အရိုးရှင်းဆုံး အိုင်ဒီယာတွေနဲ့ ပြောင်မြောက်တဲ့ ကြော်ငြာ (၉) ခု 🤩

✍️ကြော်ငြာတစ်ခု ဖန်တီးတော့မယ်ဆိုရင် ငွေကြေးတွေ အများကြီး မြုပ်နံရသလို အချိန်တွေလည်း ပေးဆပ်ရပါတယ်။ ရင်းနှီးထားရသလောက်လည်း Return on Investment(ROI) ပြန်လိုချင်တာက လုပ်ငန်းတိုင်းလိုလိုပါပဲ။ သို့ပေမဲ့လည်း ကြော်ငြာတွေ အများကြီးရှိတဲ့ထဲကမှ မိမိ ကြော်ငြာတစ်ခုထဲ ပေါက်သွားဖို့ဆိုတာ ခက်ခဲပါတယ်။
❗️😎ဒါပေမဲ့ ဒီခက်ခဲတဲ့အရာကို လုပ်နိုင်ခဲ့တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ သူတို့က အရိုးရှင်းဆုံး အိုင်ဒီယာ ကို Risk အနည်းငယ်နဲ့ Creativity ထည့်ပြီး အောင်မြင်သွားတာပါ။
ဒါကြောင့် ဒီနေ့မှာ အားလုံးပဲ လေ့လာနိုင်အောင် အရိုးရှင်းဆုံး အိုင်ဒီယာတွေနဲ့ အထိရောက်ဆုံး ဖမ်းစားသွားနိုင်တဲ့ ကြော်ငြာ Campaign (၉) ခု အကြောင်း ပြောပြသွားချင်ပါတယ်။
တစ်ချိန်ထဲမှာပဲ ဒီ Campaign တစ်ခုချင်းစီရဲ့ သင်ခန်းစာ(Key Takeaway) တွေကိုပါ တစ်ခါထဲ ပြောပြပေးပါမယ်။
(Ad တစ်ခုချင်းစီရဲ့အကြောင်းကို ဆက်လက်ဖတ်ရန် ပုံတစ်ပုံချင်းစီ နှိပ်ကြည့်ပေးပါ။)
Written by
Ei Myatnoe Aung
Thai Ads
https://www.youtube.com/watch?v=Mwfofx2M3Jw
https://www.youtube.com/watch?v=MyNzyqcyq04

Emotional Marketing သုံးလေ့ရှိတဲ့ နောက်ကြော်ငြာတွေကတော့ ထိုင်းကြော်ငြာတွေပါ။ ပုံမှန် အပြင်မှာ ဖြစ်နေကျ အဖြစ်အပျက်လေးတွေကို သေချာရိုက်ကူးပြီး ကြည့်ရှုသူတွေကို တွေးစရာတစ်ခုခုဖြစ်သွားစေတဲ့နေရာမှာ ထိုင်းကြော်ငြာတွေလောက် တော်တာ ကျွန်မ မမြင်ဖူးပါဘူး။ ဒီလို ခံစားချက်တွေကို ရိုးရိုးရှင်းရှင်းလေး ရိုက်ကူးပြနိုင်တဲ့အတွက်လည်း ထိုင်းကြော်ငြာတွေက ပိုအောင်မြင်လာတာလို့ မြင်မိပါတယ်။ 😭🥺😁😍

ထိုင်းကြောငြာတွေရဲ့ ထူးခြားတဲ့ နောက်တစ်ချက်ကတော့ နောက်ဆုံးထိ ဘာကို ကြော်ငြာမှန်း မသိပဲ ဆွဲခေါ်သွားတာမျိုးပါ။ ဒါကို Curiorsity Marketing လို့လည်း ခေါ်ကြပါတယ်။ 🧐🧐
ကြော်ငြာအစကနေ နောက်ဆုံးအထိ ဘာကို ကြော်ငြာမှန်းမသိပဲ ကြည့်ရှုသူတွေကို စိတ်ဝင်စားအောင်လုပ်ပြီး နောက်ဆုံးမှာ ဘွားခနဲ Product ကို ကြော်ငြာလိုက်တာပါ။ ဒီလို ဘာမှန်းမသိအောင် ကြော်ငြာတယ်ဆိုပေမဲ့နော် သူတို့ရဲ့ Product လမ်းကြောင်းကနေ ဘယ်တော့မှ ချော်မထွက်သွားတာက ချီးကျူးစရာကောင်းလှပါတယ်။ နောက်ဆုံး ကြော်ငြာတဲ့ Product ကို သဘောပေါက်သွားရင်လည်း အော် ဒီလိုကိုးဆိုပြီး Story နဲ့ Product နဲ့ ကိုက်အောင် ဖန်တီးနိုင်ပါတယ်။

