Franchising နှင့် ပတ်သက်သည့် သိကောင်းစရာများ ... 🙌🏻
နိုင်ငံတကာကုန်သွယ်မှု တွေဖြစ်ထွန်းလာတဋနဲ့ အမျှ မြန်မာနိုင်ငံမှာလဲ Franchise လုပ်ငန်းနယ်ပယ်ဟာ ပိုပိုပြီး တိုးတက်လာတော့မှာပါ။ 💎
ဒီကနေ့မှာ Franchising ဆိုတာ ဘာလဲ၊ franchise ယူခြင်းနဲ့ပတ်သက်ပြီး အားသာချက်များနဲ့ အားည်းချက်များကို ဝေမျှပေးသွားချင်ပါတယ်✍️
💢အရင်ဆုံး Franchsing ဆိုတာဘာလဲ ...
Franchising ဆိုသည်မှာ လုပ်ငန်းတစ်ခုက မိမိလုပ်ငန်းရဲ့ လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင် ကို အခြားသူတစ်ဦး သို့မဟုတ် လုပ်ငန်းတစ်ခုကို တရားဝင်ခွင့်ပြုချက်ပေးထားခြင်းဖြစ်ပါတယ်။ 🤝
လုပ်ငန်းပိုင်ရှင်က ယင်းလုပ်ငန်း ကုန်တံဆိပ်အမည်၊ ကုန်အမှတ်တံဆိပ်၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု လုပ်ပိုင်ခွင့်ကို သဘောတူစာချုပ်နဲ့ တရားဝင် လွှဲပြောင်း ပေးရခြင်းပါ။
❗️Franchise လုပ်ခွင့်ပေးတဲ့ မူရင်းလုပ်ငန်းကို Franchisor လို့ခေါ်ပြီး၊
Franchise ယူတဲ့ လုပ်ငန်းကို Franchisee လို့ခေါ်ပါတယ်။
အပြန်အလှန် အနေနဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ရသူက ကော်မမရှင် ခ သို့မဟုတ် တစ်ကြိမ်တည်းပေးသွင်းရတဲ့ ကြေးနဲ့ ဝင်ငွေ ရဲ့ ဝေစု အချို့ ကို ပေးအပ်ရခြင်းဖြစ်ပါတယ်။ 💸
ဥပမာ- မြန်မာပြည်မှာ franchise ယူထားတဲ့ နိုင်ငံတကာ brand ထဲကဆို KFC၊ Pizza Hut၊ Coffee Bean & Tea Leaf ၊ အာရှ brand မှာဆို Swensen's၊ Marry Brown၊ Manhattan Fish Market၊ Bread Talk၊ Gong Cha စသဖြင့်။🌐
✔️Franchising ပေးတဲ့ လုပ်ငန်းရဲ့ ကောင်းကွက်တွေက လုပ်ငန်း လုပ်ပိုင်ခွင့်ရတဲ့သူကစရိတ်စက အကုန်ကျခံရမှာဖြစ်တဲ့အတွက် မိမိလုပ်ငန်းချဲ့ထွင်ဖို့ အပို အသုံးစရိတ် အများကြီးအကုန်ကျခံစရာမလိုပါဖူး။
✔️ဆိုင်ခွဲတွေများလာတဲ့အတွက် Brand Name တစ်ခုတည်ဆောက်ဖို့အတွက်လည်းကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။
✔️ တစ်ဖက် Franchise ယူတဲ့ လုပ်ငန်းရဲ့ ကောင်းကွက် က အောင်မြင်ပြီးသားလုပ်ငန်းတစ်ခုအပေါ်အခြေခံထားတဲ့ အတွက် အောင်မြင်မှုကို ခန့်မှန်းရနိုင်မှာဖြစ်သလို လုပ်ငန်းကျရှုံးမယ့်အန္တရယ်ကို လည်း လျော့ချနိုင်မှာ ဖြစ်ပြီး လုပ်ငန်းအတွက်လိုအပ်တဲ့ အကူအညီနဲ့ လေ့ကျင့်မှုအတွက်လည်း ငွေ ပိုကုန်ခံစရာမလိုတော့ပါဖူး။
