Content ကောင်းတစ်ပုဒ် ဘယ်လို ဖန်တီးကြမလဲ ..⁉️

Covidကာလအတွင်း မြန်မာနိုင်ငံမှာ Social Media(လူမှုကွန်ယက်)ကို အသုံးပြုသူ ပိုမိုများပြားလာတာကို တွေ့မြင်ရမှာပါ။ 🙆🏻‍♀️
Traditional Marketing ကနေ Digital Marketingအဖြစ်သို့ ကူးပြောင်းလာပြီမို့ ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုTVမှာ ကြော်ညာနေတာထက် လူမှုစာမျက်နှာ(Facebook)
မှာ ဖောက်သည်တွေကို ဆွဲဆောင်နိုင်ဖို့ အတွက် ကိုယ် ပြောချင်တဲ့အကြောင်းအရာ တွေကိုထိထိမိမိ ရေးသား ပြောဆိုတတ်ဖို့ Content Writing ပညာဟာလိုအပ်ပါတယ်။ 📝
Content ရေးခြင်းဟာ Digital Marketing ရဲ့ ကျောရိုးတစ်ခု ဖြစ်သလို ပိုထူးခြားတဲ့ content တွေကသာ စျေးကွက်ကိုထိုး ဖောက်နိုင်မှာဘဲဖြစ်ပါတယ်။💥
ဒါ့ကြောင့် ဒီနေ့မှာ Beatrix ကနေ content ရေးရာမှာ လိုအပ်တဲ့ ဂရုပြုစရာအချက်လေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။🥳

✔️၁။ Focusထားပါ။
ကိုယ်ကဘယ်သူတွေကို ဦးတည်ချက်ထားပြီး ရေးသားမယ်ဆိုတာ အရင်ဆုံးသိဖို့လိုအပ်ပါတယ်နော်။
ကိုယ်ဦးတည်တဲ့ လူအမျိုးအစား ပေါ်မူတည်ပြီးကိုယ်ရေးတဲ့ content အကြောင်းအရာတွေကလည်း ပြောင်းလဲသွားနိုင်ပါတယ်။🤩

✔️၂။ ခေါင်းစဥ်ကို စိတ်ဝင်စားဖွယ် ဖြစ်အောင်ဖန်တီးပါ။
လူသားတွေရဲ့ ၈၀%က ခေါင်းစဥ်ကိုသာ အရင်ဖတ်ကြတာပါ။ ကျန်တဲ့၂၀%ကသာ ကိုယ် ရေးထားတဲ့ အကြောင်းအရာ တွေကိုဆက်လက် ဖတ်ရှုသွားကြမှာဘဲ ဖြစ်ပါတယ်။🤫
ဒါ့ကြောင့် လူအများကို ဆွဲဆောင်နိုင်မယ့် ခေါင်းစဥ် ကောင်းကောင်းလေး ဖန်တီးဖို့ မမေ့ပါနဲ့ နော်။

✔️၃။ အချက်အလက်တွေကို သေချာစိစစ်ပါ။
ကိုယ်ရေးသားထားတဲ့ အကြောင်းအရာတွေမမှန်မကန်ဖြစ်နေတာတွေက ကိုယ့်လုပ်ငန်းရဲ့ပုံရိပ်ကိုထိခိုက် စေနိုင်သလို ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုလည်း ထိပါးစေနိုင်ပါတယ်။
ကိုယ့်ရဲ့ စာတွေက ကိုယ့်လုပ်ငန်းကို တန်ပြန်သက်ရောက်မှုရှိစေတဲ့အတွက် အချက်အလက်တွေကို သေချာရှာဖွေစိစစ် ပေးပါနော်📝

✔️၄။ Keywords လေးတွေကို အသုံးပြုပေးပါ။
စာဖတ်သူတွေကို ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ကျစ်ကျစ်လစ်လစ်နဲ့ ထိထိမိမိ ဖော်ပြနိုင်အောင် ကြိုးစားရေးသားပါ။လူ့သဘာဝအရစာရှည်ရင် မဖတ်ချင်တတ်ကြပါဘူး 📌

✔️၅။ စိတ်ဝင်စားဖွယ် အဖြစ်အပျက်လေးတွေနဲ့ ရေးသားပုံဖော်ပါ။
Social Mediaမှာ ကြည့်မယ်ဆိုရင် လူသား တွေက သူတို့အတွက် emotion(စိတ်ခံစားမှု) ဖြစ်စေမယ့် အကြောင်းအရာလေးတွေကို ပိုshareကြတာကို တွေ့မြင်ရမှာပါ။💥
ဒါ့ကြောင့် ကိုယ့်contentမှာ ရယ်စရာဟာသအဖြစ်အပျက်လေးတွေ၊ ဖြစ်ရပ်မှန် ဇာတ်လမ်း လေးတွေကို ထည့်သွင်းရေးသားခြင်းက စာဖတ်သူ တွေကို ဆွဲဆောင်စေနိုင်သလို၊ ကိုယ်ပြောချင်တဲ့ အဓိကအချက်လေးတွေဆီ ကိုလည်း ဖော်ပြခေါ် ဆောင် ပေးသွားနိုင်ပါတယ်။

✔️၆။ရုပ်ပုံ/Videoစတာ တွေကိုအသုံးပြု ပေးပါ။
လူအချို့က အမြင်အာရုံနဲ့ သင်ယူတတ်ကြသလို အချို့က အကြားအာရုံနဲ့ သင်ယူတတ်ကြပါတယ်။ Videoတွေရုပ်ပုံတွေ graph(ဇယားကွက်)တွေပြသထားခြင်းက စာဖတ်သူတွေကို အဓိကအချက်ကို မြင်လာနိုင် စေပါတယ်။ ဒါပေမယ့် ကိုယ်ရေးချင်တဲ့ အ ကြောင်းအရာကို ပိုအထောက်အကူ ဖြစ်စေနိုင်မယ့်ပုံလေးတွေ ကိုသာအသုံးပြုပေး ရမှာပါ နော်။📱

✔️၇။အခြားသော content ရေးသူတွေရဲ့ အရေးအသားကို လေ့လာပါ။
ကိုယ်က အခုမှ content စရေးမယ်ဆိုရင်တော့ကိုယ်ကြိုက်နှစ်သက်တဲ့content ရေးသူတွေရဲ့အ ရေးအသား တွေကို လေ့လာစု ဆောင်းပါ။
ခေတ်နဲ့အညီ နာမည်ကြီးနေတဲ့ အကြောင်းအရာ လေးတွေကို ရှာဖွေစူးစမ်းနေဖို့လည်း မမေ့ပါနဲ့ ဦး။ 🔍

✔️၈။ မေးခွန်းထုတ်ပါ။
ကိုယ့်content လေးရဲ့ အဆုံးမှာ ကိုယ်ရဲ့စာဖတ်သူတွေကို ကိုယ်ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရသွားလဲစသဖြင့် သုံးသပ်မိအောင် မေးခွန်း မေး ပေးပါ။❓
ဥပမာ-ဒီcontent လေးနဲ့ပတ်သက်ပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရသွားလဲပေါ့နော်။
ဒီအချက်လေးတွေကို ဂရုပြုလိုက်မယ် ဆိုရင်ဖြင့် အနှစ်သာရပြည့်ဝတဲ့ Content လေးတွေကို ရေးသားနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။🙆🏻‍♀️
အားလုံးဘဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။🙏

Written by
Hydra Myo

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