Daily Routines For Small Business
အသေးစားလုပ်ငန်းရှင်တစ်ဦးရဲ့ တစ်နေ့တာ 
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ ...
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့မိတ်ဆွေတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းတိုးတက်ဖို့အတွက် ဘယ်လိုတွေကြိုးစားနေကြလဲ?
ကိုယ့်အလုပ်နဲ့ပတ်သက်တဲ့ တနေ့တာလုပ်စရာတွေကိုကော သေချာသတ်မှတ်ထားကြရဲ့လား ..
ဟုတ်ကဲ့။ ဒီနေ့မှာတော့ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့မိတ်ဆွေတွေအတွက် ကိုယ့်လုပ်ငန်းစီးပွားရေးတိုးတက်အောင်မြင်ဖို့ တနေ့တာလုပ်သင့်တဲ့ အရာလေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့လုပ်ငန်းကို ထိရောက်ကောင်းမွန်တဲ့ အသေးစား စီးပွါးရေးလုပ်ငန်းတစ်ခု ဖြစ်ချင်တယ်ဆိုရင်တော့ လုပ်ငန်းအတွက် တစ်နေ့တာ ဘာတွေလုပ်ရမလဲဆိုတာကို ကျွန်တော်တို့ကြည့်လိုက်ကြရအောင်...။
ကိုယ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဟာ......
ဝန်ထမ်းအနည်းငယ်နဲ့လုပ်နေရတဲ့ စီးပွားရေးလုပ်ငန်းဖြစ်နေတော့ ဒီလိုလုပ်ငန်းတွေတွက် လူ့တစ်ယောက်ရဲ့ အရေးပါမှုဟာ အခြားအကြီးစားစီးပွားရေးလုပ်ငန်းတွေထက် ပိုပါတယ်။ ပိုင်ရှင်လည်းကိုယ်၊ စီမံခန့်ခွဲသူကလည်းကိုယ်၊ စျေးကွက်ရှာဖွေချိတ်ဆက်တာလည်းကိုယ်ပဲဖြစ်နေသလို အလုပ်သမားဟာလည်း ကိုယ်ပဲ ဖြစ်နေတဲ့ ဒီလုပ်ငန်းတွက် အသေးစီးပွားရေးလုပ်ငန်းပိုင်ရှင်ဖြစ်နေတဲ့ မိတ်ဆွေဟာ ကျန်းမာရေးကိုအထူးဂရုပြုလိုက်စားသင့်ပါတယ်။
ကိုယ့်လုပ်ငန်းရေရှည်တည်တန့်ပြီး အသေးစားမှသည်အကြီးစား စီးပွားရေးလုပ်ငန်းဖြစ်လာဖို့ အဓိကကျတဲ့ ကိုယ့်ရဲ့ဖောက်သည်သစ်တွေကို ရှာဖွေဖို့နောက်မကျပါစေနှင့်။
လုပ်ငန်းရေရှည်တည်တန့်ပြီး အစဥ်အမြဲတိုးတက်လာစေဖို့ မိတ်ဆွေသစ်တွေကိုရှာသင့်သလို တဖက်မှာလည်း ရှိရင်းစွဲကိုယ့်ရဲ့ မူလမိတ်ဆွေဟောင်းတွေကို ဆက်လက် လက်တွဲစေဖို့ ပြောဆိုဆက်သွယ်ပါ။
အနာဂတ် ရောင်းဝယ်မှုအစီအစဥ်ကို ချမှတ်ထားခြင်းဟာစီးပွားရေးလုပ်ငန်းတခုတွက် ရှေ့မှာအောင်မြင်ဖို့ အတွက်များစွာအထောက်အကူပြုပါတယ်။ ဒီလိုပါပဲ လက်ရှိကိုယ့်ငန်းလည်ပတ်စေဖို့ဆိုရင်လည်းတဖက်မှာ ခုရှိရင်းစွဲ ဖောက်သည်တွေဆီ များများရောင်းချပေးရမယ်။
ကိုယ့်စီးပွားရေးလုပ်ငန်းတိုးတက်အောင်မြင်ဖို့ ချမှတ်ထားတဲ့ ရောင်းဝယ်ခြင်းအတွက်အစီအစဥ်တွေ၊ စျေးကွက်ယှဥ်ပြိုင်မှုတွေအတွက်ရေးဆွဲထားတဲ့ မားကတ်တင်း အစီအစဥ်တွေကို တခုချင်းစီအကောင်အထည် ဖော်ခြင်းဟာ လုပ်ငန်းတိုးတက်ဖို့တွက်များစွာ အထောက်အကူပြုပါတယ်။
ကိုယ့်ချမှတ်ထားတဲ့ အစီအစဥ်တွေ လမ်းကြာင်းတွေနဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့လုပ်ငန်းဆောင်တာတွေအားလုံးထဲ က အရေးကြီးတဲ့လုပ်ငန်းတွေ ၊ဦးစားပေးရမယ့်အရာတွေကို လုပ်ဖို့မမေ့ပါနှင့်။
