What to do during quarantine ?

မင်္ဂလာပါ။ Beatrix ကနေပြန်လည်ကြိုဆိုပါတယ်။ 🥳

ခုလို ကျောင်းတွေပိတ်ထားတဲ့ကာလအတွင်းမှာ ကျွန်တော်တို့ လူငယ်တွေတစ်ချို့က နေ့တစ်နေ့ကို ကုန်မှန်းမသိ ကုန်ဆုံးနေရတာတွေဖြစ်တတ်ပါတယ်။ 🤧

ကိုယ်ပဲလုပ်စရာမရှိနေတာလား။
ကိုယ်တစ်ယောက်တည်း အားနေတာလားဆိုပြီး ဖုန်းသုံးလိုက် စားလိုက် အိပ်လိုက်နဲ့ အချိန်ကုန်သွားတတ်ပါတယ်။ 🤷

အဲ့တော့ လူကလည်း လန်းဆန်းမှုမရှိ၊ တက်တက်ကြွကြွမရှိပဲ ဖြစ်လာပါပြီ။တကယ်လို့ လုပ်စရာတစ်ခုခုရှိလာပြီဆိုရင်တောင် စိတ်ဝင်စားမှုနည်းပြီး အချိန်တွေ ဟိုရွှေ့ ဒီရွှေ့လုပ်တတ်ကြပါတယ်။

ဒါကြောင့် မိုးလင်းတာနဲ့ ငါဒီနေ့ ဘာမှလုပ်စရာမရှိဘူးဆိုပြီး Facebook သုံးတာ ဒါမှမဟုတ် ဂိမ်းဆော့တာနဲ့ မစတင်လိုက်ပါနဲ့။🙅

လူတိုင်းမှာကတော့ လုပ်စရာတွေဆိုတာ ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။ အဲ့တော့ သူက ကြိုးစားနေလိုက်တာ ငါ့မှာတော့ အိပ်ရာထဲကမထဘူး ဆိုတဲ့ အတွေးတွေ မဝင်ပါနဲ့နော်။

စိတ်ကိုလည်း အပန်းပြေစေပြီး အားလပ်ရက်မှာ ပညာဗဟုသုတတိုးဖို့ နည်းလမ်းတွေပြောပြပေးလိုက်ပါတယ်။🥰

📍ကျောင်းပိတ်ရက်မှာ လူငယ်တော်တော်များများကတော့ volunteer လုပ်နေတာတွေ တွေ့ရပါတယ်။ အဖွဲ့အစည်းတော်တော်များများ
ကလည်း မကြာခဏခေါ်ယူလေ့ရှိပါတယ်။volunteer လုပ်ခြင်းက ကိုယ့်အတွက် ပညာဗဟုသုတတွေအများကြီးရတယ်။ ခင်မင်ရင်းနှီးသိကျွမ်းသူတွေ များလာမယ်။

ဒါကြောင့် ကိုယ်စိတ်ပါဝင်စားတဲ့ programရှိရင် လျှောက်ပါ။ ပါဝင်ပါ။ မ‌အောင်မြင်ဘူးဆိုရင်တောင် မေးခွန်းတွေဖြေရတဲ့အတွက် အတွေ့အကြုံနဲ့ ဗဟုသုတရပါတယ်။ နောက်‌ထပ်‌ကြိုးစားဖို့ လိုအပ်တာတွေလည်း ပြင်ဆင်နိုင်ပါတယ်။ 👏🏻

📍မီးဖိုချောင်ဝင်ပါ။ 🍳

ကိုယ်တိုင်မချက်တတ်သေးရင်လဲ ဝိုင်းကူပေးပြီး ချက်ပြုတ်နည်းတွေ သင်လို့ရတယ်။ ဒါမှမဟုတ် မုန့်လုပ်နည်းတွေ၊ ဟင်းချက်နည်း‌တွေ ကိုယ်တိုင် လေ့လာပြီး အိမ်ကလူတွေကိုလည်း လက်စွမ်းပြလို့ရပါသေးတယ်။ အကောင်းဆုံးဖြစ်မလာရင်တောင် နည်းလမ်းသိသွားတာကတော့ ကိုယ့်အတွက်အမြတ်ပါပဲ။

