ကိုယ့်အချိန်တွေကို ဘယ်လို စီမံခန့်ခွဲကြမလဲ ဘယ်လိုအသုံးချကြမလဲ ⁉️🤔
အရင်ဆုံး Time Management ဆိုတာလေးကို အရင် ရှင်းပြချင်ပါတယ်
Time Management ဆိုတာက လုပ်ငန်းဆောင်တာတစ်ခုချင်းစီအတွက် အချိန်တွေကို ဘယ်လိုပိုင်းခြားမလဲ ဘယ်လိုအသုံးချမလဲဆိုပြီး ကြိုတင်စီမံခန့်ခွဲထားတာမျိုးပါ
ဥပမာ- ငါကတော့ မနက်ဖြန် ၃နာရီကနေ ၅နာရီထိစာကျက်မယ် ပြီးရင်ဘယ်နှမိနစ်နားမယ် ပြီးရင်ဘယ်နှနာရီထိ အလုပ်လုပ်မယ် စသဖြင့် ကြိုတင်စီမံထားတာမျိုးပါ
အချိန်တွေကို အဲ့လိုစီမံခန့်ခွဲတတ်တာဟာ တကယ်အကျိုးရှိစေပါတယ်
အချိန်နည်းနည်းနဲ့အလုပ်များများပိုပြီးနိုင်မယ် ကိုယ်ကြိုတင်စီစဥ်ထားတဲ့အတိုင်း လုပ်ဆောင်မယ်ဆို အချိန်လေလွင့်မှုနည်းတဲ့အတွက် မြန်မြန်ပြီးမယ် စိတ်ဖိစီးမှုတွေလဲ နည်းသထက်နည်းလာမယ်
"Being busy isn't the same as Being effective" ဆိုသလိုပါပဲ။
အလုပ်တွေရှုပ်တယ်ဆိုတိုင်းလည်း အလုပ်ပြီးတာမဟုတ်ပါဘူး 
တခါတလေ အချိန်တွေကို ကြိုတင်မစီမံမိတာကြောင့် ဝရုန်းသုန်းကားနဲ့ လုပ်ရလေ့ရှိပါတယ် အဲ့အချိန်ကျ စိတ်ပင်ပန်း လူ့ပင်ပန်းနဲ့ အမှားမှားအယွင်းယွင်းတွေတောင် ဖြစ်တတ်ပါတယ်
Time Management လုပ်မယ် အချိန်တွေကို ကြိုတင်စီမံထားတာတော့ဟုတ်ပါပြီ
စီမံထားတဲ့အတိုင်း မလိုက်နာနိုင်ရင်တော့ ကြိုတင်စီမံထားတာလည်း အချည်းနှီးဖြစ်ပြီး ဒုံရင်းက ဒုံရင်းပါပဲ
အခုနောက်ဆုံး အနေနဲ့ အချိန်တွေကို စီမံခန့်ခွဲတဲ့အခါမှာ အသုံးဝင်တဲ့ Tip လေးတွေကို ပြောပြချင်ပါတယ်
တစ်ခါတစ်လေ အလုပ်တစ်ခုကို လုပ်နေရင်းနဲ့ တခြားတစ်ခုစီစိတ်ရောက်တာတို့ ဘာတို့ကြောင့် ကြန့်ကြာမှန်းမသိ ကြန့်ကြာတတ်တာမျိုး မလိုအပ်ပဲအချိန်ကို ဖြုန်းနေတတ်တာမျိုးရှိတတ်ပါတယ် 
ဥပမာ - Email ပို့တဲ့နေရာမှာ နာရီဝက်လောက်သုံးမိတယ်လို့ထင်တယ် တကယ်တော့ 1နာရီကျော်လောက်သုံးနေမိတာမျိုးပေါ့
အချိန်တွေ အလေအလွင့်ဖြစ်နေတာမျိူးကို သိမှ အချိန်ကို ပိုပြီးကောင်းကောင်းစီမံခန့်ခွဲတတ်လာမှာပါ
အလုပ်တစ်ခုချင်းစီအတွက် အချိန်သတ်မှတ်ထားတာက အချိန်အလေအလွင့် ဖြစ်တာကနေရာရော အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးတွေကနေရော ကယ်ထုတ်ပေးနိုင်ပါတယ် 
ဥပမာ- ကိုယ်က Content တစ်ခုရေးဖို့အတွက် အချိန်၂နာရီ သတ်မှတ်ထားတယ်ဆိုပါစို့။
မနက်၈နာရီမှာ စရေးရင် မနက်၁၀နာရီမှာ အပြီးသတ်ရေးရမယ် 
အဲ့လိုပြီးအောင်ရေးရမယ်ဆိုတဲ့စိတ်က ဒီအလုပ်အပေါ်မှာပဲ အာရုံရှိစေပြီးတော့ အလုပ်မြန်မြန်ပြီးစေပါတယ်
ဘယ်အလုပ်မဆို အစိတ်အပိုင်းငယ်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ
