7 Elements To Build A Business Model

Business model (စီးပွားရေးပုံစံငယ်) ဆိုတာ အောင်မြင်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပင်မအရင်းမြစ်လို့တောင်ဆိုနိုင်ပါတယ်။
ဘယ်လောက်ပဲ အကြံဉာဏ်ကောင်းတာတွေရှိပါစေ၊ သူမတူတဲ့အရာတွေရှိပါစေ လုပ်ငန်းတစ်ခု စလိုက်ပြီဆိုတာနဲ့ အခက်အခဲဆိုတာရှိစမြဲပါ။ ကိုယ့်ရဲ့လုပ်ငန်းရပ်တည်နိုင်ဖို့နဲ့ အနာဂတ်အတွက်ရင်းနှီးမြုပ်နှံမှုအတွက် စီးပွားရေးလုပ်ငန်းတစ်ခုမှာလုံလောက်တဲ့ငွေကြေးပမာဏရှိဖို့လိုအပ်ပါတယ်။
များစွာသော စီးပွားရေးလုပ်ငန်းရှင်တွေက ပထမအစမှာ business model တစ်ခုကို ဆွေးနွေးမှုတွေ အစီအစဉ်ချမှုတွေနဲ့ စွန့်စားခန်းတစ်ခုလိုမျိုး စတင်ခဲ့ကြပါတယ်။ လုပ်ငန်းတစ်ခု ရေရှည်အောင်မြင်ဖို့အတွက် စွန့်စားခန်းတစ်ရပ်လိုပဲ ဒီလုပ်ငန်းကိုစမယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးကြည့်ပြီးဆုံးဖြတ်သင့်တယ်။🧐
ဥပမာ ''ဘယ်လို business model က ငါ့ရဲ့အတွေးအခေါ်တွေနဲ့ အကောင်းဆုံးအလုပ်ဖြစ်နိုင်သလဲ'' ဒါမှမဟုတ် ''ကိုယ့်ရဲ့အခုမှစမယ့်လုပ်ငန်းက မှန်ကန်တဲ့ရွေးချယ်မှုမျိုးကိုရော လုပ်နေရဲ့လားဆိုတာကိုယ်ဘယ်လိုသိနိုင်မလဲ '' အဲ့လိုမျိုးတွေအရင်ပြန်ပြီးကောက်ချက်ချကြည့်သင့်ပါတယ်။🙆🏻‍♀️
Business model တစ်ခုရွေးချယ်မယ်ဆိုရင် ကိုယ့်ရဲ့စားသုံးသူ (consumers) တွေရဲ့ ပြသနာတွေကို လုပ်ငန်းကနေဘယ်လိုမျိုးအချိတ်အဆက် မိမိနဲ့ သက်သာအောင်လုပ်ပေးနိုင်မလဲဆိုတာ သိအောင်လုပ်ခြင်းဖြင့် တစ်ခြားလုပ်ငန်းတွေနဲ့ယှဉ်ရင် ပိုပြီး အလုပ်ဖြစ်စေတယ်။
ရွေးချယ်စရာ business model တွေကတော့အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာမှ ဘယ်ဟာက ကိုယ့်လုပ်ငန်းနဲ့ပိုပြီးသင့်တော်မလဲဆိုတာ သိအောင်လုပ်ပြီးရွေးချယ်လို့ရပါတယ်။ 👍🏻
မှားလေ့ရှိတဲ့ အမှားတွေထဲကတစ်ခုက လုပ်ငန်းရှင်အချို့က business model တစ်ခုအသစ်ထပ်ပြီးဆန်းသစ်ကြည့်တာမျိုး၊ ပထမတစ်ခုကိုပြီးဆုံးအောင်မလုပ်ဘဲ ငွေကြေးလည်ပတ်မှု ကိုတစ်ခြားနည်းလမ်းတစ်ခုဖန်တီးပြီးရအောင်လုပ်မယ်ဆိုတာမျိုးတွေ ဖြစ်ပါတယ်။
