Business Intelligence ဆိုတာ ဘာလဲ .. ❓
Business Intelligence (BI) ဆိုတာ စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ ရရှိလာတဲ့အချက်အလက်မှန်သမျှကို အသုံးဝင်နိုင်မယ့်သတင်းအချက်အလက်တွေအဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။
ဒီကနေရရှိလာတဲ့ အချက်အလက်တွေဟာဆိုရင် လုပ်ငန်းလည်ပတ်မှုအတွက် အထောက်အကူပေးနိုင်တာပဲဖြစ်ပါတယ်။ 
BI ဟာဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့နည်းဗျူဟာတွေနဲ့ လုပ်ငန်းနဲ့ဆိုင်အဆုံးအဖြတ်ပေးရာတွေမှာ သက်ရောက်မှုရှိပါတယ်။
ကိုယ့်ရဲ့ယူဆချက်နဲ့ဆုံးဖြတ်ရတဲ့လုပ်ငန်းကိစ္စတွေထက် အချက်အလက်အပေါ်မူတည်ပြီးဆုံးဖြတ်ရတဲ့လုပ်ငန်းတွေမှာ BI ဟာပိုပြီးအထောက်အပံ့ပေးပါတယ် 
BI မှာပါဝင်တဲ့ ယေဘုယျလုပ်ငန်းစဉ်တွေကတော့ သတင်းပို့တာ၊ ဒေတာကောက်ယူတာ၊ လုပ်ငန်းတွေကိုဖော်ဆောင်တာ၊ ရှုပ်ထွေးလှတဲ့လုပ်ငန်းဖြစ်စဉ်တွေ၊ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုတွေ, ခန့်မှန်းစိတ်ဖြာမှုတွေနဲ့ ညွှန်ပြချက်တွေကို ဖော်ဆောင်ပေးတာဖြစ်ပါတယ် 
BI နည်းပညာတွေကို ကြီးမားတဲ့ဒေတာအချက်အလက်တွေကိုသာမက ဖွဲ့စည်းတည်ဆောက်မှုမရှိသေးတဲ့ဒေတာတွေကိုလည်း စီးပွားရေးဆိုင်ရာအခွင့်အလမ်းအသစ်တွေအောင် ကူညီဆောက်ရွက်ပေးနိုင်ပါတယ်။
အခွင့်အလမ်းအသစ်တွေကိုဖော်ထုတ်တာတွေနဲ့ ထိုးထွင်းသိမြင်မှုအပေါ်ကို အခြေခံပြီး ထိရောက်တဲ့မဟာဗျူဟာကို အကောင်အထည် ဖော်ခြင်းဟာဆိုရင် စီးပွားရေးလုပ်ငန်းတွေကိုယှဉ်ပြိုင်နိုင်ဖို့ ဈေးကွက်အားသာချက်နဲ့ ရေရှည်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်
လုပ်ငန်းပိုင်ဆိုင်ရာကနေ ကျယ်ပြန့်တဲ့ မဟာဗျူဟာစီးပွဦးရေးဆုံးဖြတ်ချက်တွေကို ပံ့ပိုးနိုင်ဖို့အတွက် BI ကိုအသုံးပြုနိုင်ပါတယ် 
BI ဟာဆိုရင် ဈေးကွက်ကနေရရှိလာတဲ့ ပြင်ပဒေတာ (External Data) တွေနဲ့ ကုမ္ပဏီအတွင်းမှာရှိတဲ့ ဘဏ္ဍာရေးနဲ့လုပ်ငန်းပိုင်ဆိုင်ရာဒေတာ (Internal Data) တွေကို ပေါင်းစည်းပေးတဲ့နေရာမှာ အသုံးအဝင်ဆုံးဖြစ်ပါတယ်။
ဒါတွေကိုပေါင်းစပ်ပြီးရလာတဲ့ရလဒ်ဟာဆိုရင် ဘယ်ဒေတာနဲ့မှမရနိုင်တဲ့ ပြည်စုံတဲ့အချက်အလက်တွေကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။
BI နဲ့ ပက်သတ်တာတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လေ့လာချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ link ထဲဝင်ရောက်လေ့လာနိုင်ပါတယ် 
ထာဝရ

Comments
Post a Comment