Marketing မှာ 7Ps ဆိုတာက ဘာလဲ ... ?

ဒီနေ့မှာတော့ Marketing ပိုင်းမှာ မဖြစ်မနေ ထည့်စဉ်းစားရမယ့် P ၇ လုံး အကြောင်းပြောပြပေးသွားပါမယ်။🥳

ဒီ ၇ ချက်က တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာမို့လို့ marketing mix လို့လည်းခေါ်ကြပါတယ်။

ကိုယ့် ပစ္စည်း တစ်ခုကို အချိန်မှန်၊ နေရာမှန်၊ ဈေးနှုန်းမှန်အောင် ရောင်းချနိုင်ဖို့ အထောက်အကူပြုပါပေးတယ်နော်။🤗

ဒါဆို အောက်ကပုံတွေမှာ တစ်ချက်ချင်းစီ ကြည့်လိုက်ရအောင်နော် 👇🏻

Written by
Yoon Ei TinImage may contain: text that says "Beatrix Product technology design quality accessories packaging"

🌟Product

ပထမဆုံး P ကတော့ Product လို့ခေါ်တဲ့ ကုန်ပစ္စည်းပဲဖြစ်ဖြစ် ဝန်ဆောင်မှုပဲဖြစ်ဖြစ်
ကိုယ့်ရဲ့ရောင်းတဲ့ ပစ္စည်းအကြောင်းကို
နှံ့စပ်အောင်သိနေရပါမယ်။

Marketersတွေ စဉ်းစားရမယ့် အရေးကြီးဆုံးအချက်တော့ တစ်ခြားအရာတွေထက်သာတဲ့ ဈေးကွက်ထဲ ထိုးဖောက်နိုင်တဲ့ ဘယ်ထုတ်ကုန်အမျိုးအစားကို ရွေးပြီး ရောင်းချပေးနိုင်မလဲဆိုတာပါ

ဘယ်သူတွေအတွက်ထုတ်မှာလဲ?

သုံးစွဲသူတွေရဲ့ လိုအပ်ချက် ကိုက်ညီမှာလား?

ဘယ်နေရာမှာ အသုံးပြုနိုင်မှာလဲ အစသဖြင့် အကြောင်းရာများစွာကိုကျွမ်းကျင်စွာသိထားဖို့လိုပါမယ်။💯 

Image may contain: text that says "Beatrix Price $ cost loss penetration skimming value based ed"

🌟Price

နောက်ထပ် P ကတော့ Price စျေးနှုန်းပါ။

ဝယ်သူတွေ ပေးနိုင်လောက်တဲ့ ၊ ပေးဖို့တန်တဲ့ ဈေးနှုန်းပေါ့။

ဒီဟာက ကိုယ့် ရောင်းကုန် ရဲ့ sales (ရောင်းအား) နဲ့ demand (ဝယ်လိုအား) အပေါ်မှာ အရမ်းသက်ရောက်တဲ့အတွက် ဈေးနှုန်းသတ်မှတ်တာကလည်း marketing နည်းဗျူဟာမှာ အရေးကြီးပါတယ်။

ဒီထုတ်ကုန်အတွက် ဘယ်လောက်ကုန်ကျမလဲ?

ကိုယ့် ပြိုင်ဘက်တွေကရော စျေးကွက်ထဲ မှာဘယ်လိုဈေးနှုန်းနဲ့ ရပ်တည်နေလဲဆိုတာတွေ
လေ့လာထားရမှာပါ။💸

Image may contain: text that says "Beatrix Place channels distribution web based peer to peer"

🌟Place

ဒီ P ကတော့ Place (နေရာ) ပါ။

ကိုယ့်ဆီက ရောင်းကုန်ကို ဝယ်သူတွေ‌ဆီရောက်အောင် ဘယ်လိုလုပ်မလဲပေါ့။

ဘယ်နေရာက လူတွေဝယ်နိုင်ချေ၊ သုံးစွဲနိုင်ချေ ပိုများမလဲ?

