အသေးစား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အလုပ်သမားကောင်း ဘယ်လိုရွေးချယ်ကြမလဲ... ⁉️
အားလုံးပဲမင်္ဂလာပါ..


ဒီနေ့မှာတော့ အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ လူကြီးမင်းတွေအနေနဲ့ မိမိလုပ်ငန်း တွက် လိုအပ်နေတဲ့ အလုပ်သမားကောင်းတွေကို ဘယ်လိုရွေးချယ်သင့်တယ် ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။ 
အသေးစားလုပ်ငန်းတခုနှင့် လုပ်ငန်းကြီးတခုရဲ့ လုပ်သားအရင်းအမြစ် ခန့်အပ်ပုံနှင့်စီမံခန့်ခွဲမှုတွေက တူညီမှာ မဟုတ်ပါဘူး။ 
လုပ်ငန်းကြီးတခုအနေနဲ့ သူတို့ခန့်အပ်ထားတဲ့ လုပ်သားတစ်ယောက်က မကောင်းရင် နောက်ကျန်ရှိတဲ့ အလုပ်သမားကောင်းတွေက သူရဲ့အမှားတွေနဲ့ ချွင်းယွင်းမှုတွေကို အတူပြုပြင်ပြီး လုပ်ငန်းလည်ပတ်မှုကို ပုံမှန်ဖြစ်စေတယ်။
ဒါပေမယ့် လူအနည်းငယ်နဲ့လည်ပတ်နေကြတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအနေဖြင့် ကိုယ်ရွေး ထားတဲ့ အလုပ်သမားတစ်ယောက်က မကောင်းခဲ့ရင် ကျန်တဲ့အလုပ်သမားအနည်းစုကလည်း သူ့နည်း တူဖြစ်သွားနိုင်သလို၊အဆိုးဆုံးကတော့ လုပ်ငန်းလည်ပတ်မှုကို အနည်းနဲ့အများထိခိုက်စေနိုင်တယ်။ 
ဒါဆို အသေးစားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လိုမျိုးအလုပ်သမားကောင်းရွေးချယ်ရမလဲ .. 
အိုကေ..ဒီနေရာမှာ အကြံပြုချင်တဲ့ အလုပ်သမားပုံစံကတော့ သတင်းစာလိုက်ပို့တဲ့ ချာတိတ်လေး တွေဖြစ်ပါတယ်။
နည်းနည်းများ အူကြောင်ကြောင်ဖြစ်မနေဘူးလား.?

အဖြေကတော့ လုံး၀ NO ပါပဲ။
ဘာလို့လည်း.?
နေပူပူ၊မိုးရွာရွာ၊ရာသီဥတုဘယ်လောက်ပဲဆိုးဆိုးနွေရာသီကျောင်းပိတ်ရက်ဖြစ်နေပါစေ
မနက်(၅)နာရီမှာ အိပ်ရာကထပြီး မိုးမလင်းသေးတဲ့ လောကကြီးထဲထွက်ပြီး သတင်းစာလိုက်ပို့နေတဲ့ ချာတိတ်လေးတွေမှာလည်း လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေရှိကြတယ် .. 
ဘာတွေထူးထူးခြားခြားများ ကျွမ်းကျင်ကြလို့လည်း..?
သတင်းစာလိုက်ပို့တဲ့ ကောင်လေးတွေဟာ ရုပ်ပိုင်းအရ ကိုယ်ခံအားကောင်းကြတယ်၊ ခက်ထန်မှုတွေ နဲ့ ကျင့်သားရနေကြတဲ့ သူတို့အဖို့ ကျန်းမာရေးကလည်းကောင်းကြတယ်။
အထူးသဖြင့် Sunday လို နေ့တွေမှာဆို ထူးထဲလှတဲ့ အထူူးထုတ်တွေအပါအဝင် နေ့စဉ်သတင်းစာတပုံတပိုက်ကြီးသယ်ပြီး မနက်စာစားချိန်အမှီ အိမ်ပေါက်စေ့လိုက်ပို့ရတာဟာ တော်ရုံဇွဲ တော်ရုံ ဗလလောက်နဲ့ မရပေ။
သတင်းစာလိုက်ပို့တဲ့ချာတိတ်လေးတွေက လုပ်ငန်း ကိုင်ငန်းတွေရဲ့သဘာ၀ ကောင်းကောင်းသိခွင့်ရ ကြတယ်။ သူတို့လုပ်နိုင်တဲ့ အတိုင်းအတာလောက်ပဲ လခရကြတယ်။ ဝန်ဆောင်မှုကောင်းရင် စေတနာကြေးရကြတယ်။ ဖောက်သည်တွေပိုရကြတယ်။
ဖောက်သည်တွေများလာလို့ သတင်းစာပို့ရလေလေ သူတို့လုပ်ငန်းကို ကြာကြာထိန်းနိုင်လေလေပဲ။ ဒီတော့ သူတို့တွက် ဝင်ငွေကောင်းလေပဲ ဆိုတာကို သူတို့ကောင်းကောင်းသိကြတယ်။
ငွေရေးကြေးရေးပိုင်းနဲ့ဆိုရင်လည်း လုပ်ငန်းဆိုင်ရာငွေကြေးလည်ပတ်မှုအကြောင်းကိုလည်း သူတို့သိ ထားကြပြန်တယ်။ သတင်းစာဖိုးတွေလိုက်ကောက်ရတယ်။
သတင်းစာအမှာကို စောင်ရေအတိအကျ အမှားအယွင်းကင်းကင်းလုပ်ရတယ်။ အဝင်ထွက်စာရင်းတွေ မှတ်ရတယ်။ တစ်လတာစာရင်းတွေကို မှတ်ရတယ်။ သတင်းစာတိုက်ကို သတင်းစာဖိုးတွေ ပေးရပြန်တယ်။
နောက်ပြီး သတင်းစာပို့တဲ့ချာတိတ်လေးတွေက အကူအလုပ်သမားတွေ ထားကြရပြန်တယ်။
ကြီးကျယ်လိုက်တယ်လို့ လူကြီးမင်း ထင်နေပီလား။ 
ဒါဆို ဘာကြောင့်ထားရလဲ ကြည့်ရအောင် ..
