သင် Facebook Algorithm အကြောင်းဘယ်လောက် သိသလဲ .. 🧐

တခါတလေ တွေးမိကြမှာပါ။ “ငါ ဒီ Video တွေ ကြိုက်မှန်း Facebook က ဘယ်လို သိတာလဲ။ Newsfeed မှာ ဒီလို Post တွေကို တော်တော်များများ မြင်ရတယ်။ နောက်ပြီး လူတွေကြားထဲမှာ ခေတ်စားနေတဲ့ အကြောင်းအရာတွေဆိုလည်း ငါ့ဆီမှာ လာပေါ်တယ်။” စသဖြင့် တခါလောက်တော့ တွေးဖူးကြမယ်ထင်ပါတယ်။ 🧐

တကယ်တော့ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာက Facebook Algorithm ပါ။ ⚙️

Facebook Algorithm က အလွယ်ပြောမယ်ဆိုရင် ကျွန်မတို့ရဲ့ Newsfeed မှာ ဘယ်လို Post တွေကို၊ ဘယ်လို အစဉ်အလိုက် မြင်ရမလဲဆိုတာ ထိန်းချုပ်ပါတယ်။ 😯

💢ဒါကြောင့် Facebook ကို Marketing Platform အနေနဲ့ သုံးချင်တယ်ဆိုရင် Facebook Algorithm ကို လုံးဝနားလည်းထားသင့်ပါတယ်။

ဒီလို နားလည်ထားမှသာ ကိုယ့် Brand page ကို ထိရောက်စွာ လည်ပတ်နိုင်ပြီးတော့ ပိုများတဲ့ Facebook User တွေဆီကို မိမိ Post ရောက်အောင် ပို့နိုင်မှာဖြစ်လို့ပါ။

ဒါကြောင့် ဒီနေ့မှာ Facebook Algorithm အကြောင်းကို အပိုင်း (4) ပိုင်းခွဲပြီး ရှယ်လုပ်ပေးချင်ပါတယ်။ 🙌🏻

⚙️ အရင်ဆုံး Facebook Algorithm ဆိုတာဘာလဲ ... 🤨

Facebook Algorithm ဆိုတာ အပေါ်မှာ ပြောသလို Facebook လည်ပတ်ပုံကို အဓိက ထိန်းချုပ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

ကျွန်မတို့ Facebook ဖွင့်ပြီဆိုရင် Newsfeed မှာ မြင်ရတဲ့ Post တွေက တကယ်တော့ Facebook Algorithm က သေချာစီစစ်ပြီး ရွေးထားတဲ့ Post တွေဖြစ်ပါတယ်။

အပေါ်ဆုံးမှာဆို ကျွန်မတို့ စိတ်အဝင်စားဆုံး၊ လူတွေကြားထဲမှာ ပြောအများဆုံး၊ Engagement အများဆုံး Post တွေကို တွေ့ရပြီးတော့ အောက်ရောက်လေလေ တဖြည်းဖြည်း သိပ်စိတ်မဝင်စားဖို့မကောင်းတဲ့ Post တွေကို တွေ့ရမှာဖြစ်ပါတယ်။ 🤔

ဒီလို Post တွေကို အစဉ်အလိုက် စီတဲ့နေရာမှာလည်း ဒီတိုင်း ရောက်တက်ရာရာ ညွှန်းပေးတာမဟုတ်ပါဘူး။

Post တစ်ခုကို Facebook Algorithm က Ranking Factors လို့ ခေါ်တဲ့ အချက်(4) ချက်ကိုအခြေခံပြီး ကြည့်ပါတယ်။

1. Inventory 📦

Inventory မှာ Facebook User ကိုပြလို့ရမဲ့ Post တွေအားလုံးပါပါတယ်။

Facebook User ရဲ့ Account ထဲက သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ တင်တဲ့ Post တွေ ၊ ဒီ User Type ကို Target Audience ထဲမှာထည့်ထားတဲ့ ပြင်ပ Publisher(Media, Business, Brand, etc.) တွေဆီက Post တွေ၊ ဒါတွေအားလုံးကို Facebook Algorithm က စုလိုက်ပါတယ်။