❗️ဟာကွက်ကတော့ အကယ်ရျ် franchise ယူသူက မူလနမူနာ အရည်အသွေး နဲ့ ဝန်ဆောင်မှုကို မထန်းသိန်းနိုင် ရင် မိမိ brand ကို ထိခိုက်စေပါတယ်။
❗️တစ်ဖက် franchise ယူတဲ့ဘက်ကလဲ မူဝါဒများကို အမြဲတမ်းလိုက်နာနေရမှာဖြစ်ပြီး သင့်အမြတ်အစွန်းကို franchise ပေးတဲ့ နဂိုလုပ်ငန်းနဲ့ အမြဲမျှဝေရမှာ ဖြစ်ပါတယ်။
👇🏻အောက်မှာတော့ မြန်မာအတွင်းမှာရှိတဲ့ franchising opportunities သုံးခုကိုမိတ်ဆက်ထားပေးပါတယ်။
သူတိူ့ကတော့ Grab & Go၊ City Express and CP Five Starတို့ပဲ ဖြစ်ပါတယ်။ 🙌🏻
ပထမနှစ်ခုကတော့ convenience storeတွေဖြစ်ပြီး CP Five Starကတော့ ကြက်ကင်၊ကြက်ကြော်နဲ့ ကြက်အူချောင်းတွေကို takeawayစနစ်နဲ့ရောင်းချတဲ့ဆိုင်ဖြစ်ပါတယ်။ 🌟
💢 1. G&G
G&G မှာ အဓိကအားဖြင့် ရွေးချယ်စရာနှစ်ခုရှိပါတယ်။
Take-over နဲ့ conversion ပါ။
ပထမတစ်ခု Takeover က ဆိုင်ခန်းနေရာမရှိတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ G&G က ဖွင့်ထားပြီးသားဆိုင်ကို အကုန်လုပ်ပေးပါတယ်။ Franchiseeက ဒီဆိုင်ကိုယူပြီး run ရုံပါပဲ။ 🧐
Conversionကတော့ နေရာအဆင်ပြေတဲ့သူတွေအတွက်ပါ။ သင့်ရဲ့နေရာကို G&Gဆိုင်အဖြစ်ပြောင်းလဲပေးမှာပါ။
Take-overအတွက်လိုအပ်တဲ့ ရင်းနှိးမြှပ်နှံရမယ့်ပမယဏကတော့ ပိုနည်းပါတယ်။ တဖက်မှာတော့ အမြတ်ငွေခွဲခြင်းက 50-50ဖြစ်ပါတယ်။⚖️
Conversion အတွက်မှာတော့ G&Gဟာ gross profitရဲ့ 30%ကိုသာယူပြီး franchise ownerကတော့ 70%ရမှာပါ။
အခု franchise feeမယူတဲ့ promotionကာလရှိပါတယ်။ ဒီpromotion ကာလပြီးသွားရင်တော့ G&Gက franchise feeအနေနဲ့ သိန်းတစ်ရာ ယူပါတယ်။ G&Gမှာ financing supportတော့မရှိပါ။ 💰
💢2. City Express
City Expressကလည်း ရွေးချယ်စရာနှစ်ခုပေးပါတယ်။ G&Gနဲ့တော့ မတူပါဘူး။ 🙅🏻♀️
Owner-operate စတိုးမှာ franchise ယူတဲ့သူတွေက ကိုယ်တိုင်runရမှာဖြစ်ပြီး၊ company-operate storeတွေကိုတော့ City Expressက တာဝန်ယူပေးမှာဖြစ်ပါတယ်။
