Online ပေါ်က စျေးဝယ်ခြင်း ရဲ့အားသာချက်တွေက ဘာတွေလဲ... 📱🧐
အခုခေတ်က internetခေတ်ဖြစ်တဲ့အတွက် ပစ္စည်း တော်တော်များများကိုလဲonlineကနေပဲရောင်းချလာကြပါတယ်။
ဒီလိုရောင်းချတဲ့အခါအားနည်းချက်လေးတွေရှိသလိုအားသာချက်တွေလဲရှိပါတယ်။ဒီနေ့မှာတော့အားသာချက်လေးတွေကိုအရင်ပြောပြပေးသွားပါမယ်။ 🤗
1️⃣ လွယ်ကူချောမွေ့ပြီးအဆင်ပြေတယ်။ 🥳
အပြင်မှာဈေးတစ်ခုခုသွားဝယ်ဖို့ဆိုရင်အနည်းဆုံးကိုယ့်ကိုကိုယ်ပြင်ဆင်ရမယ်။သပ်သပ်ရပ်ရပ်ဝတ်ရမယ်။
တခါတလေပိုက်ဆံရှင်းဖို့ဆိုရင်လဲလူတသီတတန်းကြီးစောင့်ရမယ်။ဒါပေမဲ့online shopနဲ့ဆိုရင်တော့ဒီပြသနာတွေမရှိတော့ဘူးနော်။
2️⃣ သင့်တင်မျှတတဲ့ဈေးနှုန်းတွေနဲ့ရရှိတယ်။ 💸
ကြားခံလက်လီလက်ကားရောင်းတဲ့သူတွေမလိုဘဲထုတ်လုပ်ရောင်းချတဲ့သူတွေဆီကနေကိုယ့်ဆီကိုတိုက်ရိုက်ရောင်းချတာကြောင့်ဈေးကလဲအပြင်ဆိုင်တွေထက်ပိုတန်ပါတယ်။
ဒါ့အပြင်အခွန်အခများ၊ဈေးဝယ်ဖို့သွားရမဲ့လမ်းစရိတ်များကိုလဲကင်းလွတ်စေပါတယ်။
3️⃣ ရွေးချယ်စရာပိုများတယ်။ 🛍
ကိုယ်လိုချင်တဲ့နိုင်ငံတကာကbrandတိုင်း၊ ပစ္စည်းတိုင်းနီးပါးကိုလဲonlineမှာရနေတာကြောင့်အဝေးကြီးသွားစရာမလိုဘဲဖုန်းလေးတစ်လုံးရှိရုံနဲ့ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
colourလဲစုံsizeလဲစုံတာကြောင့်စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
4️⃣ လက်ဆောင်ပေးဖို့လဲအဆင်ပြေတယ်။ 🎁
ကိုယ်ချစ်ရခင်ရတဲ့သူတွေကိုလဲဘယ်နေရာမှာပဲရှိရှိလက်ဆောင်ပေးပို့နိုင်ပါတယ်။ထုတ်ပိုးမှုတွေ၊ပို့ဆောင်မှုတွေကိုလဲonline shopကပဲတာဝန်ယူဆောင်ရွက်ပေးတာကြောင့်ဘယ်လောက်ပဲဝေးနေပါစေလက်ဆောင်တွေပေးပို့နိုင်ပါပြီနော်။
5️⃣ စျေးနှုန်းတွေလဲလွယ်လွယ်ကူကူနဲ့နှိုင်းယှဥ်နိုင်တယ်။🔍
Online shop မှာဆိုရင်customerတွေရဲ့ rating တွေ review တွေကိုကြည့်ပြီးကိုယ့်မှာရှိတဲ့ပိုက်ဆံနဲ့အကောင်းဆုံး ပစ္စည်း ကိုချင့်ချိန်ပြီးဝယ်ယူနိုင်ပါတယ်။
6️⃣ စျေးဝယ်ဖို့လူတိုးစရာမလိုဘူး။💁🏻♀️
လူတွေအများကြီးရှိနေတဲ့နေရာကိုသိပ်မသွားချင်တဲ့သူတွေ၊အထူးသဖြင့်အားလပ်ရက်တွေ၊ပွဲနေ့တွေမျိုးမှာအပြင်မသွားချင်တဲ့သူတွေအတွက် online shopကအရမ်းအဆင်ပြေပါတယ်။
7️⃣ ပစ္စည်း ဝယ်ဖို့ဖိအားမရှိဘူး။👍🏻
တခါတလေ အပြင်ဆိုင်မှာဝယ်တဲ့အခါရောင်းတဲ့သူကဝယ်ဖို့အတင်းဖိအားပေးတာမျိုး or ရောင်းတဲ့ဗျူဟာကအရမ်းကောင်းတဲ့အခါကိုယ်တကယ်မကြိုက်ဘဲမလိုအပ်ဘဲဝယ်လိုက်ရတာတွေလဲရှိပါတယ်။ဒါပေမဲ့ online shopနဲ့ဆိုဒီလိုတွေမဖြစ်စရာမလိုတော့ပါဘူး။
ဒါဆိုရင် Online Shopping ရဲ့အားသားချက်တွေ အကြမ်းဖြင်းသိသွားလောက်ပြီ ထင်ပါတယ်။ ❤️
Written by
Naw Priscilla

Comments
Post a Comment