What is Organizational Culture???

အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှုဆိုတာဘာလဲ??? 🧐

လူတွေဟာ သူတို့ရဲ့အကျိုးကျေးဇူးအတွက် ဒါမှမဟုတ် စားဝတ်နေရေးအတွက် အတူတကွစုဝေးနေထိုင်လုပ်ကိုင်ရင်းက အဖွဲ့အစည်းဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ် 👬👭

အဖွဲ့အစည်းဆိုင်ရာယဉ်ကျေးမှုဆိုတာဟာ အဖွဲ့အစည်းတစ်ခုထဲက လူတွေရဲ့ ပြုမူဆောင်ရွက်ချက်တွေ, ယုံကြည်ချက်, အတွေးအခေါ် စံသတ်မှတ်ချက်တွေနဲ့ အဖွဲ့ဝင်တစ်ဦးချင်းဆီတိုင်းရဲ့ ဆောင်ရွက်ချက်တွေပဲဖြစ်ပါတယ် 🙏
ဒီအရာတွေကအဖွဲ့အစည်းထဲမှာ ခိုင်မာတဲ့လွှမ်းမိုးမှုတစ်ခုအဖြစ်တည်ရှိနေပါတယ်
Organizational Culture ဟာဆိုရင် အဖွဲ့အစည်းထဲကလူတွေရဲ့ ယုံကြည်မှုတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကိုယ်စားပြုထားတာဖြစ်ပါတယ်

Organizational Culture (အဖွဲ့အစည်းဆိုင်ရာယဉ်ကျေးမှု) ယေဘုယျအားဖြင့် (၄) မျိုးရှိပါတယ်
ဘာတွေလဲဆိုတာကြည့်လိုက်ကြရအောင်🙆🏻‍♂️

1. Clean Culture 🌲
ဒီ culture ဟာဆိုရင် ပူးပေါင်းဆောင်ရွက်မှုကိုအ‌ခြေခံထားတာဖြစ်ပါတယ် ... အဖွဲ့ဝင်တွေဟာ သူတို့ရဲ့တူညီတဲ့အချက်တွေကိုမျှဝေပြီး အဖွဲ့အစည်းရဲ့အရေးပါတဲ့အခန်းကဏ္ဍအဖြစ် တက်ကြွစွာပါဝင်ဆောင်ရွက်ကြပါတယ်
ခေါင်းဆောင်က အဖွဲ့တစ်ခုလုံးကိုလမ်းညွှန်မှုတွေ ဆောင်ရွက်ပေးပါတယ် ... ပူးပေါင်းဆောင်ရွက်တာတွေ, ပေါင်းသင်းဆက်ဆံတာတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းလုပ်ကိုင်ခြင်းဟာ Clean Culture ရဲ့အဓိကတန်ဖိုးပဲဖြစ်ပါတယ်

2. Adhocracy ⚡️
ဒါကတော့ စွမ်းအင်နဲ့တီထွင်မှုကို အခြေခံထားတာဖြစ်ပါတယ် ... ဝန်ထမ်းတွေကို စွန်းစားဆောင်ရွက်မှုတွေပြုလုပ်ဖို့အားပေးပြီး ခေါင်းဆောင်တွေကိုတော့ တီထွင်သူတွေ ဒါမှမဟုတ် လုပ်ငန်းရှင်တွေအဖြစ်မြင်တွေ့နိုင်ပါတယ်

3. Market Culture 🛒
ဒီယဉ်ကျေးမှုကတော့ ယှဉ်ပြိုင်မှုနဲ့ခိုင်မာတဲ့ရလဒ်အ‌ပေါ်မှာ အခြေခံထားတာဖြစ်ပါတယ် ... ပြိုင်ဘက်တွေကိုအနိုင်ယူဖို့နဲ့ အောင်မြင်မှုကိုရရှိနိုင်ဖို့ဆိုတဲ့ တူညီတဲ့ရည်မှန်းချက်တစ်ခုက ဒီအဖွဲ့အစည်းကိုဖြစ်ပေါ်လာစေပါတယ်

4. Hierarchy Culture 🧑
ဒီအမျိုးအစားကတော့ ဖွဲ့စည်းပုံနဲ့ထိန်းချုပ်နိုင်မှာအပေါ် အခြေခံထားတာဖြစ်ပါတယ် ... လုပ်ငန်းခွင်က သမားရိုးကျပုံစံမျိုးဖြစ်‌ပြီး တင်းကြပ်တဲ့အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေရှိနေတတ်ပါတယ်

References :
https://m.facebook.com/story.php?story_fbid=2435808433313019&id=100006516577826
https://www.runmeetly.com/four-types-organizational-culture

ထာဝရ

No photo description available.No photo description available.
Image may contain: phone, text that says "STRATEGY SERVICE TEAM ← COMPANY BUSINESS Organisational culture change CUSTOMER 好食食貨會 EXCELLENCE QUALITY"



Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