ဖောက်သည်တို့ရဲ့ ပင်ကိုစရိုက်များ (အပိုင်း - ၂)
Beatrixရဲ့ စာဖတ်သူလေးတို့ရေ ..
အရင်တစ်ခေါက်က customer personality type ၄မျိုးအကြောင်းကို ပြောပြပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း စာဖတ်သူ လေးတို့အတွက် နောက်ထပ် customer personality type ၅မျိုး အကြောင်းကို ဆက်ပြီး ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
သူတို့တွေရဲ့အပြုအမူတွေကနေ တစ်ဆင့် သူတို့ ဘယ်လောက်ယုံကြည်မှု အပြည့်ရှိကြလဲဆိုတာကို တွေ့မြင်ရမှာဘဲ ဖြစ်ပါတယ်။ပြီးတော့ သူတို့ဟာ မိတ်ဆွေကို အံ့အားသင့်စေ လောက်အောင် ဗဟုသုတကြွယ်ဝနေသူတွေဖြစ်ပါတယ်။
ဒါပေမယ့် မိတ်ဆွေဆီကနေ professional ကျတဲ့ အကြံဉာဏ်တွေ၊ သူတို့ရဲ့တုံ့ပြန်မှုတွေကို ဖြေရှင်းလုပ်ဆောင်ပေးဖို့ မျှော်လင့်ကြသူတွေပါ။
ဒါဆိုရင် သူတို့နဲ့ ပြောဆိုဆက်သွယ်တဲ့အခါအခက်အခဲတွေ ပြည့်နေမှာပေါ့နော် ?? 
ခက်ခဲပါဘူး။ သူတို့တွေဟာ information (သတင်းအချက်အလက်)တွေကို ပိုမိုသိချင်ကြသူတွေမို့ ကိုယ်ကလည်း ပြီးပြည့်စုံတဲ့ information တွေ ပေးနိုင်ရပါမယ်။ ကိုယ့်ကုန်ပစ္စည်းအပေါ် မြင်တဲ့သူတို့ရဲ့ အမြင်တွေကို လွယ်လွယ်ကူကူ မပြောင်းလဲတတ်ကြပါဘူး။ ဒါကြောင့် သူတို့နဲ့ စကားစစ်မထိုးပါနဲ့။
ကိုယ့်brandကို သူတို့ဘာကြောင့်လိုအပ်လဲ ဆိုတာကို သက်သေအခိုင်အမာနဲ့ သူတို့ယုံကြည်လာအောင် ပြောပြနိုင်ရပါမယ်။
Black Cloud လူအမျိုးအစားကတော့ အရာအားလုံးနဲ့ ပတ်သက်ပြီး စိတ်ပျက်နေတတ်သူများဘဲ ဖြစ်ပါတယ်။ ပစ္စည်းစျေး အရမ်းကြီးနေတာဘဲဖြစ်ဖြစ်၊ စျေးရောင်းသူက မဖော် ရွေတာဘဲဖြစ်ဖြစ်၊ အဲ့လိုအရာတွေက သူတို့ကိုစိတ်အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။
အယ်....ဒါဆိုသူတို့ကိုဘယ်လို ပြောဆိုဆက်ဆံရမှာပါလိမ့် ?? 
Black Cloud တွေနဲ့ ပြောဆိုဆက်သွယ်တော့မယ်ဆိုရင် မိတ်ဆွေရဲ့ စိတ်ခံစားချက်တွေ၊ ဒေါသတွေကို ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ အတတ်နိုင်ဆုံး သည်းခံရပါမယ်။ သူတို့ကို ပိုမိုအလေးပေး ပြောဆိုဆက်ဆံမယ်ဆိုရင် သူတို့ဟာ ကောင်းမွန်တဲ့တုံပြန်မှုတွေကိုဘဲ ပြန် ပေးမှာပါ။ မိတ်ဆွေဟာ ကိုယ့်ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်စွာ ရှင်းပြနိုင်ရင်ဖြင့် သူတို့အထင်ကြီး လေးစားလာမှာပါ။ Black Cloud တွေရဲ့ စိတ်ခံစားမှုတွေ၊ ပူပန်မှုတွေကိုကိုယ်က သေချာနားထောင်ပေးကြောင်း၊အသိအမှတ်ပြုကြောင်း သက်သေပြနိုင်ရင် မိတ်ဆွေရဲ့ပစ္စည်း ရောင်းထွက်ဖို့ အခွင့်အရေး ပိုနီးစပ်ပါတယ်။
အင်မတန်ကိုမှ သံသယများသူတွေပါ။ သူတို့ တွေဟာ ကြော်ညာတွေ၊ မိတ်ဆွေရဲ့ ပစ္စည်းဘယ်လောက်ကောင်းကြောင်း ပြောပြနေမှု တွေကို သူတို့က သူတို့ရဲ့ ပိုက်ဆံရဖို့ ကြိုးစားနေကြတယ်လို့ မြင်တတ်ကြသူတွေပါ။ နောက်ပြီးသူတို့ဟာ မိတ်ဆွေရဲ့ ကုန်ပစ္စည်းကအစစ်လား၊ အတုလား ဆိုပြီး တွေဝေ သံသယ များတတ်ကြသူတွေလည်း ဖြစ်ပါတယ်။
