10 Tips For Better Public Speaking
ကျွန်မတို့ရဲ့ နေ့စဥ်လူမှုဘဝ တွေမှာ အချင်းချင်း ပြောဆိုဆက်ဆံ ရေးက အလွန်အ ရေးကြီးပါတယ်။ ဒီလိုတစ်ဦးနဲ့တစ်ဦး စကားပြောဆိုတဲ့အခါမှာ မိမိတို့ပြောဆိုနေတဲ့စကားက ထိ ရောက်စေဖို့ အရေးအကြီးဆုံးအရာက ဘာလို့ထင်ပါလဲ .. 
အ ဖြေက တော့ Public Speaking ပဲဖြစ်ပါတယ်။ လူတစ် ယောက်က Public Speaking Skills တွေသာရှိ နေမယ်ဆိုရင် စင်ပေါ်မှာ ပြော ဆိုနေတဲ့အချိန်သာမက နေ့စဥ်စကားပြောဆိုဆက်ဆံတဲ့အခါမှာ အားသာချက်တွေရှိနေမှာပါ။ Public Speaking Skills တွေရှိခြင်းအားဖြင့် ကိုယ့်ရဲ့ စကားပြောဆိုနိုင်မှုစွမ်းရည်၊ ဦး ဆောင်နိုင်မှုစွမ်းရည်၊ လူတွေအပေါ် နားလည်နိုင်စွမ်း တွေတိုးလာနိုင်တဲ့အပြင် မိမိကိုယ်မိမိ ယုံကြည်ချက် တွေလည်းတိုးလာနိုင်မှာ ဖြစ်ပါတယ်။ 
ဒီ နေ့မှာတော့ ကိုယ်က ဟောပြောပွဲတစ်ခု သို့မဟုတ် ကျောင်းသင်ခန်းစာအတွက်ပဲဖြစ်ဖြစ် လူ ရှေ့သူရှေ့ထွက်ပြောတဲ့အခါမှာ အသုံးဝင် စေနိုင်မယ့် မိမိရဲ့ Public Speaking Skill တိုးတက် စေနိုင်ဖို့အတွက် နည်းလမ်းကောင်းလေး ၁၀ ခုကို မျှဝေလိုပါတယ်။
စင် ပေါ်မှာ ပြောတော့မယ့် အချိန်ပဲဖြစ်ဖြစ်၊ လူအများ ရှေ့မှာပဲဖြစ်ဖြစ် စိတ်လှုပ်ရှားတတ်တာက သာမန်ကိစ္စရပ်လေးပါပဲ။ ဒီလိုမျိုးစိတ်လှုပ်ရှားနေတာတွေ ကြောင့်ကိုယ့် presentation ကို မထိခိုက်စေပါနဲ့။
စိတ်လှုပ်ရှားနေတာကို ဖြေရှင်းဖို့နည်းလမ်းတစ်ခုကတော့ အမြဲ လေ့ကျင့်မယ်၊ ကိုယ်ပြောမယ့် အကြောင်းအရာကို ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကိုယ့်ဘက်က အကောင်းဆုံးပြင်ဆင်ထားခြင်းအားဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလာစေပြီး တကယ်လက်တွေ့ ပြောဆိုတဲ့ နေရာမှာ အထေက်အကူ ဖြစ်စေမှာပါ။
အကြောင်းအရာတစ်ခုကို မပြောခင်မှာ မိမိ ပြောမယ့်အရာက ဘယ်သူတွေကို ရည်ရွယ်ထားတာလဲဆိုတာ သေချာသတ်မှတ်ထားပါ။ အကယ်၍ ကိုယ်က လူငယ် တွေအတွက်ရည်ရွယ်တာမျိုး ပြောမယ်ဆိုရင် လူငယ် တွေ နားလည်လက်ခံနိုင်တဲ့ စကားလုံး အသုံးအနှုန်းတွေ သုံးပေးဖို့လိုပါတယ်။ 