သူတို့နေမကောင်းတာပဲဖြစ်ဖြစ် မိသားစုအရေးကြောင့်ဖြစ်စေ သူ့အစားသတင်းစာလိုက်ပို့ပေးမယ့် သူတွေကို သေချာလေ့ကျင့်ပေးထားရတယ်။ဒါမှပဲ ရထားတဲ့ဖောက်သည်တွေနဲ့ရောင်းအားကို တတ်နိုင်သလောက်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
ဘာတွေဖြစ်နေနေ သတင်းစာဝယ်တဲ့သူတွေ သတင်းစာရလာမယ်။ ဖောက်သည်တွေစိတ်မပျက်စေရ ဘူး။ အချိန်မှီ အချိန်မှန်သတင်းစာကို ဖတ်သူတွေလက်ထဲရောက်ဖို့က သူတို့ရဲ့တာဝန်ပဲဆိုတာကို သူတို့ကောင်းကောင်းသိကြတယ်။ ဒါကြောင့် သူမအားရင်တောင်မှ သူ့လုပ်ငန်းလည်ပတ်နိုင်ဖို့တွက် နည်းလမ်းတွေကို သူတို့တွေ ရှာထားရတယ်။
ဒါတွေကတော့ မနက်အစောကြီး အိမ်ရှေ့ကနေ သတင်းစာပါဗျို့ ဆိုပြီး အသံပါဝါကောင်းကောင်းနဲ့ သတင်းစာတွေလိုက်ပို့နေကြတဲ့ ချာတိတ်လေးတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေပါပဲ။
သူတို့ ရဲ့ လုပ်ငန်းစဉ်တွေဟာ အသေးစားစီးပွားရေးလုပ်ငန်းတခုနဲ့ လုံးလုံးရင်းရင်း တူနေတာကိုတွေ့ရမှာပါ။
အချိန်မှီစေတယ်၊ တိကျစေတယ်၊ ငွေကြေးလည်ပတ်မှုနှင့်အောက်လူတွေကို စီမံခန့်ခွဲနိုင်တယ်။ လုပ်ငန်းလည်ပတ်မှုကို ထိန်းထားနိုင်အောင်ကြိုးစားနိုင်သလို ဖောက်သည်ကောင်းတွေကိုလည်း သူတို့ ရှာနိုင်တယ်။
ဒါကြောင့် အသေးစားစီးပွားရေးလုပ်နေကြတဲ့ လူကြီးမင်းတို့အနေနဲ့လည်း ကိုယ့်လုပ်ငန်းတွက် အ လုပ်သမားကောင်းရွေးရာတွင် ဂုဏ်ရှိန်ကြီးမားတဲ့ ကျောင်းတွေက ဘွဲ့လှလှလေးတွေထက် လူနဲ့ စွမ်းဆောင်ရည်ကိုသာ အလေးထားအထင်ကြီးစေလိုပါသည်။
အလုပ်သမားခန့်ဖို့ Interview လုပ်တဲ့အခါမှာလည်း အပေါ်ကပြောခဲ့တဲ့ သတင်းစာပို့တဲ့ ကောင်လေး ကဲ့သို့သော လုပ်သားကောင်းတွေကို တွေ့ရင် လက်မလွှတ်မိအောင်လုပ်စေချင်တယ်။
လုပ်ငန်းတခု တွက် ကျွမ်းကျင်မှုဟာ စာရွက်လှလှလေးပေါ်က လက်မှတ်တွေ တံဆိပ်တုံး ထုရတာတွေမဟုတ်ပါဘူး။ သူ့ရဲ့ လုပ်ငန်းပေါ်မှာထားတဲ့စိတ် နှင့် လုပ်ငန်းလည်ပတ်ဖို့တွက် လိုအပ်နေတဲ့ စွမ်းဆောင်ရည်တွေပဲ ဖြစ်ပါတယ်။
လုပ်ငန်းရှင်လူကြီးမင်းများအားလုံး အောင်မြင်တဲ့သတင်းစာပို့သမားကောင်းတစ်ယောက်ကဲ့သို့သော အလုပ်သမားကောင်းတွေနဲ့ တွေ့ကြပါစေ 
Kyaw Nyein (YAU)
Reference;
How To Make Big Money In Your Own Small Business
Jeffrey J.Fox
Comments
Post a Comment