Market Research ပြုလုပ်ခြင်းဆိုင်ရာ အဆင့် ၆ ဆင့် ... 🙌🏻
Market Research (စျေးကွက် သုတေသန) ပြုလုပ်ခြင်းဟာ စီးပွားရေးလုပ်ငန်းတွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပြုလုပ် ရတဲ့အခါ နည်းစနစ်ကျကျလုပ်ဆောင်ရတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ် 🌟
✔️အဆင့် ၁
မိမိရဲ့ရည်မှန်းချက် ဘယ်အခက်အခဲကိုဖြေရှင်းချင်တာလဲဆိုတာ ဦးစွာပထမသတ်မှတ်ပါ
Market Research တစ်ခုမလုပ်ခင်မှာ ဘယ်လို အခက်အခဲကိုဖြေရှင်းလဲ ဆိုတာ ရယ် နဲ့ ဘယ်လို ရည်မှန်းချက်ကို အကောင်အထည် ဖော်ချင်တာလဲဆိုတာ သိထားဖို့က အရေးကြီးဆုံး နဲ့ အခြေခံ အကျဆုံးအချက်တစ်ခုဖြစ်ပါတယ် 🔍
ဥပမာ ဒီပစ္စည်းအသစ်ကို ဘယ်စျေးနှုန်းထားတာ ဟာ အကောင်းဆုံးဖြစ်မလဲ ဆိုတာမျိုးပါ။
✔️အဆင့် ၂
Research ပုံစံ ကို သတ်မှတ်ပါ 🙌🏻
မိမိလိုအပ်တဲ့ အချက်အလက်တွေရဖို့ရာ ဘယ် reach ပုံစံ က အကိုက်ညီဆုံးဖြစ်မလဲဆိုတာ ကို အဆင့်၂ မှာ ဆုံးဖြတ်ပါ
ဥပမာ survey ကောက်တဲ့ပုံစံနဲ့လား ဦတည်အုပ်စု (focus group) ကို မေးခွန်းမေးတာမျိုးလား အစရှိသဖြင့် ပဲ.
ဒါအပြင့် ဘယ်သူကို suvery ကောက်မှာလဲ သူတို့ကို ဘယ်လိုရှာမလဲ အစရှိတာတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်.
ဒါ့အပြင် သုတေသနလုပ်တဲ့အခါ ပုံစံ (၃) မျိုးရှိပါတယ်။
💢Exploratory Research
ကိုယ်reaserach လုပ်ျနတဲ့ ခေါင်းစဉ်က မသဲကွဲဖူး ဂဂနန အဓိပ္ပါယ်ဖွင့်လို့မရဘူးဆိုရင် ဒီပုံစံသုံဖို့အကြုံပြုထားကြပါတယ်.ဦးတည်အုပ်စုကိုreaserach ကောက်ခြင်း အင်တာဗျူးမေးခြင်း စသဖြင့်ဒီနည်းလမ်းမှာပါဝင်ပါတယ်.
💢Descriptive Research
ဒီပုံစံကတော့ တိကျသေချာ တဲ့ ခေါင်းစဉ်တစ်ခုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်သိလိုတဲ့အခါသုံးပါတယ်.surveyကောက်ခြင်း ကဒီပုံစံမှာအသုံများပါတယ်
💢Causal Research
ဒီပုံစံကတော့ အကြောင်းအရာနှစ်ခုနဲ့ပတ်သက်ပြီး စမ်းသပ်လုပ်ဆောင်လိုတဲ့အခါ ဒီပုံစံသုံးပါတယ်.ဥပမာ café ဆိုင်တစ်ခုမှာ သီချင်းဖွင့် တာနဲ့ အချိုပွဲရောင်းအားတက်တာနဲ့ ဆိုင်လားဆိုတာမျိုး
✔️အဆင့် ၃
ပုံကြမ်းဆွဲပြီး ပြင်ဆင်မှုတွေပြုလုပ်ပါ
ဒီအဆင့်မှာ တော့ အသင့်တော် ဆုံး researh ပုံစံ ကို သိရှိပြီးရင် ဥပမာ suvery ကောက်တာဟာသင့်တော်တယ်ဆို suvery ထဲမှာ ဘယ်လို မေးခွန်းတွေ ထည့်မှာလဲ spread sheet ထဲမှာsuvery ကောက်မဲ့ မေးခွန်း တွေ ထည့်ထားတာပါ.🤨
✔️အဆင့် ၄.
အချက်အလက်စုဆောင်းပါ။ 🗂
စုဆောင်းထားတဲ့ အဖြေ၊ လေ့လာချက်၊ အချက်အလက်အားလုံးကို စုဆောင်းပါ.အချက်အလက်၁ခုစီတိုင်းက အရေးကြီးတယ်ဆိုတာ ကို မမေ့ပါနဲ့။
✔️အဆင့် ၅
ရရှိထားတဲ့ အချက်အလက်တွေကို စိစစ်ဆုံးဖြတ်ပါ။
Data အချက်အလက်တွေကို အသက်အရွယ် ကျားမ စတာပေါ်မူတည်ပြီး ဇယားကွက် ဂရပ်ဖ်တွေ ဆွဲ ပြီး ကောက်ချက်သုံးသပ်ပါ📈
✔️အဆင့်၆
အချက်အလက်တွေကို ရုပ်လုံးပေါ်အောင်ဖော်ပြီး ရလဒ်ကို တင်ဆက်ပါ။🖥
အထက်ပါအဆင့်တွေအားလုံးပြီးပြီဆို သတင်းအချက်အလက်တွေ စုဆောင်းပြီ အဖွဲ့ဝင်တွေကြား တင်ဆက်ဖို့အချိန်တန်ပါပြီ။
ဒီလို တင်ဆက်တဲ့ အခါ ဇယားတွေ ဂရပ်ဖ်တွေတင်မကပဲ အဆင့် ၁ မှာပါတဲဲ့အတိုင်း research ရဲ့ ရည်းမှန်းချက်ပါတင်ဆက်ဖို့မမေ့ပါနဲ့။
ဒီလိုဆိုရင်တော့ ကောင်းမွန်ပြီးပြည့်စုံတဲ့ market research တွေရမှာ မလွဲဧကန်ပါပဲ။ 🥳
Written by
Thiri Yadanar

Comments
Post a Comment