ကိုယ်ပြောတဲ့စကားကို စိတ်ဝင်တစား နား ထောင်ဖို့အတွက် ကိုယ်ပြောမယ့်စကားထဲကို နားထောင်နေတဲ့သူတွေ စိတ်ဝင်စားနိုင် လောက်တဲ့ အချက်အလက် တွေကို ကြိုတင်စဥ်းစားထားပါ။
ကိုယ်စပြောတဲ့အခါမှာ ထိုအချက်တွေကို ထည့် ပြောမှာဖြစ်တဲ့အကြောင်း မိမိရဲ့ပရိတ်သတ် တွေကိုပြောပါ။ ပညာရှင်တွေရဲ့ အယူအဆက တော့ စစပြောချင်း ၃၀စက္ကန့်အတွင်း
မိမိပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုကို ရယူရမယ်လို့ဆိုကြပါတယ်။ 
ကိုယ်ကိုယ်တိုင်က ပြောနေပေမယ့် နားထောင် နေတဲ့သူတွေရဲ့အမူအရာကို လေ့လာနေပါ။ သူတို့ရဲ့တုံ့ပြန်ပုံတွေကိုကြည့်ပြီး ကိုယ့်ဘက်က လိုက် လျောညီစွာ ပြောရပါမယ်။ သူတို့နား ထောင်ရတာ ပျင်း နေတယ်လို့ထင်ရင် ဟာသ နှောပြီး ပြောတာမျိုး၊ မေးခွန်း လေး တွေပြန် မေးတာမျိုး နဲ့ သူတို့စိတ်ဝင်စားလာ အောင် ပြော ပေးရပါမယ်။ 
လူတွေက ရယ်စရာပြောတဲ့အခါ စိတ်ဝင်စားတတ်ကြပါတယ်။ ဒါ ကြောင့် စကားပြောတဲ့အခါမှာ ကိုယ့်ရဲ့အတွေ့အကြုံတွေ ရယ်စရာ အ ကြောင်းလေးတွေ ထည့်ပြောရင် မမှားပါဘူး နော်။ 
Public Speaking မှာ လိုအပ်တဲ့ အရေးကြီးတဲ့အချက်တချက်ကတော့ မိမိရဲ့ ပင်ကိုယ်အရည်အသွေး ပျောက်ပျက်မသွားဖို့ပါ။ တချို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ သူများ ပြောတဲ့နည်းအတိုင်းလိုက် ပြောတာမျိုး တွေရှိပါတယ်။
မိမိကိုယ်မိမိ ယုံကြည်ပါ။ မိမိရဲ့ ကိုယ်ပိုင် အရည်အချင်းကို ဖော်ပြပါ။ မိမိရဲ့ပင်ကိုယ်အရည်အချင်းကို ထုတ်ဖော်ပြသနိုင်မှသာ နား ထောင်နေတဲ့သူတွေက ဒီလူဟာ ယုံကြည်လို့ရတဲ့သူ ဆိုပြီးမြင်မှာပါ။ 
ကိုယ်ပြောချင်တာတွေ မေ့သွားမှာစိုးလို့ စာနဲ့ရေးမှတ်ထားပြီး ပြောတတ်ကြပါတယ်။ ဒါ ပေမယ့် ကိုယ်ပြောတာကို အများက နားထောင် နေတဲ့အချိန်မျိုးမှာတော့ စာရွက်ကို ကြည့်ကြည့် ပြောတာက အ တော်ကို လူအထင် သေး စေပါတယ်။
Public Speaker ကောင်းတစ် ယောက်ဖြစ်ဖို့က နားထောင်နေတဲ့သူတွေနဲ့ အမြဲ eye contact ရှိ နေဖို့လိုပါတယ်။ တတ်နိုင်သမျှ မိမိ အဓိက ပြောလိုတဲ့ အကြောင်းအရာနဲ့ ပရိတ်သတ်ကို သာ အာရုံထားပါ။