ဒါက ရင်းနှီးမြုပ်နှံသူတစ်ယောက်အတွက်ဆိုရင်တော့ ဘာအထောက်အထားမှမရှိ၊ အမြတ်အစွန်း ရမရ မသေချာတဲ့လုပ်ငန်းတစ်ခုကို သွားပြီးရင်းနှီးမြုပ်နှံမိတယ်လို့ ခံစားရနိုင်လို့ သေချာဂရုစိုက်သင့်ပါတယ်။
ကိုယ့်ရဲ့စီးပွားရေးကိုယုံကြည်နိုင်အောင် ခိုင်လုံတဲ့ငွေကြေးလည်ပတ်မှု တစ်ခုရှိတယ်ဆိုတာကို business model ကတစ်ဆင့် ကိုယ်နဲ့အလုပ်တွဲလုပ်မယ့် ရင်းနှီးမြုပ်နှံသူတွေဆီက ယုံကြည်မှုကို ရအောင်လုပ်လို့ရပါတယ်။
ဒီနေ့မှာတော့ Beatrix ကနေပြီးတော့ အောင်မြင်ခဲ့တဲ့စီးပွားရေး လုပ်ငန်းတွေရဲ့နောက်ကွယ်က ဘာကြောင့်အောင်မြင်စေလဲဆိုတဲ့ business model (9)ခုရဲ့ခေါင်းစဉ်တွေကိုလေ့လာနိုင်အောင် ဖော်ပြပေးသွားမှာပါ။ထိုခေါင်းစဉ် (9) ခုကတော့ 👇🏻
1.Become The Middle Man( AKA the Warby Parker Model)
2.Become a marketplace
3.The subscription model
4.Customized everythings
5.On De-mand model
6.The modernized direct sales model
7.Freemium model
8.Reverse Auction
9.Virtual Good Model တွေပဲဖြစ်ပါတယ်။
💥အခုဖော်ပြသွားတဲ့ခေါင်းစဉ်တွေက ကိုယ်စိတ်ဝင်စားပြီးသိချင်တဲ့ခေါင်းစဉ်တစ်ခုကို comment မှာရေးသွားပေးပါ။
comment အများဆုံး ရတဲ့ ခေါင်းစဉ်အကြောင်းကို နောက်အပါတ်မှာ အကျယ်တဝင့် ရှင်းပြပေးသွားပါ့မယ်။
Business Model တစ်ခုကို ဘယ်လို တည်ဆောက်ကြမလဲ ... ⁉️
ကယ်တမ်းကျတော့ စီးပွားရေးလုပ်ငန်းတခုလုပ်တယ်ဆိုတာ အိမ်ဆောက်သလိုပါပဲ။ မဆောက်ခင်ကတည်း ကိုယ်လိုချင်တဲ့ပုံစံတွေကို စိတ်ကူးနဲ့ဖြစ်စေ၊ မှတ်သားလို့ရတဲ့ စာရွက်(သို့) အခြားသောအရာတွေနဲ့ဖြစ်စေ ပုံဖော်ကြရတယ်။ ဒါမှသေသပ်လှပပြီး ကိုယ်တကယ်လိုချင်တဲ့ အိမ်ပုံစံကို အမှားအယွင်းမရှိ ရလာမှာဖြစ်တယ်။
စီးပွားရေးလုပ်ငန်းတခုမှာလည်း ဒီတိုင်းပါပဲ။ လုပ်ငန်းသစ်တခုကိုစမလုပ်ခင် ထိုလုပ်ငန်းရဲ့ လုပ်သင့်လုပ်ထိုက်၊ ရှိသင့်ရှိထိုက်တဲ့ စီးပွားရေးပုံစံအိမ်ကလေးတလုံးကို စိတ်ကူးနဲ့အရင်ပုံဖော်ကြည့်ပြီး လိုအပ်တဲ့အစီအစဉ်တွေ ဆွဲထားမှသာ သေချာခိုင်မာတဲ့ စီးပွားရေးတခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဘာလို့ စီးပွားရေးပုံစံ ( Business Model) ဆွဲသင့်သလဲ?
