Customer Personality Types & How to manage them

အားလုံးပဲ မင်္ဂလာပါ။ ❤️
ဒီနေ့ Beatrix ကနေပြီးတော့ မိတ်ဆွေတို့အတွက် ဖောက်သည်အမျိုးအစား (၄)မျိုး အကြောင်းနဲ့ သူတို့ကို ဘယ်လိုစီမံခန့်ခွဲ ပြောဆိုဆက်ဆံရမလဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။🙌🏻
ဒီကမ္ဘာပေါ်မှာ ကိုယ့်လိုလူမျိုး နောက်တစ် ယောက်မရှိနိုင်ဘူး ဆိုတာကိုသိကြမှာပါ။လူသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်ချင်း မတူကြပါဘူး။ ဒီလိုပါပဲ။ လုပ်ငန်းတိုင်းမှာမတူညီတဲ့ ဖောက်သည်အမျိုးမျိုးကို ပြောဆိုဆက်ဆံ နေကြရပါတယ်။🧐
ကဲ…. ဒါဆိုရင် ဖောက်သည်(၄)မျိုး အကြောင်းဆွေးနွေးကြရအောင်🤩
❗️(1) Negotiator( စျေးဆစ်တတ်သူ)
ဒီလိုလူအမျိုးအစားတွေက ဘယ်လိုဘယ်ပုံစျေးဆစ်လိုက်ရမလဲ ဆိုပြီး အမြဲစဥ်းစား နေတတ်ကြသူတွေပါ။ ဒါကြောင့် သင့်တော်တဲ့ စျေးနဲ့ရရင်တောင် သူတို့က ဒီ့ထက်ပိုသက်သာတဲ့ စျေးနှုန်းနဲ့ရဖို့ ကြိုးစားကြပြန်ပါတယ်။သူတို့တွေကို သူတို့နှုတ်ကနေ ”ဒီပစ္စည်းစျေးမတန်လိုက်တာ လို့မပြောမချင်း အပေါ်ယံကြည့်ပြီး Negotiatorလို့ ဆုံးဖြတ်လို့မရပါဘူး။
ဒါဆိုသူတို့ကိုဘယ်လိုmanageလုပ်ကြမလဲ???🧐
ဒီလို Negotiator တွေက ဘေးနားပတ်ဝန်းကျင်ကသူ တွေကိုပါ စျေးဆစ်ဖို့တွန်းအားတစ်ခုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်သူတို့ကို သီးသန့် ခေါ်သွားပြီး စျေးညှိပါ။ ကိုယ့်ရဲ့စိတ်ကိုအတတ်နိုင်ဆုံး လျှော့ထားပြီး ကိုယ့်ပစ္စည်းရဲ့အကျိုးကျေးဇူးတွေကို ရှင်းပြပေးပါ။
အကယ်၍သူတို့ဘက်ကလက်မခံဘူး။ စျေးထပ်ဆစ် နေမယ်ဆိုရင် လက်လွှတ်လိုက်ဖို့ မတွန့်ဆုတ်နေပါနဲ့။ သူတို့ တကယ်စိတ်ဝင်စားရင် ကိုယ့်ဆီကို သူတို့ဘာသာ ရောက်လာပါလိမ့်မယ်။🤗
❗️(2) Scrooges (ကပ်စေးနှဲသူ)
သူတို့တွေက Negotiatorနဲ့ အလားတူပေမယ့် စျေးဆစ်စရာမလိုဘဲ စျေးအပေါဆုံးနဲ့ရတဲ့ပစ္စည်းကိုမှ သဘောကျကြတဲ့သူတွေပါ။
ကိုယ့်လုပ်ငန်းက စျေးပေါပေါနဲ့ ရောင်းနိုင်လို့သူတို့ကို target ထားလိုက်မယ်ဆိုရင်တော့ သင်အမှားကြီးမှားပါပြီ။
ဒါဆိုသူတို့ကိုဘယ်လို ဆွဲဆောင်ကြမလဲ???🤷‍♀️
သူတို့ကိုကိုယ့်ရဲ့ပစ္စည်းက ပြိုင်ဖက်ဆိုင်တွေထက်ကိုသာလွန် ကြောင်း၊ ပိုဝန်ဆောင်မှုပေးနိုင် ကြောင်း၊ ပိုစျေးတန်ကြောင်း ပြောပြမှသာ သူတို့က လိုလိုလားလား ဝယ်လာနိုင်ပါတယ်။