Franchise ပိုင်ရှင်ဟာ အဓိကအနေနဲ့ ရင်းနှီးမြှုပ်နှံသူပါပဲ။ ဒါပေမယ့် ဒီနှစ်ခုလုံးမှာ ဘယ်တစ်ခုကိုရွေးရွေး franchise ယူတဲ့သူကနေရာprovideလုပ်နိုင်ရပါမယ်။ 🧐
( အနည်းဆုံး 600 sqftရှိရပါမယ်၊ ပြီးတော့ မျက်နှာစာကို အနည်းဆုံး10ftလိုအပ်ပါတယ်)
Companyက commissionအနေနဲ့ owner-operate မယ်ဆိုရင် 1% on sales(ပထမဆုံးနှစ်အတွက်) နှင့် company-operateမှာဆိုရင် 2% on sales(ပထမဆုံးနှစ်အတွက်) ယူပါတယ်။ 💸
Commissionကို ဒုတိယမြောက်နှစ်နဲ့လာမယ့်နှစ်အတွက် 1% စီ တိုးပြီး ယူပါတယ်။(optionနှစ်ခုလုံးအတွက်ပါနော်)
Companyက marketing feeအတွက် 15သိန်းယူပါတယ်။ တကယ်လို့ financing မှာလိုအပ်ခဲ့တယ်ဆိုရင် သင့်ဆိုင်ပေါ်မူတည်ပြီး City Expressက သင်ချေးငွေရယူဖို့ကူညီပေးပါတယ်။ 🙌🏻
💢3. CP Five Star
Franchise ယူမယ့်သူက အနည်းဆုံး 10ft×10ft ရှိတဲ့ နေရာရှိရပါမယ်။
CP franchiseဆိုင်အဖြစ်ပြောင်းလဲဖို့ franchiseယူတဲ့သူက မိမိဘာသာ ဆောက်နိုင်သလို၊ CPကလဲ constructionအတွက် တာဝန်ယူပေးနိုင်ပါတယ်။ 🛠
CPကိုအပ်မယ်ဆိုရင်တော့ အရင်းအနေနဲ့ construction ကုန်ကျစရိတ် အကြမ်းဖျင်း ၃၅ - ၄၅ သိန်းဝန်းကျင် ကုန်ကျမှာပါ။
တခြားကုန်ကျစရိတ်ကတော့ franchise ယူတဲ့သူအနေနဲ့ medium-sized freezer လေးတစ်လုံး ဝယ်ရပါမယ်။
ကြက်ကင်စက်၊ကြက်ကြော်စက်၊ထည့်ဖို့မှန်ဘောင် show
-case၊ ဒေတာအချက်အလက်တွေ အတွက် tabletတစ်လုံး စတာတွေကိုတော့ CPက ပေးပါတယ်။ 🙌🏻
G&Gရယ် City Expressရယ်နဲ့မတူတာက CPမှာ training fee ရှိပြီးတော့ စပေါ် ၁၀ သိန်းသွင်းဖို့လိုတာပါ။
Companyက commission၊ အမြတ်ခွဲဝေခြင်း၊ပြီးတော့ တခြားကုန်ကျစရိတ်နဲ့ စျေးနှုန်းတွေရဲ့ အချက်အလက် အသေးစိတ်ကိုတော့ မပေးပါဘူး။
(Franchiseတကယ်ယူဖြစ်ပြီဆိုမှ ဒါတွေသိရမှာပါ)
ကဲဒီလောက်ဆိုရင်တော့ franchise လုပ်ငန်းထဲ ဝင်မဲ့သူတွေရော လုပ်ငန်းအကြောင်း သိနားလည်လိုသူတွေ ဗဟုသုတ ရလိမ့်မယ်လို မျှော်လင့်ပါတယ်။ 🥳
Written by
Thiri Yadanar
References: https://www.toppr.com/…/emerging-trends-in-bus…/franchising/ , https://www.facebook.com/Start-A-Business-Guide-124189218291249/

Comments
Post a Comment