Facebook Stories ၊ Instagram Stories တွေနဲ့ ဘယ်လို Marketing ဆင်းမလဲ ... 😎

🤩 Easy to follow Ideas for Facebook Stories, Instagram Stories!

ဒီနေ့မှာတော့ Social Media Marketing ရဲ့ Tool ဖြစ်တဲ့ “Stories” အကြောင်း ရှယ်ပေးချင်ပါတယ်။ Stories Feature ကို Facebook, Instagram, YouTube, Snapchat စတဲ့ Platform တွေမှာ အခုဆို အသုံးပြုနေနိုင်ပါပြီ။ လုပ်ငန်းတွေရော၊ Influencer တွေ အားလုံးရဲ့ လက်စွဲလို့ပြောရင်တောင် မှားမယ်မထင်ပါဘူး။

❗️🥳ဒါကြောင့် ဒီနေ့မှာ ဘာကြောင့် Stories ကို Marketing အတွက် ဘယ်လိုသုံးလဲဆိုတာရယ်၊ လိုက်လုပ်ရလွယ်ကူတဲ့ Stories Ideas လေးတွေလည်း Share လုပ်ပေးချင်ပါတယ်။ 🏃‍♀️

💯အရင်ဆုံး Stories Feature က Marketing အတွက် ဘယ်လို အသုံးဝင်လဲ?

✔️Flexible and Fun Marketing

ပုံမှန် Newsfeed မှာ Content တင်ပြီဆိုရင် တော်တော်စဉ်းစားရပါတယ်။ Design စဉ်းစားရ၊ ထည့်မဲ့ အကြောင်းအရာတွေ တိုင်ပင်ရနဲ့ Audience တွေ ကြည့်ရင် WOW ခနဲဖြစ်သွားချင်တဲ့အတွက် အချိန်အများကြီးပေးရပါတယ်။

Stories မှာတင်မဲ့ Content ပိုင်းကို စဉ်းစားတဲ့အခါ နဲနဲပိုပြီး Easygoing ဖြစ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ Stories မှာတင်ရင် WOW ဆိုတာမျိုး ဖြစ်စေချင်တာလည်းရှိပေမဲ့ အဓိကက Customer နဲ့ Engaged ဖြစ်နေအောင် လုပ်တဲ့နေရာမှာ ပိုသုံးပါတယ်။ ပေးထားတဲ့ Features တွေ(AR FIilter, Sticker, Superzoom, Boomerang, etc.) ကို အသုံးပြုပြီး Fun and Creative Content လေးတွေကို အချိန်တိုအတွင်းမှာ ဖန်တီးနိုင်တဲ့အတွက် အချိန်ရော၊လူရောသက်သာပြီး Return လည်း ပြန်ရပါတယ်။

✔️Show your Personality

Stories ရဲ့နောက်အားသာချက်တစ်ခုက ကိုယ့်Organisation ရဲ့ Culture ကို ပြလို့ရတာပါ။ Newsfeed မှာရော Personality ကို ထင်ဟပ်စေနိုင်တဲ့ Post တွေ တင်လို့မရဘူးလားဆိုရင် ရပါတယ်။ ဒါပေမဲ့ Newsfeed မှကျတော့ Product နဲ့ ဆိုင်တဲ့ ၊ Customer နဲ့ ဆိုင်တဲ့ Content တွေကို အဓိကတင်တာများပါတယ်။

ဒီလို personality ကို ပြတာက ဘာလို့ လိုတာလဲဆိုတော့ ပုံမှန်ဆို Audience တွေဘက်ကကြည့်ရင် ကုမ္ပဏီတွေနဲ့ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေနဲ့ တွဲမမြင်တတ်ကြပါဘူး။ လုပ်ငန်းတစ်ခုလို့ပဲ မြင်ကြတာများတယ်ပေါ့နော်။ ပြောရရင် နည်းနည်းပျင်းဖို့ကောင်းတဲ့ ခံစားချက်မျိုးရှိတတ်ကြပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ Stories တွေသုံးပြီး မိမိကုမ္ပဏီရဲ့ Personality ပေါ်စေတဲ့ Content လေးတွေကို ပေါ့ပေါ့ပါးပါးတင်ပေးကြည့်ပါ။ ဒီလို Stories လေးတွေက Customer ဘက်ကကြည့်မယ်ဆိုရင် အဲ့ဒီလုပ်ငန်းကို ပိုခင်မင်ဖို့ကောင်းတာပဲဆိုတဲ့ Mindset မျိုးလဲ ဖန်တီးပေးနိုင်ပါတယ်။