ဒီထဲကနေမှ User တွေရဲ့ မိတ်တွေ၊ မိသားစုဝင်တွေတင်တဲ့ Post ကို ဦးစားပေးပြီး ပြပါတယ်။ ဒါပေမဲ့ Post ကို ရွေးတဲ့အခါ ဒီတစ်ချက်ကိုပဲ ကြည့်တာမဟုတ်ပါဘူး။

2. Signals 📛

Signals ပိုင်းမှာဆိုရင် စုထားတဲ့ Post တစ်ခုချင်းစီရဲ့ Engagement (သို့) Interaction (Likes, Reactions, Shares, Comment Replies, Shares within Messenger) တွေ၊ ဒီ Post တင်တဲ့ Publisher အကြောင်း(Publisher က ယုံကြည်စိတ်ချရလား၊ ပြည့်စုံလား၊ သတင်းအမှားတွေ ဖြန့်တဲ့ Source ဟုတ်မဟုတ်)၊ Post ရဲ့ Content Type( Photo, Video, Link Post, Status) စတာတွေကို ယှဉ်ပါတယ်။

အပေါ်က ဥပမာကို ပြန်ကောက်ပြီး ပြောမယ်ဆိုရင် မိတ်ဆွေရဲ့ Post တွေထဲမှာမှ Engagement များတဲ့၊ သတင်းအမှန်ပါဝင်တဲ့ Post ကို Facebook Algorithm က ပိုဦးစားပေးပြီး ပြပေးပါတယ်။ 🙋🏻‍♀️

နောက်ပြီး ပြင်ပ Publisher Post တွေထဲမှာဆိုလည်း Engagement များတဲ့ Post ဖြစ်ပြီး Publisher ကလည်း ယုံကြည်စိတ်ချရတယ် ဆိုရင် Newsfeed အပေါ်ပိုင်းကို ပိုတင်ပေးပါတယ်။

3. Predictions 🔍

Post တွေကို သူ့ Signals တွေအလိုက် ယှဉ်ကြည်ပြီးပြီဆိုရင် Facebook Alogirithm က User တွေအကြောင်းကို ပြန်လေ့လာပါတယ်။ 🔍

ပုံမှန်ဆိုရင် User ဘယ်လို အကြောင်းအရာတွေကို စိတ်ဝင်စားလဲ၊ ဘယ်လို Content တွေကို Share လေ့ရှိလဲဆိုတာပေါ်မူတည်ပြီး User စိတ်ဝင်စားလောက်တဲ့ Post တွေကို Newsfeed မှာ အရင်ဆုံး ညွှန်းပါတယ်။

ခုနကလို ဥပမာမှာဆိုရင်လည်း မိတ်ဆွေနှစ်ယောက်တင်ထားတဲ့ Post ရှိတယ်။ Engagement လဲတူတူပဲ ၊ နှစ်ယောက်လုံးက User နဲ့ မကြာခဏဆက်သွယ်တဲ့ ဆက်ဆံရေးလဲဖြစ်တယ်ဆိုရင် User သဘောကျလောက်တဲ့ အကြောင်းအရာနဲ့ အနီးစပ်ဆုံး Post က Newsfeed ရဲ့ အပေါ်ပိုင်းမှာ နေရာပိုယူနိုင်ပါလိမ့်မယ်။

ပြင်ပ Publisher ရဲ့ Post တွေမှာလည်း ထိုနည်းတူပါပဲ။ User စိတ်ဝင်စားနိုင်တဲ့ Content တွေ၊ Topic တွေပါတဲ့ post က ပိုပြီးဦးစားပေးခံရမှာပါ။😯

4. Score 💯

အထက်ပါအချက်တွေ အားလုံးကို ခြုံကြည့်ပြီးရင်တော့ နောက်ဆုံးမှာ Facebook Algorithm က Post တစ်ခုချင်းစီကို အမှတ်ပေးပါတယ်။

အမှတ်အများဆုံး Post ကို Newsfeed ရဲ့ အပေါ်ပိုင်းမှာထားပြီး တဖြည်းဖြည်းနဲ့ အမှတ်နည်းတဲ့ Post တွေကို ညွှန်းပေးသွားပါတယ်။ 🧐

---

📆Facebook နှင့် 2017-18

2017-18 ဟာ Facebook အတွက် ပြောစမှတ်ပြုရတဲ့နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်။ Data ပေါက်ကြားမှု၊ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းဆိုးတွေကြောင့် ကုမ္ပဏီရဲ့ ပုံရိပ်ထိခိုက်ခဲ့ပါတယ်။

