ပါ။
ယခုလိုအခြေအနေမှာ သင့်ရဲ့လုပ်ငန်းတွေကို မတူညီတဲ့နည်းလမ်းတွေနဲ့ customer တွေကိုချပြနိုင်ပါတယ်။
ဥပမာ အလှဖန်တီးရှင်တွေဖြစ်ကြတဲ့ make-up artist တွေ hairstylist တွေဟာ အွန်လိုင်းပေါ်ကနေ မိတ်ကပ်လှမ်းပြင်ပေးတာတွေ၊ ဆံပင်ညှပ်ပေးတာလုပ်လို့ရမှာမဟုတ်ပါဘူး 💇
ဒါပေမယ့် hairstylist တွေအနေနဲ့ ဆံပင်နဲ့ပက်သတ်တဲ့အရည်အသွေးကောင်းတဲ့အလှကုန်ပစ္စည်းတွေကို ကိုယ်တိုင်ကြေငြာပြီးရောင်းချပေးမယ်ဆိုရင်တော့ ဈေးကွက်အခြေအနေဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ် 🧖
Make-up artist တွေအနေနဲ့လည်း make-up tutorial တွေပြုလုပ်တာ၊ skincare နဲ့ပက်သတ်တာတွေဝေမျှပေးခြင်းဖြင့် ကိုယ့်ရဲ့ customer တွေနဲ့ အမြဲတမ်း အဆက်အသွယ် မပြတ်ရှိနေစေမှာ ဖြစ်ပါတယ်။
📍အွန်လိုင်းစနစ်ကို စတင်ကျင့်သုံးပါ။
အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း ယခုလိုအချိန်မျိုးဟာ လူတိုင်းလိုလို အွန်လိုင်းကနေပဲ ဆက်သွယ်နေကြတာဖြစ်ပါတယ် 👩💻
ကုန်ပစ္စည်းရောင်းဝယ်တာတွေ၊ ဝန်ဆောင်မှုပေးတာတွေအပြင် ငွေပေးချေတာတွေအထိပါ အွန်လိုင်းကနေ လွယ်လွယ်ကူကူ ပြုလုပ်နိုင်တာကြောင့် သင့်ရဲ့စီးပွားရေးလုပ်ငန်းကိုလည်း အွန်လိုင်းကနေ တစ်ဆင့် ပြုလုပ်နိုင်အောင် စီမံသင့်ပြီဖြစ်ပါတယ်။
📍ဝန်ထမ်းတွေနဲ့ပြန်လည်ဆက်သွယ်ပါ
လုပ်ငန်းတွေကိုပြန်လည်မစ,တင်ခင်မှာ သင်ရဲ့ဝန်ထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူသင့်ပါတယ် 🗣️
အတွေ့အကြုံရှိပြီးသား ဝန်ထမ်းတွေဟာ အချိန်တိုအတွင်းမှာ လုပ်ငန်းတွေပြန်လည် စတင်ဖို့အတွက် အထောက်အကူ ကောင်းကောင်းပေးပါလိမ့်မယ်။
📍လုံခြုံမှုကိုရှေ့တန်းတင်ပါ
ကပ်ရောဂါပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ သင့်ဆီကို လာရောက်လုပ်ကိုင်ကြမယ့် ဝန်ထမ်းတွေနဲ့ Customer တွေဟာ လုံခြုံစိတ်ချမှုကိုသာ အဓိကထား သတိပြုကြမှာ ဖြစ်ပါတယ်။
ကျန်းမာရေးအရ သော်လည်းကောင်း၊ ဝန်ဆောင်မှုအရ သော်လည်းကောင်း၊ သင့်ဘက်ကအကောင်းဆုံးပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ် 💯
ယခုဖော်ပြခဲ့တာတွေကတော့ Covid-19 ကာလအလွန်မှာ စီးပွါးရေး လုပ်ငန်းတွေအနေနဲ့ ပြင်ဆင်သင့်တာထဲက အနည်းကျဉ်းပဲဖြစ်ပါတယ်။ 🙆🏻♀️
အားလုံးပဲ အဆင်ပြေနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🥳
ထာဝရ
Reference - https://quickbooks.intuit.com/…/resou…/reopen-after-covid19/

Comments
Post a Comment