🧐Key Takeaway
ကိုယ့်ရဲ့ Product ကို တည့်ကြေငြာတာထက်စာရင် လူတွေရဲ့ ရင်ထဲကို ထိနိုင်မဲ့ Story လေးတွေ ထည့်ပေးပါ။ လူတွေရဲ့ စိတ်ထဲမှာ မပြောဖြစ်တဲ့ စကားတွေ၊ မတွေ့ဖြစ်တဲ့သူတွေ၊ မြိုသိပ်ထားတဲ့ ခံစားချက်တွေကို ပေါ်လွင်အောင် ရိုက်ပြပါ။ ဒီလို ကြော်ငြာတွေက ဝယ်သူတွေကို ဆွဲဆောင်သွားနိုင်ပါတယ်။

တခါတလေ ရိုးရိုးလေးတွေကပဲ လူတွေရဲ့ အာရုံကို ဖမ်းစားသွားတတ်ပါတယ်။ ကြော်ငြာကို ကြည့်တဲ့အခါမှာလည်း ကြော်ငြာကြီးပါကွာဆိုပြီး မပြောနိုင်လောက်အောင် Story လေးနဲ့ Design အမိုက်စားအတွက် ရင်းနှီးမြုပ်နှံပေးပါ။ ဒီဘက်ခေတ်မှာ Visual Design လောက်အားကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် ကိုယ့်ကြော်ငြာမှာ ထည့်သွင်းမဲ့ Story, Design, Emotion တွေကို သေချာလေ့လာပါ။ ရံဖန်ရံခါလည်း ဟာသနှောပြီး ကြော်ငြာတာမျိုးလေးက အလုပ်ဖြစ်ပါတယ်။

Curiorsity Marketing ကို သုံးကြည့်ပါ။ ဒီနေရာမှာ ကိုယ်ကြော်ငြာမဲ့ Product နဲ့ ကိုယ်သုံးထားတဲ့ Story Line က ကိုက်ညီနေရပါမယ်။ မဆက်စပ်တဲ့ အရာနှစ်ခုကို အတင်းလိုက်စပ်နေရင် ကြည့်တဲ့အခါ ကိုးလို့ကန့်လန့်ကြီး ဖြစ်နေမှာပါ။ ဒီလို Story Line တွေ ဖန်တီးတဲ့နေရာမှာ Emotion တွေ လှုံ့ဆော်ပေးပါ။ လျို့ဝှက်သည်းဖို၊ Melodrama၊ Comedy စတဲ့ Genre တွေနဲ့ ပေါင်းပေးမယ်ဆိုရင် ပိုစိတ်ဝင်စားစရာကောင်းပါတယ်။


❓Is Pepsi Ok? Take advantage of the your rumors
Pepsi: More than OK (Video Link)
https://www.youtube.com/watch?v=64UH1_D95gQ

တစ်ခါတလေ ကိုယ့် ပြိုင်ဘက်တွေနဲ့ ယှဉ်ရတဲ့အခါမျိုးတွေ ရှိပါတယ်။ ဒီလို အခြေအနေကို Pepsi က ညဏ်ရှိရှိနဲ့ တုံ့ပြန်ခဲ့တာပါ။

အမေရိကန်မှာ Coke ပေးပါလို့ Customer ကပြောရင် Waiter တွေက “Is Pepsi Okay?” လို့ မေးကြပါတယ်။ တကယ်ဆို Cola မှာဆိုရင် Coca Cola ရော၊ Pepsi ရော ရှိတာကို အမြဲတမ်း “Is Pepsi Okay?” ပဲမေးလာတော့ Pepsi က ဒီကြော်ငြာကို ဖန်တီးပြီး တုံ့ပြန်လိုက်တာပါ။ 🆗❗️

ကြော်ငြာထဲမှာ Steve Carell က ဟာသဆန်ဆန် Pepsi is More than Okay ဆိုပြီး ထိထိမိမိ ရှင်းပြသွားပြီး အဲ့နောက်မှာတော့ Cardi B နဲ့ Lil Jon ကို ထည့်ပြီး ကြော်ငြာကို ပို Quality မြှင့်လိုက်တာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ Pepsi က သူ့ Brand နဲ့ ပတ်သက်တဲ့မေးခွန်း “Is Pepsi Okay?” ကို “Pepsi is More Than Okay” ဆိုပြီး ရှင်းလိုက်တာပါ။ 👨‍🏫👩‍🎤👨‍🎤

🧐Key Takeaway
ကိုယ့် Brand နဲ့ ပတ်သက်ပြီး လူပြောများနေတဲ့ စကားဝိုင်းတွေကို နားဆင်ပါ။ အထူးသဖြင့် ကိုယ့် Brand ကို Downgrade လုပ်နိုင်တဲ့ စကားဝိုင်းတွေကို ဒီထက် ပိုဆိုးလာအောင် လွှတ်မထားပါနဲ့။ ဖြေရှင်းတဲ့နေရာမှာလည်း အရမ်းကြီး Serious လုပ်မဲ့အစား ပေါ့ပေါ့ပါးပါးလေးနဲ့ ထိထိမိမိဖြစ်အောင် ဖြေရှင်းပါ။


