Digital Marketing ရဲ့ သမိုင်းကြောင်း .. ❗️
Digital Marketing ဆိုတာဟာ ကွန်ပြူတာ၊ ဖုန်းနဲ့ တခြားသော ဆက်သွယ်ရေးပစ္စည်းတွေကို အင်တာနက်နဲ့ချိတ်ဆက်ပြီး ထုတ်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ကြေငြာပေးတာပဲဖြစ်ပါတယ်။ 📱
Digital Marketing ဟာဆိုရင် 1990 နဲ့ 2000 ခုနှစ်တွေမှာ တိုးတက်ဖွံ့ဖြိုးလာပြီး ကုန်ပစ္စည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဈေးကွက်ရောင်းချမှုဆိုင်ရာနည်းပညာတွေကို ပြောင်းလဲနေရာယူလာတာဖြစ်ပါတယ်။
နေ့စဉ်လူမှုဘဝတွေမှာ အရောင်းအဝယ် ဈေးကွက်အတွက် Digital Platform ကိုပိုမိုအသုံးပြုလာတာနဲ့အမျှ လူသားတွေဟာ ဆိုင်တွေ၊ ကုမ္ပဏီတွေကိုကိုယ်တိုင်မသွားတော့ပဲ အင်တာနက်ကနေတစ်ဆင့် ဝန်ဆောင်မှုတွေကိုရှာဖွေနေပြီပဲဖြစ်ပါတယ်။ 💻
Digital Marketing တိုးတက်လာခြင်းဟာ နည်းပညာဖွံ့ဖြိုးမှုကြောင့်လို့ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။
ဒီလိုတိုးတက်လာမှုဟာ 1971 ခုနှစ် Ray Tomlinson ဆိုသူရဲ့ email တီထွင်မှုကနေ စတင်ခဲ့တာဖြစ်ပါတယ်။ သူဟာ မတူညီတဲ့စက်ကိရိယာတွေကနေတစ်ဆင့် ဖိုင်တွေကိုပို့တာ၊ လက်ခံတာတွေပြုလုပ်နိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။ 📧
1999 ဝန်းကျင်မှာတော့ "Digital Marketing" ဆိုတဲ့ အခေါ်အဝေါ် စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
2000 ခုနှစ်များမှာတော့ အင်တာနက်အသုံးပြုသူဦးရေတိုးများလာပြီး I Phone စတင်ပေါ်ပေါက်လာပါတယ်။📱
လူတွေဟာ သူတို့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့နဲ့ ကုန်ပစ္စည်းတွေရှာဖွေဖို့အတွက်ကို ပြင်ပပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့်အစား အွန်လိုင်းပေါ်မှာပဲ အရင်ဆုံးရှာဖွေလာတတ်ကြပါတယ်။🔍
Digital Marketing ဟာ 2000 ခုနှစ်နဲ့ 2010 ခုနှစ်တွေမှာ ပိုပြီးခေတ်မီလာပါတယ်။
2000 ခုနှစ်မှာဆိုရင် လူမှုကွန်ရက်မီဒီယာတွေဖြစ်တဲ့ Facebook, Twitter, LinkedIn နဲ့ YouTube စတာတွေကိုအသုံးများလာပြီး သုံးစွဲသူတွေဟာ ဒီဂျစ်တယ်နည်းပညာကို ပိုပြီးတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါတယ်။🖥
သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူရှာဖွေနိုင်ဖို့အတွက် အွန်လိုင်းကိုပိုပြီး အားထားလာကြပါတယ်။ သုံးစွဲသူတွေရဲ့ပြောင်းလဲမှုကြောင့် ဈေးကွက်ဆိုင်ရာနည်းပညာတွေဟာလည်း ပြောင်းလဲတိုးတက်လာတာဖြစ်ပါတယ်။💡
အခုဆိုရင် စီးပွားရေးလုပ်ငန်းတွေဟာ အသက်အရွယ်အပိုင်းအခြား၊ နေရာဒေသ၊ကျားမအမျိုးအစားနဲ့ စိတ်တင်စားမှု စတာတွေကို ရွေးချယ်စိစစ်နိုင်ဖို့အတွက် လူမှုကွန်ရက်တွေကို အသုံးပြုလာကြပြီဖြစ်ပါတယ်။🌐
ဒီလိုပြုလုပ်ခြင်းဟာ customer တစ်ယောက်စီတိုင်းက သူတို့ရဲ့ လိုအပ်တာတွေ၊ စိတ်ဝင်စားတာတွေကို အချိန်တိုအတွင်းမှာ ရှာဖွေနိုင်သလို စီးပွားရေးရှင်တွေကလည်း စားသုံးသူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး ၎င်းတို့ရဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဟာလည်း ဈေးကွက်မှာပိုမိုလူသိများလာကာ အကျိုးအမြတ်များရရှိနိုင်မှာဖြစ်ပါတယ်။🌟
ဒါကတော့ တဖြည်းဖြည်းတိုးတက်လာတဲ့ Digital Marketing တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။
ထာဝရ
Reference - https://en.m.wikipedia.org/wiki/Digital_marketing
Comments
Post a Comment