✔️Target Audience

တကယ်ဆို Customer တွေက ကိုယ့်ရဲ့ Social Media ကို Follow လုပ်ထားတယ်ဆိုတိုင်း ကိုယ့် လုပ်ငန်းအပေါ် စိတ်ဝင်စားတယ်လို့ တရားသေမှတ်လို့မရပါဘူး။ Audience နဲ့ ကိုယ့်ကြားက Engagement မြဲနေဖို့ဆိုတာ ဆက်တိုက်ကြိုးစားရတဲ့ အပိုင်းတစ်ခုပါ။

ဒီလို Engagement ကိုရယူတဲ့အခါ Stories တွေ သုံးသင့်ပါတယ်။ Engagement ဆိုတာ ပုံမှန်လေး ရေရှည်လုပ်ရတဲ့ အရာဖြစ်တဲ့အတွက် Stories လို ခက်ခက်ခဲခဲ အချိန်မပေး၇ဘဲ ကိုယ့် Audience တွေနဲ့ ပုံမှန်လေး ဆက်သွယ်နိုင်ပါတယ်။

🥳👉Easy to Follow Ideas (Using Stories)

💢Managing Stories with Highlights

Instagram နဲ့ Facebook မှာ Highlights ကို 2017 ဒီဇင်ဘာလမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ စစသုံးချင်းမှာပဲ သုံးစွဲသူတွေရဲ့ အားပေးမှုကိုလည်း တစ်ခဲနက် ရခဲ့တဲ့ Feature တစ်ခုဖြစ်ပါတယ်။
ဒီ Feature ကို Marketing အတွက် ဘယ်လို သုံးမလဲဆိုရင်တော့ Customer တွေ သိချင်လေ့ရှိတဲ့အရာတွေကို Stories မှာ တင်ပေးပြီး Highlight Stories အနေနဲ့ Save ပေးလို့ရပါတယ်။ ဥပမာ - FAQ တို့၊ Size တို့၊ Color တို့ စတာတွေကို Highlight တစ်ခုချင်းစီမှာ ထည့်ထားလို့ရပါတယ်။ နောက်ပိုင်း Audience အသစ်တွေလာရင်လည်း လိုအပ်တဲ့ Information တွေကို Highlights ကနေ ကြည့်နိုင်တဲ့အတွက် ပိုအဆင်ပြေသွားနိုင်ပါတယ်။

နောက်ပြီး ဒီလို Highlights တွေနဲ့ သေချာ Manage လုပ်ထားရင် Audience ဘက်က ပိုပြီးစိတ်ဝင်စားပါတယ်။ First Impression မဆိုးဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

💢Sharing About your Company

Stories လေးတွေကတဆင့် ကိုယ့်ရဲ့ ကုမ္ပဏီအကြောင်းလေးတွေ မိတ်ဆက်ပေးကြည့်ပါ။ ပုံမှန် သိပ်မတွေ့ရတတ်တဲ့ ဒီလို Content လေးတွေက စိတ်ဝင်စားဖို့ကောင်းနိုင်ပြိး Audience တွေကို ရသတစ်မျိုး ပေးနိုင်ပါတယ်။ ဒီလို ကုမ္ပဏီအထဲကို မြင်ရတဲ့အခါ Audience တွေအတွက်ညလ်း ပိုရင်းနှီးတဲ့ခံစားချက်ရစေတာပေါ့။

လိုက်လုပ်ရလွယ်ကူတဲ့ Ideas တွေကတော့
1) Office Sharing/Factory Tour
2) Behind-the-scenes
3) Unboxing Video by our employees
4) Story Takeover
5) Asking Same quiz for customers to employees

💢 Series by day, week, time
အခုနောက်ပိုင်းမှာ Friday Fun day, Monday Work day လိုမျိုး Series လိုက်လေးနဲ့ Content လေးတွေ တင်ပေးတာကလည်း Trend တစ်ခုဖြစ်လာပါတယ်။ Monday ဆိုရင် အလုပ်သွားရတော့မယ်၊ Friday ဆိုရင် အလုပ်ပြီးပြီ ကဲကြမယ် ဒီလို Stories လေးတွေက Customer တော်တော်များများရဲ့ Feeling နဲ့ တိုက်ဆိုင်တဲ့အခါ Engagement ပိုတက်လာနိုင်ပါတယ်။

1) Weekly Series
2) Monday, Tuesday, Wednesday, etc. - What our employees are doing
3) 8 Hours - Office Work
4) How long products take to manufacture? Sneak Peak!
5) Relay Camera - 24 Hours Race
6) Relay Camera - 7 days(A week Race)
7) TuesdayTip, Monday Plans, Wednesday Thoughts, Saturday Vibes

💢Let Customers Participate
ပုံမှန် Newsfeed မှာ မတင်ဖြစ်ဘူးဆိုရင်တောင် အချိန်ပေးပြီး Stories တွေကနေတဆင့် Built-in Function လေးတွေသုံးပြီး Audience တွေနဲ့ ချိတ်ဆက်ပါ။ ဒီလိုStories တွေ ဖန်တီးတဲ့အခါ Audience တွေကို မိမိရဲ့ Stories တွေမှာ ကိုယ်တိုင်ပါဝင်လာအောင် လှုံ့ဆော်ပေးပါ။

ဘယ်လိုနည်းလမ်းတွေ သုံးလို့ရလဲဆိုရင်တော့
Poll
Quiz - This or That, Bingo, Things that I hate/like/enjoy doing
Questionnaires
Top 5 Favourite Items/Products/Destination, etc.
Contest
Giveaway
What is your weather there?
Share your outfits/Favourite books/ - Earn Discount!