🍔Google Home of the Whopper - Use experience - trolling
Google Home of the Whopper Ad (Video Link)
https://www.youtube.com/watch?v=OUj8SUoJ-ZM

15 စက္ကန့်သာ ကြာမြင့်တဲ့ ဒီ TV ကြော်ငြာဟာ 2017 ခုနှစ် Cannes
Lion ဆုပေးပွဲမှာ Top Creative Award ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် Social Media Return အနေနဲ့လည်း 135 Million အထိ ရရှိခဲ့ပါတယ်။ 👏👏

TVကြော်ငြာတွေရဲ့ သဘောသဘာဝအရ အချိန်ကြာကြာ ကြော်ငြာလေလေ စျေးကြီးလေဖြစ်ပါတယ်။ ဒါကြောင့် Burger King ဟာ 15 စက္ကန့်သာ အသုံးပြုပြီး ကြော်ငြာတစ်ခုကို ထွင်လိုက်ပါတယ်။ ကြော်ငြာထဲမှာဆိုရင် Burger King ရဲ့ Waiter တစ်ယောက်က Whopper Burger(Product အသစ်) အကြောင်း ရှင်းပြမလို့ လုပ်နေရင်း 15 စက္ကန့်ပဲရှိတဲ့အတွက် Google ရေ မင်းသာဆက်ရှာပြီး ပြောပြပေးလိုက်ပါတော့ကွာဆိုပြီး ပြောထားတာပါ။ 🗣

ဒီတိုင်းကြည့်ရင် ရိုးရိုးကြော်ငြာတစ်ခုလို့ ထင်ရပေမဲ့ ဒီကြော်ငြာထုတ်လွှင့်ပြီးနောက်ပိုင်းမှာ လူတွေက အကုန် ကြော်ငြာကိုဖွင့်ပြီး သူတို့ဖုန်း၊ Laptop တွေနဲ့ တကယ်အလုပ်လုပ်မလုပ် လိုက်စမ်းကြည့်ကြပါတော့တယ်။ ဒီလို စမ်းကြည့်တဲ့ Video တွေဟာ ဟိုးလေးတကျော်ကျော် ဖြစ်သွားပြီးတော့ အချိန်တိုအတွင်းမှာပဲ ကြော်ငြာပေါက်သွားပါတော့တယ်။ 🔥

ဒီကြော်ငြာလေးက ရှိနေတဲ့ Technology ကို သူတို့ကြော်ငြာအတွက် ကောင်းကောင်းအသုံးချနိုင်သွားတာပါ။ အချိန်ခဏလေးအတွင်းမှာ Return အများဆုံးရအောင်လုပ်တဲ့ တကယ်ကို ထက်မြက်တဲ့ အိုင်ဒီယာလို့ပြောရပါမယ်။ 😎🤩

Ads တွေကို အခုလို Technology နဲ့ ပေါင်းပြီး သုံးဖို့ဆိုတာ ဆန်းသစ်တဲ့ အိုင်ဒီယာတစ်ခုဖြစ်ပြီး ကြော်ငြာလောကမှာ လမ်းအသစ်ဖောက်ပေးလိုက်တာပါ။

🧐Key Takeaway
သမရိုးကျ ကြော်ငြာနည်းတွေကနေ ရုန်းထွက်ဖို့ ကြိုးစားကြည့်ပါ။ ဒီနေရာမှာ တတ်နိုင်သလောက် အခြား Technology တွေနဲ့ လက်တွဲကြည့်ပါ။ (Burger King က Google ရဲ့ ခွင့်ပြုချက်မပါပဲ Paid Ads မှာ Google Home ကို အသုံးပြုခဲ့တဲ့အတွက် Google ဘက်က သဘောမကျခဲ့ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ လက်တွဲပြီး လုပ်တာ ပိုပြီး အန္တရာယ်ကင်းနိုင်ပါတယ်။)


🍗😲KFC - Fck apology
ရုတ်တရက်ကြည့်မယ်ဆိုရင် ဘာလဲဟဆိုပြီး ဖြစ်သွားနိုင်ပါတယ်။ အတွေးမစောပါနဲ့ဦး။ တကယ်တော့ ဒီ Campaign ဟာ KFC ရဲ့ တောင်းပန်စာတဖြစ်လဲ Marketing ခြေလှဖြစ်ပါတယ်။ ဒါပေမဲ့ သမရိုးကျ Marketing Campaign တော့ မဟုတ်ခဲ့ပါဘူး။

