ငယ်ရွယ်စဥ်မှာလုပ်ဆောင်သင့်တဲ့အရာ
မင်္ဂလာပါ Beatrix ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်
ဒီတစ်ခေါက်ကတော့ ကိုယ်ငယ်ရွယ်နေချိန်မှာ လုပ်ကိုလုပ်သင့်တဲ့အရာတွေ အကြောင်း ပြောပြပေးချင်ပါတယ်
လူ့ဘဝမှာ ငယ်ရွယ်မှုဆိုတာ ၂ခါမရနိုင်ပါဘူး
ဒါကြောင့် ကျွန်တော်တို့ ငယ်ရွယ်စဥ်မှာ ငယ်ရွယ်မှုကို ကောင်းကောင်းအသုံးချပြီး ဖြတ်သန်းဖို့လိုပါတယ်
ကဲ ဘယ်လိုအချက်တွေလဲ ကြည့်လိုက်ကြရအောင် 
Written By
Moe Myint Thida
Reference

ဒီအကျင့်ကတော့ ကျွန်တော်တို့ဆီမှာ ကပ်တွယ်နေတဲ့အကျင့်ဆိုးတွေထဲက တစ်ခုပါပဲ
တစ်ခါတစ်လေ ကိုယ်ကအပျင်းတစ်ပြီး နောက်ရွှေ့လိုက်တဲ့အရာတွေဟာ ကိုယ့်ကိုဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်စေပါတယ်
ဥပမာ-
အလုပ်ကို အချိန်ရွှေ့ထားပြီး deadline နီးမှ အသည်းအသန်လုပ်ရတာကြောင့်
အမှားအယွင်းတွေ ပါလာတာ ကိုယ်လုပ်နိုင်တာလောက်
ခရီးမရောက်တာမျိုးဖြစ်တတ်ပါတယ် ဒါကြောင့် အချိန်ဆွဲ အချိန်နောက်ရွှေ့တတ်တဲ့
အကျင့်ကို ရှောင်ပေးပါ

2. ပျော်ပျော်ရွှင်ရွှင်နေပါ

ငယ်တုန်းရွယ်တုန်းမို့ ပညာရှာ အတွေ့အကြုံတွေရှာရမယ်ဆိုတာ မှန်ပါတယ် သို့ပေမဲ့ အဲ့အလုပ်တွေကြားမှာပဲ တစ်ချိန်လုံး ခေါင်းစိုက်နေရမယ်မဆိုလိုပါဘူး
သူငယ်ချင်းတွေနဲ့တူတူ အပြင်သွားတာမျိုး ကိုယ်ဝါသနာပါတာတွေ လုပ်တာမျိုး ကိုယ့်ရဲ့စိတ်ကို ပျော်ရွှင်စေမဲ့ ကိစ္စတွေကို မေ့လျော့မထားသင့်ပါဘူး
အသက်ကြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါ လူငယ်ဘဝလောက်မလွတ်လပ်ဖို့များပါတယ်
ဒါကြောင့်ငယ်ရွယ်တုန်း အခွင့်အရေးပေးတုန်းမှာ ပျော်ပျော်နေပါ

3.စိုးရိမ်နေတာကိုပယ်ပြီး စွန့်စားကြည့်ပါ 
ဒီနေရာမှာ စွန့်စားကြည့်တယ်ဆိုတာမျိုးကို တမျိုးအဓိပ္ပာယ်ကောက်မလွဲဖို့ အရေးကြီးပါတယ်
ဆိုလိုချင်တာက ဥပမာ ကိုယ်ကအဖွဲ့အစည်းတစ်ခုမှ volunteer ဝင်လုပ်ကြည့်ချင်တယ် ကိုယ်နဲ့မရင်းနှီးတဲ့ နယ်ပယ်တစ်ခုလည်း ဖြစ်နေတာမို့ ရွေးချယ်မခံရမှာ အမှားမှားအယွင်းယွင်းဖြစ်မှာ စိုးရိမ်နေတယ်ဆိုပါစို့
တကယ်လို့ ကိုယ်က စိုးရိမ်နေတာတွေ လျှော့ချပြီး လျှောက်ကြည့်လိုက်မယ်ဆိုလည်း အရှုံးမရှိပါဘူး
အရွေးခံရင်တော့ အမြတ်ပေါ့
အဲ့တော့ စွန့်စားကြည့်ပါ