💢Call to Action (CTA)

Swipe, click for more Details စတဲ့ Click to Action(CTA) ကလည်း Stories တွေမှာ သုံးလို့အရမ်းကောင်းတဲ့ Feature တစ်ခုဖြစ်ပါတယ်။ Customer တွေက Stories ကိုကြည်ပြီး Product တွေကို ကြည့်ချင်တယ်ဆိုရင် ချက်ချင်း ကိုယ့်ရဲ့ Website (သို့) Product တွေဆီကို ခေါ်သွားပေးမဲ့ Feature တစ်ခုဖြစ်ပါတယ်။

1) FOMO(Fear of Missing out)

FOMO(Fear of Missing out) ကိုလည်း CTA Feature နဲ့ တွဲသုံးကြပါတယ်။ FOMO စကားလုံးတွေဖြစ်တဲ့ Don’t Miss out, Today Only, One day Only, Limited Offer, Last Chance, Clearance Sale, Now or Never, Offer Expires on စတာတွေကို တွေ့တဲ့အခါ အခုဝယ်မှ၊ အခုကြည့်မှ၊ အခုbooking တင်မှဆိုတဲ့စိတ်မျိုး လှုံ့ဆော်ပေးပါတယ်။ ဒီလို Customer ရဲ့ စိတ်ဝင်စားမှုအမြင့်ဆုံးရှိတဲ့အချိန်မှာ CTA နဲ့ တွဲပေးလိုက်တဲ့အခါ Customer တွေအနေနဲ့ မြန်မြန် ဝင်ကြည့်နိုင်ပြီး ကိုယ့်အနေနဲ့လည်း ပိုရောင်းရနိုင်ပါတယ်။

2) UGC(User-Generated-Content)
UGC ကတော့ မိမိကုမ္ပဏီရဲ့ Product တွေ၊ Service တွေကို Customer တွေ အသုံးပြုပြီး တင်ထားတဲ့ Content တွေကို ခေါ်တာဖြစ်ပါတယ်။ ဒီနေရာမှာ ကုမ္ပဏီတွေအနေနဲ့ ဘယ်လိုလုပ်လေ့ရှိလဲဆိုရင် UGC ကို CTA နဲ့ တွဲပြီး Stories မှာတွဲတင်ကြပါတယ်။ “ကျွန်မတို့ Product တွေကို သူတို့ကတော့ ဒီလို သုံးနေပြီ။ အားလုံးပဲ သူတို့လိုမျိုးဝယ်ယူချင်တယ်ဆိုရင် Click for for details!” လို့လှမ်းပြောတဲ့ ပုံစံလေးပေါ့လေ။

💢Offer Freebies

Free Resource လေးတွေကို Stories တွေကနေတဆင့် Audience တွေကို ပေးကြည့်ပါ။ ဥပမာ - Cosmetics ကုမ္ပဏီဆိုရင် Skin Shade ဘယ်လို ခွဲမလဲ Share ပေးတာမျိုး၊ Clothing Line ဆိုရင် Pattern လေးတွေအကြောင်း Sharing လုပ်ပေးတာမျိုး၊ Food and Bakery ဆိုရင် အကောင်းဆုံး Food Channel တွေအကြောင်း မိတ်ဆက်ပေးတာမျိုး၊ Ingredients တွေ Give Away ပေးတာမျိုး စတာတွေက Audience တွေကို မိမိ Social Media မှာ ခဏလာနားဖို့ ဆွဲဆောင်နိုင်ပါတယ်။

Wallpapers
Tips for Choosing Products
GIF
Free Templates

အပေါ်မှာပြောသွားတဲ့ Idea တွေက Stories တွင်မှာတင်မကပဲ အခြား Channel တွေအတွက်ပါ အသုံးဝင်ပါတယ်။ Stories တွေမှာ ပိုအသုံးများတဲ့အတွက် Stories Tips လို့ပြောခြင်းဖြစ်ပါတယ်နော်။
တကယ်လို့ အခြား Content တွေမှာလည်း ဒီလို Idea တွေကို အသုံးချချင်ရင်လည်း Feel Free to do so ပါ!

Written By
Ei Myatnoe Aung

References
https://adespresso.com/blog/instagram-stories-examples/
https://theboostapps.com/50-engaging-instagram-story-ideas…/


Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