ဇာတ်လမ်းက နဲနဲတော့ ရယ်ရတယ်။ 2018 ခုနှစ် မှာ KFC ဟာ ပထမဆုံးအနေနဲ့ UK KFC Chain မှာ ကြက်သား Stock ပျက်သွားပါတယ်။ ဒါကြောင့် Customer တွေအနေနဲ့ အမျက်ဒေါသထွက်ခဲ့ပြီး Complaint တွေ တက်ခဲ့တာပါ။ 😡❌🍗

ဒါပေမဲ့ ဒီလို အခက်အခဲကို KFC က ညဏ်ရှိရှိ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ KFC ရဲ့ အစစကားလုံးသုံးလုံးကို KFC ကို FCK လို့ စီပြီး အစဉ်အလိုက်ပြန် စီပြီး ကြက်ကြော်ဘူးတွေမှာ ပုံနှိပ်ခဲ့တာဖြစ်ပါတယ်။ 🤯✍️

ဒီလို လုပ်ရခြင်းအကြောင်းအရင်းကတော့ ကြက်ကြော်ဆိုင်က ကြက်ကုန်သွားတယ်လို့ကွာ Fuck ရှက်စရာကောင်းလိုက်တာဆိုပြီး ဟာသဆန်ဆန် ကိုယ့် ကုမ္ပဏီကို သရော်ထားတာပါ။ ဒီလို သရော်တဲ့စကားလုံးဟာ Customer တွေရဲ့ Complaint ထဲမှာ အတွေ့အများဆုံး စကားလုံးဖြစ်သွားသလို ရုံးထဲမှာလည်း Complaint တွေ ဖြေရှင်းရင်း ထွက်ထွက်လာတဲ့ စကားလို့ ဆိုပါတယ်။
ဒီကနေ အိုင်ဒီယာရလာပြီး FCK Apology Campaign ကို စတင်ခဲ့တာပါ။

ကံကောင်းစွာပဲ ဒီလို ရဲတင်းတဲ့အကွက်ကို Customer တွေက ဟာသဆန်ဆန် လက်ခံခဲ့ပြီး ဖြစ်နေတဲ့ ပြသနာကနေ အနည်းငယ် အာရုံပြောင်းနိုင်ခဲ့ပါတယ်။ တောင်းပန်စာကိုမှ အကောင်းဘက်က ချဉ်းကပ်နိုင်ခဲ့ပြီး အတော်ကို Creative ဖြစ်တယ်လို့ ဆိုရမှာပါ။ 🥳

🧐Key Takeaway
မိမိလုပ်ငန်းမှာ ရုတ်တရက် ပြသနာတက်လာပြီဆိုရင် ဝန်ခံပြီး တောင်းပန်ပါ။ တောင်းပန်တဲ့နေရာမှာလည်း Creative ဆန်ဆန် စဉ်းစားပါ။ တစ်ချိန်ထဲမှာပဲ ဒီလိုတောင်းပန်တာကနေတဆင့် ဘယ်လို အကျိုးအမြတ်တွေ ရအောင်လုပ်မလဲဆိုတာကို တပါထဲတွေးကြည့်ပါ။

KFC ဟာ အကြပ်အတည်းအတွင်းမှာ ဟာသဆန်ဆန် ကိုယ့်ကိုယ်ကို ပြန်သရော်ပြီး ဘယ်လို နာလန်ထူသွားလဲဆိုတာကို ကြည်နိုင်ပါတယ်။ ဒီလို ခြေလှမ်းက မကောင်းတဲ့ ပုံရိပ်ကနေ ကိုယ့်Brandကို ပိုကောင်းတဲ့ လမ်းစကို ပို့ပေးနိုင်ပါသေးတယ်။


🌎Google Year in Search (2009 - Present)
Google Year in Search 2019(Video Link)
https://www.youtube.com/watch?v=ZRCdORJiUgU

2009 ခုနှစ်မှာ တစ်နှစ်တာ အရှာဆုံး Topic များနာမည်နဲ့ Report ထုတ်ခဲ့ပြီး နောက်နှစ်မှာတော့ 3 min စာ Video ကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။ 2009 ခုနှစ်ကနေ စတင်လာခဲ့တဲ့ Google ရဲ့ Year in Search ဟာ နှစ်စဉ်နှစ်တိုင်း Update လုပ်လာတာဖြစ်ပါတယ်။တစ်နှစ်တာမှာ Google အသုံးပြုသူတွေက ဘယ်လို အရာတွေကို ရှာထားလဲဆိုတာ ပြုစုပြီး မိနစ်ပိုင်းVideo လေးဖန်တီးလိုက်တာပါ။ 🔍

