Business Value Chain ဆိုတာဘာလဲ ...⁉️
ကုန်ကြမ်းဝယ်ယူခြင်းကစလို့ ပစ္စည်းထုတ်လုပ်ခြင်း စျေးကွက်ဖန်တီးခြင်း ဝယ်သူလက်အရောက် ပစ္စည်းဖြန့်ချိခြင်းစနစ် အထိပါဝင်ပါတယ်
ဥပမာပေးရမယ်ဆိုရင် ကုန်ကြမ်းဖြစ်တဲ့ သစ်ပင်ပင်စည်ကနေ တန်ဖိုးရှိတဲ့ စားပွဲအချောထည်တစ်လုံးကို ဝယ်သူလက်ထဲ အရောက်ပို့ပေးလိုက်သလိုပါပဲ 
စားပွဲတစ်လုံးကို စိတ်ကူးထားတဲ့ပုံစံအတိုင်း လက်တွေ့ရလာတဲ့အထိလုပ်ငန်းစဥ်အဆင့်ဆင့်ကို ဆိုလိုခြင်းဖြစ်ပါတယ်
ကုမ္ပဏီတွေဟာ ပစ္စည်းထုတ်လုပ်ခြင်းရဲ့ အဆင့်တစ်ဆင့်ချင်းစီ ကုန်ကျစရိတ်ကို အသေးစိတ်တွက်ချက်ပြီး Value-Chain Analysis ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာနည်းတစ်မျိုးကို အသုံးပြုလေ့ရှိကြပါတယ်
Value-Chain Analysis ရဲ့ရည်ရွယ်ချက် က ဘာလဲ ...
အလွယ်ပြောရမယ်ဆိုရင်တော့ စရိတ်စက နည်းနည်းနဲ့ အမြတ်များများရအောင် ကြံဆောင်ခြင်းပဲဖြစ်ပါတယ်
ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေ ဝန်ဆောင်မှုတွေ အများအပြားပေါ်လာသလိုပဲ
လုပ်ငန်းတစ်ခုနဲ့တစ်ခုကြားက ပြိုင်ဆိုင်မှုလည်း အရမ်းပြင်းထန်လာပါတယ်
ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တစ်ခြားလုပ်ငန်းထက် စျေးမတန်တဆများနေတာမျိုးမဖြစ်အောင် ပစ္စည်းရဲ့မူလအရည်အသွေးကောင်းကိုလည်း ထိန်းသိမ်းထားနိုင်အောင် ကြိုးပမ်းရပါတယ်
ဒီအတောအတွင်းမှာပဲ ကုမ္ပဏီရဲ့ အမြတ်အစွန်းတိုးပွားလာအောင် ထပ်လောင်းကြိုးပမ်းရပါသေးတယ်
ဒီလိုပြဿနာတွေကို value-chain analysis ကကူညီပြီးဖြေရှင်းပေးတာပါ 
Harvard Business School ရဲ့ဆရာ Michael E Porter က သူ့စာအုပ်ဖြစ်တဲ့ "Competitive Advantage: Creating and Sustaining Superior Performance" (Free Press, 1998) မှာ Value Chain Concept ကို စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်
1.Primary (အခြေခံ လုပ်ငန်းဆောင်တာများ)
2.Support l(Primary ကို အထောက်အပံ့ပေးသောလုပ်ငန်းဆောင်တာများ)ဆိုပြီး ၂မျိုးခွဲထားပါတယ်
Primary activities တွေမှာဘာတွေပါဝင်သလဲ ... 
တို့ပဲဖြစ်ပါတယ် 
ဒီအချက်၅ချက်လုံးဟာ Primary activitiesရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီးတော့ ကုန်ပစ္စည်းအရည်အသွေးတိုးတက်ဖို့နဲ့ အမြတ်အစွန်းရရှိဖို့အတွက် အရေးကြီးတဲ့ အဆင့်တွေလို့ဆိုလည်း မမှားပါဘူး 
Support activities တွေကရော ဘာတွေလဲ .. 
Support activitiesတွေ အားလုံးသာ အရှိန်မှန်မှန်နဲ့ တိုးတက်နေမယ်ဆိုရင် Primary Activitiesတွေထဲက အနည်းဆုံးတစ်ခုကိုတော့ ကောင်းသော အကျိုးသက်ရောက်မှု ဖြစ်စေမှာပါ
Support Activities တွေမှာရော ဘာတွေပါလဲကြည့်လိုက်ရအောင် 
ယနေ့ခေတ်မှာ လုပ်ငန်းတွေကြားထဲ အပြိုင်အဆိုင်များလာတာကို တွေ့မြင်ကြရမှာပါ
ဒီလိုအခြေအနေမှာ Value Chain analysis ကို အသုံးပြုပြီး လုပ်ငန်းဆောင်တာ တစ်ခုချင်းစီ Activityတစ်ခုချင်းစီတိုင်းကို တိုးတက်ကောင်းမွန်အောင်လုပ်တာက customer အနေနဲ့လည်း တန်ဖိုးရှိပြီး အရည်အသွေးပြည့်မီီတဲ့ ထုတ်ကုန်ကို ပိုင်ဆိုင်နိုင်မှာဖြစ်သလို လုပ်ငန်းအနေနဲ့လည်း အမြတ်အစွန်းများများရအောင် ဖန်တီးနိုင်မှာဖြစ်လို့ win-win situation ဖြစ်မှာတော့ အသေအချာပါပဲ

Written By
Moe Myint Thida

Comments
Post a Comment