ဒါ့အပြင် Facebook User တွေဘက်ကလည်း Newsfeed မှာ ကိုယ့်ရဲ့ မိသားစု၊မိတ်ဆွေရဲ့ Post တွေအစား Public Post (Media, Brand, Business Post) တွေကို Newsfeed မှာ ပိုမြင်နေရတဲ့အတွက် တိုင်တန်းတာတွေ ပြုလုပ်ခဲ့တဲ့အတွက် တကယ်ကို ပင်ပန်းတဲ့ နှစ်လို့ပြောလို့ရပါတယ်။ 🤦🏻‍♂️

Facebook Alogrithm နဲ့ ပတ်သက်ပြီး User တွေရဲ့ Complaint တွေကို ဖြေရှင်းတဲ့အနေနဲ့ 2018 ခုနှစ်မှာ Mark Zuckerberg အနေနဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

Facebook ရဲ့ ဆောင်ပုဒ်က User တွေအချင်းချင်း ပိုဆက်သွယ်နိုင်ဖို့ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ပြင်ပ Publisher တင်တဲ့ Post တွေအစား User တွေတကယ်စိတ်ဝင်စားမဲ့ အကြောင်းအရာတွေကို ပိုဦးစားပေးမှာဖြစ်တဲ့အကြောင်း၊

Facebook အသုံးပြုချိန်ကို ကြာရှည်အောင် ဆွဲဆန့်တာထက် သုံးနေတုန်း ပိုအကျိုးရှိတယ်လို့ ခံစားရအောင် ကြိုးစားမယ်ဆိုတဲ့အကြောင်း၊

ပြင်ပ Publisher တွေဆီက Post တွေ ပြပေးတဲ့အခါလည်း User တွေအတွက် တကယ်အသုံးကျပြီး စိတ်ဝင်စားမဲ့ Content မျိုးဖြစ်စေပါမယ် ဆိုပြီး 2018 နှစ်စမှာ ကြေညာခဲ့ပါတယ်။

💢Facebook Algorithm အပြောင်းအလဲများ

ကြေညာချက်နဲ့အတူ Facebook Algorithm ကိုလည်း အောက်ပါအတိုင်း Update လုပ်လိုက်ပါတယ်။

✔️Conversation 🗣

Update လုပ်လိုက်တဲ့ Facebook ALgorithm ရဲ့ အကြိုက်ဆုံး Post အမျိုးအစားကတော့ User တွေကြား စကားဝိုင်းတွေဖန်တီးပေးနိုင်တဲ့ Post တွေဖြစ်ပါတယ်။

စကားဝိုင်းတွေ ဖြစ်လာစေတဲ့ Post ဆိုတာဘာကိုပြောတာလဲ ... 👀

Engagement ဖြစ်တဲ့ Like, Shares, Comments, Reactions တွေအများကြီးရှိတဲ့ Post ကို ဆိုလိုတာပါ။

Post တစ်ခုမှာ Comment တွေ အများကြီး လာပေးပြီ User တွေအများကြီး Share ပြီဆိုထဲက ဒီ post နဲ့ ပတ်သက်ပြီး User တွေကြားထဲမှာ စကားဝိုင်းတွေ စတင်နေပြီလို့ Facebook Algorithm က မှတ်ယူပါတယ်။ 👥

ဒီလို Post မျိုးကို Facebook က အရမ်းသဘောကျပြီး Newsfeed ရဲ့ အပေါ်ပိုင်းရောက်အောင် Promote လုပ်ပေးပါတယ်။

✔️Quality over Quantity

Facebook ရဲ့ အရင်ပုံစံက User တွေကို အကြာကြီး Social Media သုံးစေချင်ပြီးတော့ Ranking Factor တွေမှာဆိုရင်လည်း Post တစ်ခုကို Click ဘယ်လောက်နှိပ်လဲ၊ ဒီ Post မှာ အချိန်ဘယ်လောက်ကြာအောင်နေလဲ စတဲ့အရာတွေကို အခြေခံပြီး Newsfeed ကို ထိန်းချုပ်ခဲ့တာပါ။ 👍🏻

ဒါပေမဲ့ နောက်ပိုင်းမှာ ဒီလိုလုပ်တာက နည်းလမ်းမကျတဲ့အပြင် User တွေလည်း သဘောမကျတဲ့အတွက် ပြင်ဆင်လိုက်ပါတယ်။