Google Year in Search က ကြော်ငြာလို့တော့ ပြောလို့ရမယ်မထင်ပါဘူး။ နှစ်စဉ်နှစ်တိုင်း လုပ်လာတဲ့ အစဉ်အလာတစ်ခုလို့ ပြောရင် မှန်မယ်ထင်ပါတယ်။ ဒီ Video တွေရဲ့ ထူးခြားတဲ့ အချက်ကတော့ ရှာဖွေထားတဲ့ အချက်အလက်တွေနဲ့အတူ တကယ့်လက်တွေ့ လူတွေအချင်းချင်း ရိုင်းပင်းကူညီမှု၊ ကူညီဖေးမမှုတွေနဲ့ ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။ ရိုးရိုး Search Result တွေပဲ သိနိုင်တာမဟုတ်ပဲနဲ့ ရင်ထဲပါနွေးထွေးသွားစေပြီး လူသားချင်းစာနာမှုတွေကို ပေါ်လွင်စေတာက ထင်ရှားစေတာပါ။ Emotinal Marketing နဲ့ Factual Marketing ကို ပေါင်းစပ်ထားတာလို့ မြင်မိပါတယ်။ 👍🤝

🧐Key Takeaway
Google Year in Search ကနေ သင်ယူနိုင်တာကတော့ Emotional Marketing ကို Facts တွေနဲ့ မပျင်းရိအောင် ပေါင်းစပ်ပေးထားတာပါ။ ထည့်သွင်းထားတဲ့ Information တွေကလည်း တကယ်ကို လူတွေသိချင်မဲ့ အကြောင်းအရာတွေ ဖြစ်သင့်ပါတယ်။ ဒါမှသာ Google Year in Search လို နှစ်ရှည်လများကြာအောင် ရပ်တည်နိုင်မှာဖြစ်ပါတယ်။



🍺Heineken Go Places - HR Campaign
Go Places with Carlos - Working at HEINEKEN (Video Link)
https://www.youtube.com/watch?v=_OmFQzBuTsU

လုပ်ငန်းတစ်ခုတိုးတက်ဖို့အတွက်က ထူးချွန်တဲ့ ဝန်ထမ်းကောင်းတွေ ရှိမှ ပိုပြီး ဖြစ်နိုင်တာပါ။ ဒီလိုအပ်ချက်ကို ကောင်းကောင်း နားလည်တဲ့ Heineken ဟာ ဝန်ထမ်းကောင်းရှာဖို့အတွက် Go Places ဆိုတဲ့ Campaign တစ်ခုကို 2016 မှာ စတင်ခဲ့ပါတယ်။ 🥳

Campaign အစမှာတော့ ကမ္ဘာတစ်ဝန်း သူတို့ရဲ့ Brand မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း အကြောင်းကို စက္ကန့်ပိုင်းသာ ကြာမြင့်တဲ့ Video ရိုက်ကူးခဲ့ပါတယ်။ Video ထဲမှာဆိုရင် ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ သူမတူတဲ့ Story တွေနဲ့ Heineken မှာ အလုပ်လုပ်တာနဲ့ ပတ်သက်တဲ့ Story လေးတွေကို ထိထိမိမိ ပြောပြပေးသွားတာပါ။ 🔍👩‍💻

ဒီ Campaign ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တော်ပြီး ထက်မြက်တဲ့ ဝန်ထမ်းတွေကို လာလျှောက်စေချင်လို့ဖြစ်ပြီး Go Places ဆိုတဲ့ နာမည်အရ ငါတို့နဲ့ လက်တွဲမယ်ဆိုရင် ကမ္ဘာတစ်ဝှမ်း ခြေဆန့်နိုင်တယ်လို့ မက်လုံးပေးထားတာဖြစ်ပါတယ်။ Campaign အတွင်းမှာလည်း လက်ရှိဝန်ထမ်းတွေအကြောင်းကို Cover လုပ်ထားတဲ့အတွက် စိတ်ဝင်စားမှုကို ပိုမြင့်တက်လာစေခဲ့ပါတယ်။ 👏

2016 မှာ ပြီးသွားတဲ့ Campaign ဟာ Performance ကောင်းမွန်ခဲ့တဲ့အတွက် 2019 မှာတော့ ဒီ Campaign ကို အသက်ပြန်သွင်းခဲ့ပါတယ်။ ဒီအခါမှာ Social Media၊ အခြား ကြောငြာ Media တွေ၊ အလုပ်ရှာတဲ့ Site တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာအနှံ့ဖြန့်ကြက်ခဲ့ပါတယ်။

🧐Key Takeaway
မိမိမှာ တကယ်ရှိတာကို အသုံးချဖို့ မမေ့ပါနဲ့။ ဒီနေရာမှာ Heineken က ဝန်ထမ်းကောင်းတွေကို ဖိတ်ခေါ်ချင်တယ်။ ဒါဆိုရင် ဝန်ထမ်းတွေ လာချင်အောင် လက်ရှိ ဝန်ထမ်းတွေ ဘယ်လို အောင်မြင်နေကြောင်း ပြရပါမယ်။