ဒီလိုလူမျိုးတွေနဲ့ တွေ့ရင် သူတို့ရဲ့ စိုးရိမ်ကြောင့်ကျမှုတွေကို နားထောင်ပေးပြီး ချက်ချင်းဆောင်ရွက်လုပ်ကိုင် ပေးလိုက်ပါ။ နောက်ပြီးသူတို့တွေဟာ မိတ်ဆွေပြောသမျှကိုလည်း နား ထောင်ပေးမယ့်သူတွေ ဖြစ်တာကြောင့် မိတ် ဆွေက မိမိရဲ့ကုန်ပစ္စည်း ကောင်းမွန်ကြောင်းကို သက်သေနှင့်တကွ ပြနိုင်အောင် ကြိုးစားရပါမယ်။ သူတို့ကို မိမိရဲ့ ကုန်ပစ္စည်းအပေါ် အမြင် တွေ ဘာတွေက သူတို့ကို မယုံမကြည်ဖြစ် စေလဲ ဆိုတာတွေကို မေးမြန်းပါ။ သူတို့ရဲ့ ပြောဆိုမှုတွေ မမှန်ကန်ပါက ပြန်လည်ချေပရှင်းပြတတ်ပါစေ။
Toddlers တွေဟာ မေးခွန်းပေါင်းများစွာကို မေးမြန်းပြီး မိတ်ဆွေက အကုန်ဖြေပေးပြီး လိုက်တာတောင် သူတို့မှာ နောင်ထပ် မေးစရာ တွေ ရှိနေပြန်ပါတယ်။ ကိုယ်ပေးတဲ့ information လုံလောက်နေပြီလို့ ထင်ပေမယ့်သူတို့အတွက်တော့ လုံးဝ မလုံလောက်သေးပါဘူး။
ဟာ..ဒီလိုဆိုစိတ်ရှည်မှ အဆင်ပြေမှာပေါ့
ဟုတ်ပါတယ်။ မိတ်ဆွေ ရေဘူး ဆောင်ထားလိုက်ပါတော့။
Toddler တွေကိုစိတ်ရှည်ပါ။ သူတို့ရဲ့ မေးခွန်း တွေကို ဖြေဆိုဖို့ မိတ်ဆွေက အချိန်ပေးရပါမယ်။ သူတို့တွေက မေးခွန်းတွေသာ တအား မေးကြပေမယ့် တကယ်တမ်း ဝယ်တဲ့သူက နည်းနည်းရယ်
ဒါပေမယ့် မိတ်ဆွေ စိတ်ဓါတ်မကျပါနဲ့။မိတ် ဆွေရဲ့ စိတ်ရှည်သည်းခံမှုက သူတို့အတွက် အမှတ်ရစရာဖြစ်နေတတ်ပြီး ရေရှည်မှာသူတို့က မိတ်ဆွေရဲ့ အမာခံဖောက်သည်တွေ ဖြစ်လာမှာပါ။
သူတို့တွေကတော့ မိတ်ဆွေဘာပြောပြော ထောက်ခံနေမှာပါ။ သူတို့တွေဟာ ရှက်တတ်ကြပြီး သူတို့ကို ကြည့်တဲ့အခါမှာ သက် သောင့်သက်သာမရှိသလို၊ တစ်ခုခုကို စိုးရိမ် နေသလို တွေ့မြင်ရမှာပါ။ မိတ်ဆွေက သူတို့ကို ကိုယ့်ရဲ့ကုန်ပစ္စည်း ဝယ်သွားအောင် အတင်းတွန်းအားပေးပြီး ရောင်းလို့ရပါတယ်။ ဒါပေမယ့် အဲ့လိုနည်းကိုသာ ကျင့်သုံးမိလိုက်ပြီဆိုရင် နောက်တစ်ခေါက် သူတို့လာဝယ်ဖို့ မမျှော်လင့်ပါနဲ့ တော့။
ဒါဟာsustainable business model အတွက် နည်းလမ်းကောင်းတစ်ခုလည်း မဟုတ်ပါဘူး။
Yes-Customer တွေဟာ ထိလွယ်ရှလွယ်ပါတယ်။ သူတို့ကို ပစ္စည်းအတင်းရောင်းနေတယ်၊ဝယ်ဖို့ တွန်းအားပေးခံနေရတယ်လို့ ခံစားမိလာရင် သူတို့တွေဟာ မိတ်ဆွေနဲ့ အဝေးဆုံးကို ရောက်ရှိသွားပါလိမ့်မယ်။ သူတို့ရဲ့ လိုအပ်ချက် တွေ၊ ဆန္ဒတွေကို နားလည်နိုင်ဖို့ အချိန်ယူပါ။
နောက်ပြီး သူတို့ကိုယ်တိုင်ဝယ်ယူဖို့ ဆုံးဖြတ်ခွင့်ပေးပါ။ သူတို့ရဲ့ စိုးရိမ်မှုတွေကို ထည့်သွင်းစဥ်းစားပြီး ဝယ်ယူဖို့ ဖိအားမပေးဘဲ အကြံဉာဏ်တွေသာပေးပါ။ ဒါဆိုရင်တော့ သူတို့ဟာ မိတ်ဆွေရဲ့ အမာခံဖောက်သည်တွေ ဖြစ်သွားကြပြီဘဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ဖော်ပြပေးသွားတဲ့ အကြောင်းအရာလေးကို ဖတ်ရှုပြီး အသိတစ်ခုတိုးသွားမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးဘဲကျန်းမာပြီး အလုပ်အကိုင်အဆင် ပြေကြပါစေ။
နောက်ပြီး အပြင်ထွက်တဲ့အခါ Maskတပ်ကြဖို့လည်း မမေ့ကြပါနဲ့နော်။ Hand gel လေးတွေလည်း ဆောင်ထားကြပါရှင့်
Written by

Comments
Post a Comment