✔️ဘာလို့လုပ်သင့်လည်းဆိုတော့ ယှဉ်ပြိုင်မှု အားသာချက်များစွာရှိပါတယ်။
✔️တိုးတက်မှုတွက် အစီအစဉ်ဆွဲခြင်းဖြစ်တယ်။
✔️ခိုင်မာသော ငွေကြေးရေးရာ တည်တံ့မှုကိုဖြစ်စေပါတယ်။
✔️ငွေချေးသူ၊ ရင်းနှီးမြုပ်နှံသူတွေနဲ့ အဆင်ပြေစေပါတယ်။
ကဲ..ဒါဆို စီးပွားရေးပုံစံကို ဘာကြောင့်လုပ်သင့်လည်းဆိုတာ သိပြီးပြီဆိုတော့ အခုတခါ အဲ့ဒီစီးပွားရေးပုံစံကို ဘယ်လိုတည်ဆောက်မယ် ၊ ဘယ်လိုမျိုးအချက်တွေကိုထည့်ရေးသင့်သလဲ ဆိုတာ ကိုကြည့်ကြရအောင် ..😎
ကောင်းမွန်တဲ့ စီးပွါးရေးပုံစံ (Business Model) တစ်ခုဖြစ်အောင် အောက်မှာပါတဲ့ အချက်(၇)ချက်နဲ့ တည်ဆောက်နိုင်ပါတယ်။
📍(၁) လုပ်ငန်းအတွက် မှန်ကန်တဲ့ပရိသတ် Audience ကိုရွေးချယ်သတ်မှတ်ပါ။
ပရိသတ်cကျယ်ကျယ်ပြန့်ပြန့် ထားတာဟာ မိမိရဲ့ကုန်စည်(သို့)၀န်ဆောင်မှုတွေကို အမှန်တကယ်လိုအပ် တဲ့ဖောက်သည်တွေဆီရောက်မယ်လို့ ခန့််မှန်းလို့မရပါ။ 👥
ဒါကြောင့် မိမိရဲ့စီးပွားရေးပုံစံကို ဆွဲကတည်းက မိမိရဲ့ ထုတ်လုပ်မှုတွေကို မည်သို့သော ၀ယ်ယူသူတွေထံ ရောင်းချမယ်ဆိုတာကို အသေးစိတ်ရေးပါ။
📍(၂) စီးပွားရေးလုပ်ငန်းစဉ်များကို ရေးဆွဲတည်ဆောက်ပါ။
မိမိ၏စီးပွားရေးလုပ်ငန်းကို မစတင်မီ ကိုယ့်ရဲ့ရေးဆွဲထားသည့် စီးပွားရေးပုံစံတိုင်း အလုပ်လုပ်ရန်လိုအပ်တဲ့ လုပ်ဆောင်များကို နားလည်ရန်လိုအပ်ပါသည်။ 🖋
စလုပ်ရမယ့်အရာတွေ နှင့် သူတို့နောက်ကနေ လိုက်လာမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြတ်သားစွာမြင်နိုင်အောင် စီးပွားရေးပုံစံဆွဲကတည်းက သေချာရေးသွင်းထားပါ။
📍(၃) အဓိကစီးပွားရေး အရင်းအမြစ် (Resources) များ ကို မှတ်တမ်းတင်ပါ။
နေ့စဉ်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များ၊ ဖောက်သည်အသစ်များရှာဖွေရန်နှင့် ရည်မှန်းထားသော ပန်းတိုင် သို့ရောက်ဖို့ ဘာတွေလိုအပ်လည်းဆိုတာကို မှတ်တမ်းတင်ပါ။🌱
📍(၄) အားကောင်းတဲ့ တန်ဖိုးအဆိုပြုချက်ကို တီထွင်ပါ။
မိမိ၏စီးပွားရေးလုပ်ငန်းများက ဘာတွေကို ၀န်ဆောင်မှုပေးနေတယ်၊ အဲ့ဒါတွေက ပြိုင်ဖက်တွေထက် အဘယ်သို့ပိုကောင်းအောင် လုပ်ပေးနိုင်တယ် ဆိုတာကို အတိအကျသတ်မှတ်ပေးခြင်းဟာ ခိုင်မာသောတန်ဖိုး အဆိုပြုချက်တခု၏ အစဖြစ်သည်။💪🏼
📍(၅) အဓိကစီးပွားရေး လုပ်ဖော်ကိုင်ဖက် (Business Partner) များကိုဆုံးဖြတ်ပါ။
ဖောက်သည်များကို ၀န်ဆောင်မှုပေးရန်၊စီးပွားရေးစွမ်းဆောင်ရည်များကို အထောက်အကူပြုစေရန် အဓိက လုပ်ဖော်ကိုင်ဖက်များမရှိဘဲ မည့်သည့်စီးပွားရေးလုပ်ငန်းမှ ကောင်းစွာသတ်မှတ်ထားသည့် ရည်မှန်းချက်ပန်း တိုင်ကိုမရောက်နိုင်ပေ။ 🤝