ကိုယ့်ရဲ့ Brand မှာ မပြောပဲချန်ထားမိတဲ့ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကို လက်တွေ့အသုံးချပါ။ ဒီလို Strategy က Branding အတွက်လဲ အလွန်အသုံးဝင်ပါတယ်။ ဝန်ထမ်းကို လေးစားပြီး တစ်ညီတစ်ညွှတ်ထဲရှိနေတယ်ဆိုတာသိရရင် Customer တွေဘက်ကလည်း ဒီ Brand အပေါ် ပိုကောင်းတဲ့ အမြင်တွေ ရှိလာမှာပါ။ လူ့သဘာဝအရလည်း အခြားလူတွေရဲ့ သူမတူတဲ့ Story တွေကို စိတ်ဝင်စားတတ်ကြတဲ့အတွက် ဒီလို ဝန်ထမ်းတွေအကြောင်းကို တင်ပေးတာကလည်း အသုံးဝင်နိုင်ပါတယ်။


🍺❓Carlsberg Probably Not
ကိုယ့်Brand ရဲ့ အပြစ်ကို ပေါ်တင်ဝန်ခံဖို့ဆိုတာ တော်ရုံသတ္တိနဲ့တော့ မဖြစ်နိုင်ပါဘူး။ ပှံမှန်ဆို ငါတို့က အကောင်းဆုံးပါ၊ အတော်ဆုံးပါလို့ ပြောတဲ့နေရာကနေ မဟုတ်ဘူး ငါတို့က အတော်ဆုံးတော့ မဟုတ်လောက်ဘူးလို့ ကြော်ငြာလိုက်တာဟာ ဆန်းသစ်သလို အန္တရာယ်လည်း နည်းနည်းများပါတယ်။ 😲😬

ဒါပေမဲ့ ဒီလို အန္တရာယ်တွေ ကြားထဲမှာ ကိုယ့်ကိုယ်ကို ပုတ်ချပြီး Ads of the Year ဆုကို ဆွတ်ခူးသွားတဲ့ ကြော်ငြာတစ်ခုရှိပါတယ်။
သူကတော့ Carlsberg ဘီယာ Brand ရဲ့ Probably Not ဆိုတဲ့ ကြော်ငြာလေးပါ။ ဒီကြော်ငြာမှာတော့ အဓိက သူ့ Customer တွေကို ပွင့်ပွင့်လင်းလင်း ချပြခဲ့တာပါ။ ငါတို့က အကောင်းဆုံးတော့ မဟုတ်လောက်ဘူး(Probably Not) ဆိုတဲ့ ကြော်ငြာ Campaign ကို စတင်ခဲ့တာပါ။ 🥶

အချိန်တွေကြာလာပြီးနောက်ပိုင်းမှာ Customer တွေက Carlsberg ကို အကောင်းဆုံး Beer လို့ မမြင်ကြတော့ပါဘူး။ ဒါကြောင့် လုပ်ငန်းအတွက် အခက်အခဲတွေ ပေါ်လာပါတယ်။ ဒါကြောင့် Carlsberg က သူတို့ရဲ့ Beer Brand အသစ်ကို ထုတ်လုပ်လိုက်ပါတယ်။ ✨🍻✨

ဒီ Brand ကို သူတို့ ကြော်ငြာဖို့အတွက် စဉ်းစားတဲ့အခါမှာ ဒီတိုင်း ရိုးရိုးအရင်လို ကြော်ငြာတာထက်စာရင် ထူးခြားတဲ့နည်းကို ပိုသုံးသင့်တယလို့ သူတို့ဆုံးဖြတ်လိုက်ပါတယ်။ 😎

“ငါတို့က ကမ္ဘာပေါ်က အကောင်းဆုံးသော Beer မဟုတ်လောက်ပါဘူး။ ဒါကြောင့် ငါတို့ ပြောင်းလဲလိုက်ပါပြီ” ဆိုတဲ့ Tagline နဲ့ Campaign ကို စတင်ခဲ့တာပါ။
တစ်ချိန်ထဲမှာပဲ Social Influencer တွေကို သူတို့ရဲ့ Campaign နာမည်နဲ့ ပတ်သက်ပြီး Promote လုပ်စေခဲ့ပါတယ်။ တဖြည်းဖြည်း Campaign က လူတွေကြားမှာ ဟိုးလေးတကျော်ကျော် ဖြစ်လာပြီဆိုမှသာ သူတို့ရဲ့ Beer Brand အသစ်ကို မိတ်ဆက်လိုက်ပါတယ်။

Customer တွေကို Beer အသစ်ကို စိတ်ဝင်စားလာဖို့အတွက် Poster တွေကို နေရာအနှံမှာ အသုံးပြုခဲ့ပြီး Digital Program တွေကို အသုံးပြုကာ သူတို့ရဲ့ Beer ကို ကြော်ငြာခဲ့ပါတယ်။ နောက်တစ်ဆင့်မှာတော့ Social Media မှာ Brand နဲ့ ပတ်သက်ပြီး မကောင်းတဲ့Comment တွေကို အသေးစိတ် Reply လုပ်ခဲ့ပြီး ပြန်ဖြေရှင်းပေးတဲ့အနေနဲ့ သူတို့ရဲ့ ဘီယာ တစ်ပိုက်ကို လက်ဆောင်ပေးခဲ့ပါတယ်။ 🥳