4. ခရီးသွားပါ
အခုလို လွတ်လွတ်လပ်လပ် သွားလို့ရတဲ့အချိန်မှာ ခရီးသွားတာက အကောင်းဆုံးအရာတွေထဲက တစ်ခုပါ
နေရာအသစ်တွေ သွားမယ် အတွေ့အကြုံအသစ်တွေရှာဖွေမယ် သူ့ယဥ်ကျေးမှု လေ့လာမယ် ကိုယ့်ယဥ်ကျေးမှုတွေနဲ့ဖလှယ်မယ် အမှတ်တရတွေ ဖန်တီးမယ်
ခရီးသွားတယ်ဆိုတဲ့နေရာမှာလည်း နိုင်ငံခြားခရီးသွားနိုင်မှ ဘယ်လိုသမိုင်းဝင်နေရာတွေ သွားနိုင်မှ မဟုတ်ပါဘူး
ပြည်တွင်းခရီးတိုလေးတွေ သွားတာကလည်း ခရီးသွားတာပါပဲ
တခြားအရာတွေ မတွေးပါနဲ့ အလုပ်တွေတာဝန်တွေဖြစ်ဖြစ် ခနလောက်ထားခဲ့ပြီးဖြစ်ဖြစ် ခရီးထွက်ကြည့်ပါ ဘာမှမရရင်တေ

5. အသစ်အသစ်သော အရာတွေ စမ်းကြည့်ဖို့မမေ့ပါနဲ့
ဆံပင်စတိုင်ပြောင်းပစ်တာတို့ ဝတ်ပုံစားပုံတွေ ပြောင်းလဲကြည့်တာမျိုးတွေက တကယ်စမ်းကြည့်သင့်တဲ့အရာတွေပါ ကိုယိပြောင်းလဲလိုက်တဲ့ပုံစံက အခုပုံစံထက် ကိုယ်နဲ့ပိုလိုက်ဖက်နေတာမျိုးလည်းရှိပါတယ် အနည်းဆုံးတော့ ကိုယ့်ကိုစိတ်အပြောင်းအလဲဖြစ်စေပါတယ်
အသက်ကြီးလာတဲ့အခါ ကိုယ့်အသက်အရွယ်နဲ့မကိုက်ညီလို့ ဂုဏ်သိက္ခာနဲ့မကိုက်ညီလို့ဆိုပြီး မပြောင်းလဲရဲတဲ့ အရာတွေအများကြီးပါ
ဒါကြောင့်ငယ်ရွယ်ပြီး လွတ်လပ်တဲ့အချိန်မှာ ပြန်တွေးတဲ့အခါ အမှတ်ရလောက်တဲ့ crazy thing တွေ အမှတ်တရတွေ ဖန်တီးဖို့လဲ မမေ့ပါနဲ့နော်

6. ဆက်ပြီးလေ့လာသင်ယူနေပါ

အပေါ်ကအချက်တွေမှာ ငယ်ရွယ်စဥ်မှာ ပျော်ရွှင်မှုအတွက် လိုအပ်တဲ့အချက်တွေကို ပြောပြခဲ့ပါတယ် အဲ့အချက်တွေနဲ့ ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး
ပျော်ရွှင်မှုလိုပဲ ပညာရပ်တွေကလည်း အရေးကြီးပါတယ်
ငယ်ရွယ်စဥ်မှာ ရသလောက် လေ့လာထားမှ ကိုယ်တကယ်လက်တွေ့ အခက်အခဲတွေကြုံတဲ့အခါ အရမ်းမခက်ခဲဘဲ ဖြေရှင်းနိုင်မှာပါ
ပညာဗဟုသုတ ဘယ်တော့မှဆုံးခန်းတိုင်တာမရှိသလိုပါပဲ
ခေတ်တွေတိုးတက်လာသလို ပညာရပ်တွေလည်း တိုးပွားလာတယ်
ဒါတွေကို အမှီလိုက်နိုင်ဖို့အတွက် အမြဲလေ့လာသင်ယူနေဖို့ လိုပါတယ်

Comments
Post a Comment