ဒါကတော့ရှင်းပါတယ်။ လူအနည်းငယ်နဲ့ လည်ပတ်နေရတဲ့ လုပ်ငန်းတခုအနေနဲ့ လုပ်ငန်းရဲ့ တာဝန်ဟူသမျှနှင့်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကို ကိုယ်တစ်ယောက်ထဲပဲလအသေးစိတ်သိထားလို့မရပါဘူး။ ကိုယ်မအားမလပ်တဲ့အချိန် ဒါမှမဟုတ် ကျန်းမာရေးကြောင့် တခုခုဖြစ်နေတဲ့အချိန်တွေမှာ ကိုယ့်လုပ်ငန်းကို ပုံမှန်ဆက်လက်လည်ပတ်စေဖို့ တာဝန်ယူမယ့် လူတစ်ယောက်ကို လုပ်ငန်းနဲ့ပတ်သက်တဲ့ အရာတွေကို သင်ကြားပေးထားသင့်ပါတယ်။
ဒီအချက်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဒါမှမဟုတ် အထက်လူကြီးနှင့် လုပ်ငန်းပိုင်ရှင်တွေ အလေးပေးစဥ်းစားသင့်တဲ့ အချက်တွေထဲကတစ်ချက်ပါ။ ကိုယ့်လုပ်ငန်းတိုးတက်ဖို့တွက် ကိုယ့်ရဲ့ဝန်ထမ်းတွေဟာလည်း အဓိကသော့ချက်တခုဆိုတာ မမေ့ပါနှင့်။ နားထောင်ပါ။ ကျိုးကြောင်းဆီလျော်စွာပြန်လည်ပြောဆိုပါ။
လူတွေက ကုန်ပစ္စည်း ဒါမှမဟုတ်လဝန်ဆောင်မှုတခုနှင့် ပတ်သက်ပြီးတော့ ၉ ခါကောင်းပြီး တစ်ခါလောက်သာ သူတို့စိတ်ကြိုက်မဖြစ်ခဲ့ရင် ဒီကုန်ပစ္စည်းလဲလှယ်မှုတွက် သူတို့မကျေနပ်ကြပါဘူး။ ဒါကြောင့် မိမိရဲ့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုရဲ့ အရည်အသွေးကို နေ့တိုင်း စစ်ဆေးပါ။
ကိုယ်ကဘယ်လောက်ပဲအလုပ်ကြိုးစား တက်ကြွနေပါစေ လုပ်ငန်းတိုးတက်ဖို့တွက် အဓိကကျတဲ့ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေ ကျဆင်းနေရင်လည်း လုပ်ငန်းတိုးတက်မှုကိုများစွာ အခက်တွေ့စေပါတယ်။ ဒါကြောင့် ကိုယ့်ဝန်ထမ်းတွေ လုပ်ရမယ့်တာဝန်အသီးသီးရဲ့ ပြီးစီးမှုကို အကဲဖြတ်လေ့လာပါ။
အပေါ်ကပြောခဲ့တဲ့အချက်တွေကိုသာ သေချာလိုက်နာ ဆောင်ရွက်မယ်ဆိုရင် မိတ်ဆွေအနေဖနဲ့ အရေးပါတဲ့ ရည်မှန်းချက်တခုကို အကောင်အထည်ဖော်နိုင်မှာ အမှန်ကန်ပါပဲ။
ကိုယ့်ချမှတ်ထားတဲ့ ရည်မှန်းချက်ရဲ့ အောင်မြင်မှု၊ ရှေဆက်သွားရမယ့်အရာတွေရဲ့ အတိုင်းအတာကို ပြန်လည်ဆန်းစစ်ပြီး လုပ်သင့်တာတွေကို လုပ်ဆောင်ပါ။
နောက်ဆုံးတခုကတော့...
ကိုယ့်ဆီကိုလုပ်ငန်းနဲ့ပတ်သက်လို့ ရောက်လာတဲ့အဝင်ဖုန်းဟူသမျှကိုဖြေကြားဖို့ မမေ့ပါနှင့်။ ဒီလိုလုပ်တာဟာ လုပ်ငန်းနဲ့ ဝယ်သူတွေကြား ကောင်းမွန်တဲ့ဆက်သွယ်မှုတခုကိုဖြစ်စေသလို customer တွေရဲ့ လိုအပ်ချက်တွေကို သိလာမှာဖြစ်တယ်။
ဟုတ်ကဲ့..ဒါတွေကတော့ အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မိတ်ဆွေတွေအနေနဲ့ တနေ့တာလုပ်သင့်တဲ့ အရေးကြီးအချက်လေးတွေဖြစ်ပါတယ်။
ဒီအထဲက မိတ်ဆွေတို့လုပ်နေကြတဲ့ အချက်တွေပါသည်ဖြစ်စေ ဒါမှမဟုတ် တခြား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်လေ့လုပ်ထရှိတဲ့ တန်ဖိုးရှိတဲ့ တနေ့တာလုပ်ဆောင်ချက် လေးတွေရှိရင်လည်း ကျွန်တော်တို့ကို ပြန်ပြောပြခဲ့ဖို့ တောင်းဆိုပါတယ်။
“ထိရောက်ကောင်းမွန်တဲ့ တနေ့တာချင်းစီရဲ့ လုပ်ဆောင်ချက်တွေနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြပါစေ”
Kyaw Nyein (YAU)
References:
How to make big money in your own small business

Comments
Post a Comment