❗️(3) The Quality Nut (ပစ္စည်းအရည်အ သွေးကို ဦးစားပေးသူ)
ဒီလိုလူမျိုးတွေက စျေးနှုန်းကို အဓိကမထားဘဲပစ္စည်း အရည်အသွေးကောင်းဖို့ကိုသာ ဦးစား ပေးတတ်ကြသူတွေပါ။
ဒါပေမယ့် ဒီလိုဆို သူတို့ကို လွယ်လွယ်ကူကူ ရောင်းလို့နိုင်ပြီလို့ သင်ထင်ပါသလား??? 👐🏻
Noပါ။ ကိုယ့်ကုန်ပစ္စည်းတွေက စျေးကွက်မှာ အကောင်းဆုံး ဆိုတာကို သူတို့မငြင်းနိုင် လောက်အောင် သက်သေပြနိုင်ဖို့ လိုအပ်ပါတယ်။ Quality Nut တွေကို ပစ္စည်းရောင်းတော့မယ် ဆိုရင် သင်ဦးတည်ရမှာက တစ်ခုထဲပါဘဲ။အဲ့ဒါကတော့ ”Value” ဆိုတဲ့ ကုန်ပစ္စည်း အရည်အသွေး တန်ဖိုးပါပဲ။✨
❗️(4) The Flaunter(ကြွားလုံးထုတ်တတ်သူ)
ဒီလိုလူမျိုးတွေက နာမည်ကြီး Brand တွေကိုဘဲ ဝယ်သုံးတတ်ကြသူတွေပါ။ Flaunter နဲ့ Faux Flaunter ဆိုပြီး(၂)မျိုးရှိပါတယ်။
Flaunter တွေကတော့ တကယ်ချမ်းသာပြီး Brand တွေပဲ ဝယ်သုံးပြီး ကြွားတတ်ကြသူတွေပေါ့။😁
Faux Flaunter တွေကတော့ ဆင်းရဲပေမယ့်လည်း အများအမြင်မှာ ချမ်းသာသူတွေလို့ မြင် စေချင်ကြတဲ့သူတွေပေါ့။
ဒီလိုလူမျိုးတွေနဲ့ ပြောဆိုဆက်ဆံရတော့မယ်ဆိုရင် အရင်ဆုံး သင်သိအောင် လုပ်ရမှာက သူတို့က တကယ်ချမ်းသာတာလား။ ဒါမှမဟုတ် ဟန်ဆောင်နေကြတာလားပေါ့။🧐
အသိသာဆုံး တစ်ချက်ကတော့ Flaunter အများစုက သူတို့ချမ်းသာကြောင်း လူအများသိအောင် နေချင်တတ်ကြပေမယ့် သူတို့ပေးရတဲ့ ပိုက်ဆံနဲ့ထိုက်တန်တယ်လို့ ခံစားရတဲ့တန်ဖိုးကြီး ပစ္စည်းတွေကိုပဲ ဝယ်ယူကြတာများပါတယ်။
Faux Flaunter တွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါမှာ အနည်းငယ် အခက်အခဲလေးတွေ တွေ့ရတတ်ပါတယ်။😅
ဒါပေမယ့်လည်း သူတို့ကိုပစ္စည်းရောင်းတော့မယ်ဆိုရင် ငွေကြေးသင့်တင့်ပြီး Brand နီးတူ ကောင်းတဲ့ ပစ္စည်းလေးတွေကို ညွှန်းပေးရပါမယ်။ လူအများကြည့်ရင် Brandလို့ထင် လောက်တဲ့ပစ္စည်းမျိုး ပေါ့။🤩
ဒီ customer personality type လေးမျိုး အကြောင်းလေး ဖတ်ပြီးတော့ အသိတစ်ခု တိုးသွားမယ်လို့ မျှော်လင့်ပါတယ်နော်။🥳
ဖောက်သည် တွေဆိုတာက အမျိုးအစား ပေါ် မူတည်ပြီး ခွဲခြားဆက်ဆံရပါတယ်။ ဒါမှကိုယ့်ဆီက ဖောက်သည်တွေက တခြားလူဆီ မရောက်သွားဘဲ ကိုယ့်ဆီမှာ သစ္စာရှိရှိ တည်မြဲ နေမှာပဲဖြစ်ပါတယ်။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါ စေရှင် 😇
Written by - Hydra Myo

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