🧐Key Takeaway
ကြော်ငြာဖို့ပဲ စိတ်မစောပါနဲ့။ တစ်ဆင့်ချင်းစီ သွားပါ။ ကိုယ့်အပေါ်မှာ မကောင်းတဲ့ ပုံရိပ်လွှမ်းမိုးနေတယ်ဆိုရင် ဒါကို အရင် ဖြေရှင်းပါ။ နောက်မှ ဖြေရှင်းချက်နဲ့အတူ Product အသစ်တွေ၊ Update တွေကို ထိရောက်စွာ ကြော်ငြာပါ။ ကြော်ငြာတဲ့အခါမှာလည်း မိမိ Brand နဲ့ ပတ်သက်တဲ့အရာတွေအကုန်လုံးကို ဖြေရှင်းပါ။


👩‍🎨Japanese Ads Using Animes
Japanese Anime Ad (Together Forever by Marukome Brand) (Video Link)
https://www.youtube.com/watch?v=Cr1Sg9t1Ei0

ဂျပန်Animation တွေကို ကျွန်မတော့ အနုပညာတစ်မျိုးလို့တောင် တင်စားချင်ပါတယ်။ တကယ့်အသေးစိတ်လေးတွေကအစ လက်တွေ့ဆန်အောင်(အပြင်မှာထက်တောင် ပိုလှအောင်) ဆွဲပြထားပြီး Emotion တွေနဲ့ တည်ဆောက်ထားတဲ့ Story ကို ကြည့်ရင်းအချိန်ကုန်မှန်းမသိ ကုန်သွားကြဖူးမှာပါ။ 😮

ဒီလို အားသာချက်တွေပြည့်နေတဲ့ ဂျပန် Animation တွေကို ကြော်ငြာတွေမှာ သုံးလိုက်တဲ့အခါ တစ်ခါထဲကို ပွဲပြီးသွားပါလေရော။ ကြော်ငြာပဲ ကြည့်လိုက်တာလား၊ ဇာတ်ကားတစ်ကားကိုပဲ ကြည့်လိုက်တာလား ဆိုပြီး ဝေခွဲမရအောင်ကို ကြော်ငြာက Quality တက်သွားပါတယ်။ 💥

ဒါကြောင့် ကြော်ငြာမှန်းသိရက်နဲ့ကို ပြီးအောင် ထိုင်ကြည့်ဖြစ်ပြီး ကျွန်မတို့တွေတောင်သတိမထားမိပဲ ဒီ Brand တွေက ကျွန်မတို့ရဲ့ စိတ်ထဲ ဝင်ရောက်လာပါတယ်။(Marketing အလုပ်ခံရရင်တောင် ကျေနပ်စေနိုင်တဲ့ Animation တွေပါနော်။)

လတ်တလော ဥပမာကို ပြောပါဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ဆေးရုံဆောက်လုပ်ရေး ကြော်ငြာကို Japan Animation လေးအကြောင်း ပြောပြချင်ပါတယ်။ ရန်ကုန်မြို့ရဲ့ စျေးလမ်းလေးတွေ၊ Uniform လေးတွေ၊ Tourist Spot လေးတွေကို အသေးစိတ်ကအစ ဆွဲပြသွားနိုင်တာဟာ တော်လွန်းပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ ကြားမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားတာကို သတိထားမိကြမှာပါ။ ကြော်ငြာကြီးပဲသက်သက် မဟုတ်ပါဘူး။ Quality ရှိတယ်၊ Storyline ရှိတယ်ဆိုရင် လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်မှာ အမှန်ပါပဲ။ 🤩

နောက်တစ်ခု ဂျပန်ကြော်ငြာတွေတော်တာက Emotional Marketing ပါ။ Animation ကြီးပါကွာလို့ မပြောရက်အောင်ကို ကျွန်မတို့ရဲ့ ခံစားချက်တွေကို ထည့်သွင်းရေးဆွဲတတ်ပါသေးတယ်။ ဒါကို တစ်နည်းအားဖြင့် Emotional marketing ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ထဲက ခံစားချက်တွေကို အခြေခံပြီး Animation တွေကတဆင့် ကြော်ငြာလိုက်တဲ့အခါ ဝယ်သူတွေရဲ့ စိတ်ကို ဖမ်းစားနိုင်သွားပါတယ်။


🥤Share a Coke - Coca Cola
Share a Coke TVC - Father & Son (Video Link)
https://www.youtube.com/watch?v=8LsDyi01-_U