အပေါ်မှာ ပြောခဲ့သလိုပဲ contentရေးတာနဲ့ ပတ်သက်ပြီး ဥပမာပေးချင်ပါတယ်
Content တစ်ခုဖန်တီးဖို့အတွက် အရငိဆုံး
1.Topic တစ်ခုရွေးမယ်
2.ပြီးရင် Research လုပ်မယ်
3. အကြောင်းအရာ အချက်အလက်တွေချရေးမယ်
4. နောက်ဆုံးအဆင့်အနေနဲ့ အချောသတ်မယ်
အဲ့လို အဆင့်ဆင့် To-do-listတွေလုပ် ပြီးသွားတဲ့အခါအမှတ်အသားလုပ်ထားတာက ကိုယ့်ကို တစ်ဖက်တစ်လမ်းကနေ motivateဖြစ်စေမှာပါ
အလုပ်တွေပြီးတယ်ဆိုတဲ့ခံစားချက်ဟာ တကယ်ပျော်ဖို့ကောင်းပါတယ်
မနက်မိုးလင်းမှာ ဘာအစီအစဥ်မှမရှိဘဲ ယောင်လည်လည်နိုးလာတာဟာ အကျင့်ဆိုးတစ်ခုလို့ ကြားခဲ့ဖူးပါတယ်
တခါတလေ ဒီနေ့ဘာကိုစလုပ်ရမလဲ ဆိုတာကို စဥ်းစားတာနဲ့တင် အချိန်ကုန်ပြီး ဘာမှ မလုပ်ဖြစ်လိုက်တာမျိုးလဲ ကြုံဖူးကြမှာပါ
မနက်ဖြန်အတွက် လုပ်ရမဲ့အလုပ်တွေကို ညကတည်းကစီစဥ်ထားတာမျိုး ဒါမှမဟုတ် မနက်ပိုင်းမှာ ၁၅မိနစ်လောက် အချိန်ယူပြီး ပြင်ဆင်တာမျိုးလုပ်သင့်ပါတယ် 
ကိုယ်တစ်ကယ်အလုပ်လုပ်တဲ့အချိန်ကျ ဘယ်ကနေစလုပ်ရမှန်းမသိတာမျိုး ဘာပြီးရင်ဘာလုပ်ရမှန်းမသိတာမျိုး မဖြစ်တော့ဘူးပေါ့ အချိန်အလေအလွင့်ဖြစ်တာလည်း နည်းလာမယ်
ယနေ့ခေတ်မျိုးဆက်သစ်တွေမှာ လုပ်စရာတွေ အများကြီးပေါ်လာပါတယ်
အဲ့တာကြောင့် တစ်စုံတစ်ခုဆီမှာ အပြည့်အဝအာရုံစိုက်နိုင်မှုဆိုတာ တကယ်ခက်ခဲတဲ့အရာဖြစ်လာတာပါ
ဒီလိုအဖြစ်မျိုးကတော့ လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်
ဥပမာ- အလုပ်လုပ်နေရင်း အကြောင်းပြချက်မရှိဘဲ ဖုန်းကိုသွားကြည့်မိတာမျိုး 
အဲ့အကျင့်ဟာ တကယ်ဖျောက်ရခက်ပါတယ် (ကျွန်တော့အတွက်တော့ တကယ်ပါ မျောက်စိတ်ပဲပြောရမလား အလုပ်လုပ်နေရင်းနဲ့ ဖုန်းကိုသတိရနေမိတာမျိုးပါ)
အဲ့လို အကြောင်းပြချက်မရှိဘဲ ဖုန်းကိုသွားသွားကြည့်နေမိတာကိုက အချိန်ဖြုန်းစေတာလို့ ပြောလည်းမမှားပါဘူး 
ကိုယ်သတ်မှတ်ထားတဲ့ အချိန်သာကုန်သွားတယ် အလုပ်မပြီးတာမျိုးပေါ့
ကိုယ့်မှာ အဲ့လိုအချက်တွေရှိနေပြီဆိုရင်တော့ အပေါ်ကအချက်တွေအတိုင်း ဘယ်လိုပဲ ကြိုတင်စီမံခန့်ခွဲပါစေ အလုပ်ပြီးမှာမဟုတ်ပါဘူး

အချိန်ကိုစီမံခန့်ခွဲတာက အများစုအတွက်တော့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ သို့ပေမဲ့ အလေ့အကျင့်ရအောင် ကိုယ့်ကိုယ်ကိုထိန်းရင်း ကြိုးစားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်
ဒီတစ်ခေါက်အတွက်ကတော့ ဒီလောက်ပါပဲရှင်။
အဆုံးထိဖတ်လာပေးတာကို ကျေးဇူးတင်ပါတယ်

Have A Great Time
Written By
Moe Myint Thida
Reference

Comments
Post a Comment