ဘလို ဖြန့်ဖြူးရောင်းချမလဲ ဆိုတဲ့ အပိုင်းတွေကို စဉ်းစားရပါမယ်။🤔

Image may contain: text

🌟Promotion

ဒီ P ကတော့ Promotion (ကြော်ညာ) လို့ခေါ်တဲ့ ရောင်းအားတက်ဖို့နဲ့ လူအများ လက်ခံလာနိုင်မယ့် ဘရမ်း တစ်ခုဖြစ်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

ဘယ်အချိန်က ကြော်ညာ လုပ်ဖို့အကောင်းဆုံးအချိန်လဲ?

ဝယ်သူတွေသတိထားမိအောင် TV ads တွေကပဲ ကြေငြာမလား?

ဒါမှမဟုတ် social media ကတစ်ဆင့်သွားမလား ဆိုတာတွေကို စဉ်းစားဖို့လိုလာပါတယ်။🎉

Image may contain: text that says "Beatrix Y People employee customers organization culture"

🌟People

နောက် P ကတော့ (People )လူတွေပါပဲ။

ဒါကတော့ အဖွဲ့အစည်းအတွင်းက ဝန်ထမ်းတွေရော ဝယ်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့ အရောင်းဝန်ထမ်း တွေရောကို ဘယ်လို လေ့ကျင့်ပေးမလဲဆိုတာတွေ ဖြစ်ပါတယ်။

နောက် ကိုယ်ရဲ့ထုတ်ကုန်ကို အားပေးနေတဲ့ သူတွေရဲ့ feedback တွေ၊ လိုအပ်ချက်တွေဖြည့်ဆည်းဖို့ ဘယ်လိုလူမျိုးတွေနဲ့ လုပ်ကိုင်သွားမလဲဆိုတာကလည်း အရေးကြီးပါတယ်။🗣️
Image may contain: text that says "Beatrix Process MAW standardization delivery service"

🌟Process

ဒီ P ကတော့ လုပ်ငန်းတည်ထောင်ချိန်ကစပြီး ဝယ်သူဆီ ကိုယ့် ရောင်းကုန် ရောက်သွားတဲ့အထိက process (လုပ်ငန်းစဉ်) တစ်ခုလုံးပါပဲ။

ဒီ လုပ်ငန်းစဉ်ထဲမှာ ရှိတဲ့ အဆင့်တွေအကုန်လုံးကိုငွေ‌ကုန်ကြေးကျအသက်သာဆုံးနဲ့ အမြတ်များများရအောင်လုပ်ဆောင်ရမှာပါ။

Research & Development အပိုင်း၊ IT ပိုင်းတွေ ၊ leading အပိုင်းတွေ ၊ distribution system စတာတွေကို ဘယ်လိုနည်းနဲ့ ကောင်းကောင်းကိုင်တွယ်လုပ်ဆောင်နိုင်မလဲ ဆိုတဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။🧐
Image may contain: text

🌟Physical Evidence

နောက်ဆုံး P ကတော့ Physical Evidence လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အထောက်အထားပါ။

ကိုယ့် productဟာ ဈေးကွက်ထဲမှာ ဘယ်လောက်အသိအမှတ်ပြုခံရအောင် လုပ်မလဲပေါ့။

ဥပမာ- ကျွန်တော်တို့ fast food အကြောင်းပြောမယ်။
ဒါဆိုရင် McDonalds, Lotteria စတာတွေကို ခေါင်းထဲမှာ ချက်ချင်းစဉ်းစားမိတယ်။ sports အတွက်ဆိုရင်လည်း Addidas, Nike စသဖြင့်ပေါ့။

အဲ့သလို market ထဲမှာ နေရာတစ်ခုရအောင် လည်ပတ်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ ဝန်ထမ်းတွေရဲ့ ကျွမ်း‌ကျင်မှုတွေ၊ ဝန်ဆောင်မှုတွေ စတဲ့ အချက်တွေကိုလည်း ဂရုပြုရပါမယ်။🤗

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