2015 လောက်မှာ ကျွန်မတို့ နာမည်အစစာလုံးပါတဲ့ Coca Cola ဘူးတွေ လိုက်ရှာဝယ်တဲ့ အချိန်ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ကျွန်မဆိုလည်း အဲ့အချိန်က တက္ကသိုလ် တက်နေတုန်းဆိုတော့ စတိုးဆိုင်တွေထဲ ကိုယ်တောင် မသိလိုက်ပဲ ကိုယ့်နာမည်ပါတဲ့ ဘူးတွေကို ရွေးဝယ်ဖူးသေးတယ်။ 🤗
Social Media တစ်ခွင်မှာလည်း Hashtag Shareacoke နဲ့ တင်တဲ့သူတွေက တင်၊ Hashtag မပါပဲ သက်သက်တင်တဲ့သူတွေကတင်နဲ့ မသိရင် ကိုယ့်နာမည်ပါတဲ့ ဘူးလေးတွေ့လိုက်ရင်ဖြင့် ထီပဲပေါက်သွားသလိုလို။ 🤩😅

တကယ်တော့ အဲ့ဒီ Campaign ရဲ့ နာမည်က Coca Cola ရဲ့ အအောင်မြင်ဆုံး Marketing Campaign တွေထဲကတစ်ခုဖြစ်ပြီး Marketing လောကမှာလည်း ချီးကျူးခံခဲ့ရတဲ့ Campaign ဖြစ်ပါတယ်။ စလုပ်တဲ့အချိန်ကစ ပြီးဆုံးသွားတဲ့အချိန်ထိ Coca Cola ရောင်းအား 2% ထိတက်လာခဲ့ပြီးတော့ အဲ့ဒီ့အချိန်က Social Media ရဲ့ နေရာအတော်များများမှာလည်း နေရာယူထားနိုင်ခဲ့ပါတယ်။ 🔥👏

Vending Machine တွေမှာ၊ ကုန်စုံဆိုင်တွေမှာ ကိုယ့်နာမည်နဲ့ Coca Cola ဘူးတွေကို တွေ့မလား တွေ့မလားနဲ့ ရှာရတာလည်း စိတ်လှုပ်ရှားမှုတစ်ခုပေးနိုင်သလု အခြားနာမည်ပဲတွေ့ရင်လည်း နာမည်ပိုင်ရှင် သူငယ်ချင်းတွေနဲ့လည်း Share ပေးစေလိုတဲ့ အဓိပ္ပာယ်နဲ့ စခဲ့တဲ့ Campaign လို့ပြောရပါမယ်။ 👭

ဒါ့အပြင် Coca Cola ရဲ့ တရားဝင် Website ကနေတဆင့်လည်း Customized နာမည်နဲ့ Can လက်ခံတဲ့ Service မျိုးလည်း ပေးခဲ့ပါတယ်။ ဒီလိုခြေလှမ်းက Customer တွေကို Personalised ဖြစ်တဲ့ ခံစားချက်မျိုး ဖြစ်စေတဲ့အတွက် စိတ်ဝင်စားမှု တစ်ခဲနက်မြင့်လာခဲ့တာပါ။ 🥳

သူတို့ရဲ့ အဓိကအောင်မြင်မှုက Customer တစ်ဦးတစ်ယောက်ချင်းစီကို Target လုပ်လိုက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကိုယ့်နာမည်နဲ့ Coca Cola ဘူးတွေရဖို့ ပြေးဝယ်လိုက်ပါဆိုတဲ့ Call to Action(CTA) သဘောမျိုးလည်း သက်ရောက်ခဲ့တဲ့အတွက်ကြောင့် အောင်မြင်သွားတာဖြစ်ပါတယ်။ 👈

နာမည်ကြီး Brand တစ်ခုတွေ ဖြစ်လာပြီဆိုရင် Customer တွေနဲ့ တိုက်ရိုက် ထိတွေ့နိုင်မှု အားနည်းလာနိုင်ပါတယ်။ အထူးသဖြင့် Coca Cola လို Beverage Brand တွေက Store တွေ၊ Supermarket တွေ၊ Vending Machine တွေကနေ အဓိက ရောင်းနေတာပါ။ ဒါကြောင့် Customer တစ်ယောက်ချင်းစီတိုင်းကို ဂရုစိုက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါပေမဲ့ ဒီ Campaign ကနေတဆင့် Coca Cola ဟာ သူတို့ရဲ့ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။ 😎

🧐Key Takeaway
Customer တစ်ဦးတစ်ယောက်ချင်းစီကို Personalised ဖြစ်စေနိုင်မဲ့ အိုင်ဒီယာမျိုးထုတ်ပါ။ Hashtage နဲ့ Customer တွေရဲ့ Social Media အားကို အားကိုးပါ။ Customer တွေကို ကိုယ့် Product တွေ ဝယ်ယူလာစေမဲ့ တစ်ဖက်လှည့် Advertising မျိုး ဖန်တီးပါ။

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