ကိုယ့် ဝန်ထမ်း ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လို လှုံဆော်အားပေး (motivate) မလဲ.. 🧐
လုပ်ငန်းတစ်ခုကို လုပ်ကိုင်တဲ့နေရာမှာ ဝန်ထမ်းတွေသာမက အလုပ်ရှင်တွေကိုယ်တိုင်တောင် အလုပ်နဲ့ပက်သတ်ပြီး စိတ်ရှုပ်စရာတွေ၊ စိတ်ဓာတ်ကျပြီး လေးလံထိုင်းမှိုင်းနေတာမျိုးတွေရှိနေတတ်ပါတယ် 🤦
သင့်ရဲ့ ဝန်ထမ်းတွေကို အလုပ်ခွင်နဲ့ပက်သတ်ပြီး အမြဲတက်ကြွနေစေချင်တယ်ဆိုရင်တော့ ဝန်ထမ်းတွေကို motivation ကောင်းကောင်းပေးတတ်ဖို့လိုပါလိမ့်မယ်။ တကယ်တော့ဒါဟာ သိပ်ခက်ခဲတဲ့ အရာတစ်ခုတော့မဟုတ်ဘူး 👀
ဒီနေ့မှာတော့ သင့်ရဲ့ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အမြဲတမ်းတက်ကြွပြီး အားတက်နေစေဖို့အတွက် နည်းလမ်းကောင်းလေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ် 💁
💌 နံပါတ် ၁။ နွေးထွေးတဲ့အလုပ်ခွင်တစ်ခုကိုဖန်တီးပေးပါ
ဝန်ထမ်းတွေဟာ သူတို့နေ့စဉ်ဘဝရဲ့အချိန်အများစုကို လုပ်ငန်းခွင်ထဲမှာပဲ အချိန်ကုန်ဆုံးရတာဖြစ်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ အလုပ်ခွင်ကို နွေးထွေးပြီး မိသားစုဆန်တဲ့ နေရာလေးတစ်ခုအဖြစ် ဖန်တီးပေးထားမယ်ဆိုရင် သင့်ရဲ့ဝန်ထမ်းတွေဟာလည်း အလုပ်ကိုလာဖို့ ငြီးငွေ့နေမှာမဟုတ်ပါဘူး 👥
💌 နံပါတ် ၂။ ဝန်ထမ်းတွေရဲ့အားထုတ်မှုကို အသိအမှတ်ပြုပေးပါ။
ဒါကတော့ လုပ်ငန်းခွင်မှာသာမက နေ့စဉ်လူနေမှုဘဝမှာပါ အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
ကြိုးစားမှုကနေ ကောင်းမွန်တဲ့ရလဒ်တစ်ခု ရလာတဲ့အခါ အသိအမှတ်ပြုပေးဖို့လိုအပ်ပါမယ်။ ဆုလက်ဆောင်ပေးမှ၊ bonus ပေးမှလို့ဆိုလိုတာမဟုတ်ပဲ စကားနဲ့ဖြစ်စေ အပြုအမူနဲ့ဖြစ်စေ ဝန်ထမ်းတွေရဲ့ကြိုးစားမှုကို အလုပ်ရှင်တစ်ယောက်အနေနဲ့ ချီးကျူးဂုဏ်ပြုပေးသင့်ပါတယ် 🙆
💌 နံပါတ် ၃။ ရည်မှန်းချက်တွေကိုမြှင့်တင်ပေးပါ။
ဝန်ထမ်းတွေဟာ အမြဲတမ်းတော့ ဝန်ထမ်းမဖြစ်ချင်ကြပါဘူး။ သင်ကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်မှုကနေ တစ်ဆင့် အဆင့်ဆင့်ကြိုးစားရင်း လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာရတယ်ဆိုတာ မမှားနိုင်ပါဘူး။
ဝန်ထမ်းတွေမှာလည်း အခြေအနေအကြောင်းကြောင်းကြောင့် တစ်ပါးသူလက်အောက်မှာ အလုပ်လုပ်နေပေမယ့် သူတို့မှာလည်း ကိုယ်ပိုင်ရည်မှန်းချက် ဦးတည်ချက်ရှိနေနိုင်ပါတယ်။
ဒါကြောင့် သင့်ဝန်ထမ်းတွေရဲ့ career life အတွက် သင့်ဘက်ကနေ တတ်နိုင်သလောက်အားဖြည့်ကူညီပေးလိုက်ပါ။ ဒါဆို နောင်တစ်ချိန်သူတို့ ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်သည့်တိုင်အောင် သင့်နာမည်ကိုမေ့ကြမှာမဟုတ်ပါဘူး ♥️
💌 နံပါတ် ၄။ ပြိုင်ပွဲတွေဖန်တီးပေးပါ။
အပြိုင်အဆိုင်ရှိမှ တိုးတက်မယ်ဆိုတဲ့အတိုင်း ဝန်ထမ်းတွေကြားမှာ ပိုမိုနားလည်မှုရအောင်၊ ပိုမိုတိုးတက်အောင် အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ပြိုင်ပွဲတွေပြုလုပ်ပေးပါ။
အနိုင်ရရှိတဲ့သူတွေကိုလည်း ဆုလက်ဆောင်တွေ ချီးမြှင့်ခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုကို ပိုမိုမြှင့်တင်လာစေနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုပြိုင်ပွဲတွေဟာ ဝန်ထမ်းတွေကြားမှာ မကောင်းတဲ့ သက်ရောက်မှုမျိုး မဖြစ်သွားစေဖို့ သင့်အနေနဲ့ သတိပြုရမှာဖြစ်ပါတယ် ❗
💌 နံပါတ် ၅။ ခေါင်းဆောင်ကောင်းပီသပါ။
ဒါကတော့ တခြားသောအချက်တွေထက် အရေးပါဆုံးသောအချက်တစ်ချက်ဖြစ်ပါတယ်
လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့သူအနေနဲ့ ခေါင်းဆောင်ကောင်း ပီသဖို့လိုအပ်ပါတယ်။
ကိုယ့်အသင်းသားတွေရဲ့ အကြံဉာဏ်တွေ၊ ဝေဖန်ချက်တွေကို လက်ခံနိုင်စွမ်းရှိပြီး ပြောင်းလဲသင့်တာ ပြင်ဆင်သင့်တာတွေကိုလည်း ပြောင်းလဲပြင်ဆင်နိုင်စွမ်းရှိရပါမယ်။
သင်ကိုယ်တိုင်က တက်တက်ကြွကြွနဲ့ ဦးဆောင်နိုင်စွမ်းရှိမှသာ သင့်ရဲ့ဝန်ထမ်းတွေဟာလည်း သင့်ရဲ့နောက်ကနေ တစ်ညီတစ်ညွတ်ထဲလိုက်ပါလာကြမှာဖြစ်ပါတယ် 👤
အခုဖော်ပြပေးတဲ့အချက်တွေကတော့ လွယ်ကူပြီးရိုးရှင်းတဲ့အတွက် အားလုံးပဲအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ် ....
ကိုယ့်ရဲ့ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့လုပ်ငန်းခွင်ကိုဖန်တီးပြီး အောင်မြင်မှုတွေရရှိနိုင်ကြပါစေလို့ဆန္ဒပြုရင်း...
ထာဝရ
Reference - https://inside.6q.io/how-to-motivate-your-employees-in-12-…/

Comments
Post a Comment