ကိုယ်ပြောလိုတဲ့ အကြောင်းအရာတွေ မေ့သွားမှာစိုးလို့ ဆိုရင်တော့ ပြောမယ့် အကြောင်းအရာလေးတွေကို အချက်လေးတွေနဲ့ မှတ်ထားတာမျိုးက ပိုအဆင်ပြေပါတယ်။ နောက်ပြီး တော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း လေ့ကျင့်မှုများများရှိမယ်ဆိုရင် ဒီလိုပြသနာမျိုးကို ကျော်လွှားနိုင်မှာပါ။
Body Language ကလည်း လူမှုဆက်ဆံရေး မှာ အလွန်အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ နားထောင်နေတဲ့သူတွေနဲ့ မျက်လုံးချင်းဆုံပြီးပြောတာ၊ မျက်နှာအမူအရာ၊ မိမိကိုယ်မိမိ ယုံကြည်ချက်ရှိတဲ့ ပြောဆိုပုံဟန်ပန်တွေကြောင့် နားထောင် နေတဲ့သူတွေက ကိုယ့်အပေါ်ယုံကြည်မှုလည်း တိုးလာနိုင်တယ့်အပြင် ကိုယ်ပြောတာကိုလည်း စိတ်ဝင်စားမှုပိုများလာနိုင်ပါတယ်။ ထို့အပြင် လက်ဟန် ခြေဟန်နဲ့ ပြောဆိုတာက စိတ်လှုပ်ရှားမှု ဖြစ်တာတွေကို လျော့ကျစေနိုင်ပါတယ်။
စကားစပြောပြီဆိုတာနဲ့ နားထောင်နေတဲ့သူ တွေ စိတ်ဝင်စားနိုင်မယ့် အရာမျိုး တွေနဲ့စ ပြောပါ။ အချို့ကတော့ မေးခွန်းလေးတွေအပြန်အလှန်မေးရင်းနဲ့ ကိုယ်ပြောချင်တဲ့နေရာကို ရောက်အောင် ပြောကြပါတယ်။ ဒါဆိုရင် တော့ ဒီစကားဝိုင်းက ဘယ်လို စလိုက်မှန်း မသိ စတင် လိုက်ပါပြီ။ ဒါပေမယ့် စကားဝိုင်းကို အဆုံးသတ်တဲ့အခါမျိုးမှာ တော့ ကိုယ်ပေးချင်တဲ့သင်ခန်းစာကို ပြောရင်းနဲ့ နားထောင်နေတဲ့သူတွေ မှတ်မိလွယ်စေမယ့်စကား၊ ဆောင်ပုဒ် လေးတွေနဲ့ အဆုံးသတ်သင့်ပါတယ်။ 
အကြောင်းအရာတွေ အကုန်လုံးကို စကားနဲ့ပဲ တချိန်လုံးရှင်းပြနေတာမျိုးက နားထောင် နေတဲ့သူတွေအတွက် ငြီးငွေ့တာမျိုး၊ စိတ်ပါဝင်စားမှု လျော့နည်းသွားတာမျိုး တွေဖြစ် ပေါ်စေနိုင်ပါတယ်။
ဒါကြောင့် ဒီတိုင်းစကားနဲ့ပဲရှင်းပြ နေတာထက်စာရင် presentation slides တွေ၊ short videos လေး တွေနဲ့ ပါ ထည့်သွင်း ပြောဆိုပါလို့ အကြံပြုလိုပါတယ်။ 
ဒီ Tip လေး တွေကိုဖတ်ပြီးသွားရင် တော့ နောက်တစ်ခါ ကိုယ် Speaker လုပ်တဲ့အခါ အသုံးချကြည့်ကြဖို့ မမေ့ပါနဲ့ နော်။
Written by
Myat

Comments
Post a Comment