အခုနောက်ပိုင်းမှာတော့ Facebook ဘယ်လောက် ကြာကြာသုံးလဲဆိုတာထက် Facebook သုံးနေစဉ်အတွင်း ကောင်းမွန်ပြီး မှန်ကန်တဲ့ Content တွေကို ပေးစွမ်းနိုင်ဖို့ကို Facebook Team က အဓိကထား လုပ်ဆောင်လာပါပြီ။

Users တွေလိုချင်တာဘာလဲ၊ ဘာတွေ စိတ်ဝင်စားလဲ၊ Post တွေထဲမှာလည်း တကယ်ကို‌ ဗဟုသုတ ရနိုင်ပြီး အသုံးကျတဲ့ အကြောင်းအရာတွေကို ပိုဦးစားပေးလာတာဖြစ်ပါတယ်။ 🙌🏻

✔️Let Facebook Users Decide 👥

အခုဆိုရင် ကျွန်မတို့ရဲ့ Facebook Newsfeed ကို Facebook Algorithm တစ်ခုထဲကပဲ ထိန်းချုပ်နေတာမဟုတ်တော့ပါဘူး။

Facebook User တွေဖြစ်တဲ့ ကျွန်မတို့ ကိုယ်တိုင်လဲ ကိုယ့် Newsfeed ကို ထိန်းချုပ်လို့ရလာပါပြီ။ 🥳

ဒါကြောင့် See first, Hide, Unfollow, Hide this ad, Save Post စတဲ့ Feature တွေကို မိတ်ဆက်ပေး‌ပြီး User တွေကို သူတို့ Newsfeed ကို ကိုယ်တိုင် Control လုပ်ခွင့်ပေးလာပါတယ်။

✔️Live Videos 📱

Facebook Team ရဲ့ ပြောစကားအရ Live Video တွေက Recorded Video တွေထက် ၆ ဆ ပိုပြီး Engagement ရနိင်ပါတယ်။ 😯

Facebook Live ကိုက User တွေကို အချိန်နဲ့ တပြေးညီ ဆက်သွယ်နိုင်တဲ့အတွက် ပိုပြီး တက်ကြွတဲ့ စကားဝိုင်းတွေကို ဖန်တီးပေးနိုင်တယ်လို့ Facebook Algorithm က နားလည်ထားပါတယ်။

ဒါကြောင့် ကျွန်မတို့ Facebook Newsfeed ရဲ့ ထိပ်ဆုံးမှာ တခါတလေ Live Video တွေကို အရင်ဆုံးတွေ့ရတာဖြစ်ပါတယ်။ 📱

✔️Demote Engagement Baiting 🤜🏻

Facebook Alogorithm အနေနဲ့ တားမြစ်သွားမဲ့ Post တွေကတော့ အလွန်အကျွံ Promotion လုပ်တဲ့ Post တွေ၊ သတင်းအမှားတွေ တင်တဲ့ Publisher ရဲ့ Post တွေ၊ ထပ်ခါထပ်ခါတင်တဲ့ Post တွေ၊ Engagement Baiting လုပ်တဲ့ Post တွေ စတဲ့ Post တွေကို ခွင့်မပြုပါဘူး။

ဒါကြောင့် နောက်ပိုင်းမှာ ဒီလို Post တွေ တွေရင် Facebook Algorithm အတတ်နိုင်ဆုံး ဖြုတ်ချသွားမှာဖြစ်ပါတယ်။ 😎

ဒီလို Facebook Algorithm အလုပ်လုပ်ပုံကို နားလည်တဲ့အခါ လုပ်သင့်တဲ့အရာ၊ မလုပ်သင့်တဲ့အရာတွေကို ကွဲကွဲပြားပြားပြားသိနိုင်ပါတယ်။

ဒီလိုသိတဲ့အခါ သင့်ရဲ့ Facebook page ကို ထိရောက်စွာ ကိုယ်တွယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 🥳

Written by
Ei Myatnoe Aung

References
https://blog.useproof.com/facebook-algorithm
https://tinuiti.com/blog/paid-social/facebook-algorithm/
https://about.fb.com/…/news-feed-fyi-bringing-people-close…/

Image may contain: text that says 'What you should know about FACEBOOK ALGORITHM By Beatrix'

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