📍နောက်တစ်ခုက စိတ်ဝင်စားတဲ့အရာကို လေ့လာသင်ယူပါ။ 🙋🏻‍♀️

ဒီလိုမျိုး ရက်ရှည်အားလပ်ရက်မှာ တစ်ခုခု သင်ယူတတ်မြောက်ဖို့ဆိုတာ အခွင့်အရေးပါပဲ။ graphic design၊ ဘာသာစကား၊ ဟင်းချက်နည်း စသဖြင့် အသစ်အသစ်တွေ အများကြီး သင်ယူနိုင်ပါတယ်။ online course တွေလည်းအများကြီးရှိပါတယ်။ နောက်ပြီး ဒီနေ့လုပ်တယ် မနက်ဖြန်မလုပ်ဖြစ်ဘူး ဆို‌တာတွေ မဖြစ်ပါစေနဲ့နော်။ ချက်ချင်း မတတ်မြောက်ပေမယ့် ပုံမှန်လေ့လာရင် ကိုယ့်ရဲ့ အားလပ်ချိန်ကိုကောင်းကောင်းအသုံးချပြီး ပညာတစ်ခုရလိုက်တာပါပဲ။ အဲ့တော့ ဒီ quarantine days တွေမှာ ငါဘာမှထူးခြားမလာပါလားဆိုတာတွေ မဖြစ်တော့ပါဘူး။

📍သူငယ်ချင်းတွေနဲ့ စကားပြောပါ။ 👯‍♀️

စကားပြောစရာလူမရှိရင်လည်း ပျင်းရိပြီး အချိန်ကုန်မခံပါနဲ့နော်။ Social mediaပေါ်မှာ သင်ယူစရာ ရှာဖွေစရာတွေ အများကြီးပါ။ ခုဆိုရင် covid 19 ရောဂါဖြစ်ပွားမှုကြောင့် ဘာတွေပြောင်းလဲသွားလဲ? Online ပေါ်က စာသင်တဲ့အခါ ဘာတွေကြိုတင်ပြင်ဆင်ရမလဲ? နောက်ပြီး ဘယ်လုပ်ငန်းခွင်မှာမဆို အသုံးဝင်တယ့် digital toolsတွေ ကိုလေ့လာထားပါ။နောက်ဆုံး movie ပဲဖြစ်ဖြစ် variety show ပဲဖြစ်ဖြစ် ကြည့်ပြီး
စိတ်ကို ပျော်ရွှင်မှုပေးနိုင်ပါသေးတယ်။

📍စာဖတ်ပါ။ 📚

ခုခေတ်မှာ ကိုယ့်လက်ထဲစာအုပ်ရှိမှမဟုတ်ပါဘူး။ online ပေါ်ကနေပဲ ရှာဖတ်လို့ရနေပါပြီ။ ဘာသာစကားအတွက် အထောက်အကူပြုတဲ့ စာတွေ ဒါမှမဟုတ်ကျောင်းမှာသင်ရတဲ့ ဘာသာရပ်နဲ့ဆက်နွယ်တဲ့ အကြောင်းအရာတွေ
စသဖြင့် ရှာဖတ်ပြီး ဗဟုသုတရယူနိုင်ပါတယ်။

ခုပြောပြခဲ့တာတွေကတော့ လူတိုင်းအလွယ်တကူလုပ်နိုင်တဲ့ အရာလေးတွေပါ။ နေ့စဉ်ပုံမှန်လုပ်သွားရင် ကိုယ့်အတွက် အကျိုးရှိပြီး ရလဒ်ကောင်းတစ်ခုတော့ ထွက်လာမှာပါ‌နော်။
နောက်ဆုံး ရလဒ်ကောင်းတွေ၊ အောင်မြင်မှုတွေရရင်တော့ ကိုယ်ကိုယ်တိုင် ပျော်ရွှင်ရတာချည်းပါပဲ။🥳

အဲ့တော့ ငါဘာမှလုပ်စရာမရှိဘူး။ ငါအချိန်ဖြန်းနေတာပဲ ဆိုတဲ့အတွေးတွေဖျောက်လိုက်ပါ။
တစ်နေ့တစ်နေ့ ပျော်ရွှင်မှုနဲ့ အသိပညာတစ်ခုခု မရဘဲ အချိန်ကုန်ဆုံးမှုမဖြစ်ရအောင် ကိုယ်ဝါသနာပါရာ စိတ်ဝင်စားရာတွေကို လေ့လာသင်ယူရင်း အကျိုးရှိစွာနေထိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။🤗

Written by
Yoon Ei TinNo photo description available.

Comments

Popular posts from this blog

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

ဘယ်လုပ်ငန်းအမျိုးအစားမဆို ​အောင်မြင်ဖို့အတွက် သိထားရမယ့် အရေးပါဆုံး Service Management အကြောင်း🏆

Facebook က ကျွန်မတို့ကိုအဆိပ်သင့်စေနေပြီလား🙁