စီးပွားရေးပုံစံတခု ဖန်တီးတဲ့အခါ မိမိလုပ်ငန်းကို ထောက်ပံ့ပေးမယ့်သူတွေ၊ မဟာဗျူဟာ ကျကျ အလုပ်လုပ်နိုင်တဲ့သူတွေ နှင့် ကြေညာမိတ်ဖက်များကဲ့သို့သော အဓိက လုပ်ဖော်ကိုင်ဖက်များကို ရွေးချယ် ထည့်သွင်းထားပါ။
📍(၆) တစ်ဦးချင်း ၀ယ်လိုအားမျိုးဆက် မဟာဗျူဟာကိုဖန်တီးပါ။
ဖောက်သည်တဦးကို ၀န်ဆောင်မှုပေးလိုက်ခြင်းဖြင့် ထိုလူရဲ့ကျေနပ်မှုဟာ နောက်လူဘယ်နှစ်ယောက်အား ကူးစက်စေနိုင်ရမလဲ ဆိုတဲ့ ပစ်မှတ်တခုထားပါ။ 🗣
လူအများကို ၀န်ဆောင်မှုမပေးနိုင်သည့်တိုင် ကိုယ့်ဆီကိုရောက် လာတဲ့ ဖောက်သည်အနည်းစုကို ဘယ်လို၀န်ဆောင်မှုတွေပေးမယ်ဆိုတာကို အသေးစိတ်မှတ်တမ်းတင်ထားပါ။
📍(၇) တီထွင်ဆန်းသစ်မှုတွေအတွက် နေရာချန်ထားပါ။
လုပ်ငန်းတခုဖွင့်လှစ်ခြင်းနှင့် စီးပွားရေးပုံစံတခုတည်ဆောက်ရာတွင် သင့်၏စီးပွားရေးအစီအစဉ်သည် အယူအဆပေါင်းများစွာပေါ်တွင် အခြေခံနေပါတယ်။ 🧐
ငွေပေးချေကြမယ့်ဖောက်သည်များကို စတင်ပြီးလက်မခံမီထိ သင့်စီးပွါးရေးပုံစံဟာ သူတို့၏လိုအပ်ချက်တွေကို အမှန်တကယ်ဖြည့်ပေးနိုင်မယ့်လို့ သင်မသိနိုင်သေးပေ။
ထို့ ကြောင့် နောင်တွင်ဖြစ်လာမည့် အနာဂတ်တီထွင်မှုတွေတွက် စီးပွားရေးပုံစံမှာ နေရာချန်ထားရန်လိုအပ်ပါတယ်။
ပြီးတော့ သင့်၏ကနဦးဆွဲထားတဲ့ အစီအစဉ်ကို ငြိမ်သက်တဲ့စာရွက်စာတမ်းတခုလိုမထားဖို့ အရေးကြီးတယ်။ စီးပွားရေးပုံစံကို ဈေးကွက်အခြေအနေ၊ ဖောက်သည်များကို ကြိုက်နှစ်သက်မှု တွေကိုလိုက်ပြီး ပြန်လည်သုံးသပ်ပြီး လိုအပ်သည်များကို ပြောင်းလဲပေးနေဖို့ လိုအပ်ပါတယ်။
စီးပွားရေးပုံစံတခုရေးဆွဲရာမှာ လိုအပ်တဲ့အချက်တွေနဲ့ ထည့်ပေးသင့်တဲ့ အကြောင်းအရာတွေတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် လူကြီးမင်းတို့အနေဖြင့် အရေးတကြီးနဲ့အရေးတယူလုပ်သင့်တဲ့ အဓိကအချက်(၇)ချက်ကို ပဲ ဒီနေရာမှာ အကြံပြုရင်းရေးသားပေးထားပါတယ်။
အထက်ပါ အကြံပြုချက်(၇)ချက်ကို ပိုင်နိုင်အောင်လုပ်ထားခြင်းဟာ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်း အောင်မြင်မှုကိုအားဖြည့်ပေးနိုင်သည့် ခိုင်မာသော စီးပွားရေးပုံစံ(သို့)အစီအစဉ်တခုကို ဖန်တီးရာတွင် များစွာသော အထောက်အကူကိုပြုပေးမှာတော့ မလွဲဧကန်ပါပဲ။🌟
ကြံသမျှအလုပ်တိုင်းအကောင်ထည်ဖော်နိုင်ပြီး လုပ်သမျှအလုပ်တိုင်း အောင်မြင်ကြပါစေ 🤗
Written by
Yune &
Kyaw Nyein(YAU)

Comments

Popular posts from this blog

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

ဘယ်လုပ်ငန်းအမျိုးအစားမဆို ​အောင်မြင်ဖို့အတွက် သိထားရမယ့် အရေးပါဆုံး Service Management အကြောင်း🏆

Facebook က ကျွန်မတို့ကိုအဆိပ်သင့်စေနေပြီလား🙁