Emotional Quotient (EQ) in Business World

အားလုံးဘဲ မင်္ဂလာပါ❤️
Beatrix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်🙆‍♀️
ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ “EQ in Business World” ဘဲဖြစ်ပါတယ်၊ အဲ့အကြောင်းကို မပြောခင်မှာ EQနဲ့ IQ ဘယ်လိုကွာခြားလဲဆိုတာကို အကျဉ်းချုပ်လေး အရင်ပြောပြပေးချင်ပါတယ် 🙌
💥 EQ ရဲ့အရှည်ကောက်က Emotional Quotient ဖြစ်ပြီးတော့ Emotional Intelligenceလို့လည်းခေါ်ပါတယ်။ IQရဲ့အရှည်ကောက်ကတော့ Intelligence Quotient ဖြစ်
ပါတယ်။
💥EQက လူတစ်ယောက်ရဲ့ emotion (ခံစားချက်) တွေအပေါ်မှာနားလည်နိုင်စွမ်း၊ သဘောထားကွဲလွဲမှု ပြသာနာတွေကို ကောင်းစွာ ဖြေရှင်းနိုင်စွမ်း၊ empathyဆိုတဲ့ စာနာထောက်ထားနိုင်စွမ်းရှိခြင်း၊ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ကိုယ့်နေရာကတင် မဟုတ်ဘဲ သူတစ်ပါးဆိုရင်ရော ဆိုတဲ့အတွေးနဲ့ ကိုယ်ချင်းစာနိုင်စွမ်းစတဲ့ အရည်အချင်းတွေပေါ်မှာ အဓိကမူတည်ပါတယ်။
ဒီအရည်အချင်းတွေအပြင် EQမြင့်တဲ့လူတွေက မိမိရဲ့ ခံစားချက်တွေကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိလို့ လုပ်ငန်းခွင်မှာ အောင်မြင်တဲ့သူတွေဖြစ်လာကြပါတယ်၊ ဒါကြောင့်လည်း
EQက အလုပ်လုပ်တဲ့နေရာမှာ အရေးပါတာပဲဖြစ်ပါတယ်။
ဒါဆို IQ ကရော .. 🧐
IQကအကြောင်းအရာ တစ်ခုအပေါ်မှာ
သင်ယူတတ်မြောက်နိုင်စွမ်း၊ မိမိသိထားတဲ့ဗဟုသုတ၊ အချက်အလက်တွေကို ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲ ဆိုတာကို တွေးခေါ်နိုင်စွမ်း၊ ကျိုးကြောင်း ဆက်စပ် တွေးခေါ်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေး တို့ကိုအခြေခံပါတယ်၊
IQမြင့်တဲ့လူတွေဟာ ကျောင်ပညာရေးမှာ တော်တဲ့သူတွေဖြစ်တဲ့အပြင် သင်္ချာဘာသာရပ်မှာလည်း ထူးချွန်တဲ့သူတွေ ဖြစ်ကြပါတယ်။
ဒါဆိုရင် EQက social skill တွေနဲ့ ပတ်သက်တာဖြစ်ပြီးတော့ IQကတော့ ကိုယ့်မှာရှိတဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်တာ ဖြစ်ပါတယ်🙌
EQနဲ့ IQ နှစ်ခုအကြောင်းကိုလည်း ကွဲကွဲပြားပြား သိသွားလောက်ပြီဆိုတော့ အခု“EQ in Business World”အကြောင်း
ကိုဆက်သွားကြည့်ရအောင်🙋‍♀️
💥EQ ကဘာလို့ စီးပွါးရေးလုပ်တဲ့နေရာမှာ၊ လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ အရေးပါတာလဲ🧐
ဘာလို့လဲဆိုတော့…
1️⃣ပထမဆုံးအနေနဲ့ Emotional Quotient(EQ)က အောက်ဖော်ပြပါ အချက်(၅)နဲ့ ယေဘုယျဖွဲ့စည်းထားတယ်၊ အဲ့
အချက်တွေက အောင်မြင်ရေးလမ်းကြောင်းကိုလျှောက်တဲ့အခါမှာ အလွန်ပဲအရေးကြီးလို့ဖြစ်ပါတယ်။
✔️Self-awareness
မိမိရဲ့ ကောင်းကွက်ဆိုးကွက်တွေကို သိရှိ၍ ပိုကောင်းအောင်ပြင်ဆင်ခြင်း။
✔️Self-Regulation
အကြောင်းအရာတစ်ခုကို ကိုယ့်ရဲ့emotionsတွေ၊ feelingsတွေပေါ်လိုက်ပြီး မတုံ့ပြန်ဘဲ ရင့်ကျက်စွာစဉ်းစားပြီးမှ တုံ့ပြန်တတ်ခြင်း။
✔️Internal Motivation
မိမိရဲ့ရည်မှန်းချက်တွေဆီကို အရောက်သွားတဲ့အခါမှာ ပြသာနာတွေကြုံလာရင်လည်း ကိုယ့်ကိုယ်အားပေးပြီး ပြန်ထနိုင်တဲ့စိတ်ဓာတ်ခွန်အားရှိခြင်း။
✔️Empathy
မိမိရဲ့အတွေးတွေ သာမက တစ်ပါးသူရဲ့အတွေးတွေကိုပါ မျှဝေခံစားတတ်ခြင်း။
✔️Social skills
ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ တည်ဆောက်တတ်ခြင်း။
ဒီEQ ရဲ့ အစိတ်အပိုင်း (၅)ချက်က လုပ်ငန်းလုပ်ကိုင်ရာမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ်။
2️⃣ဒုတိယအချက်အနေနဲ့ကတော့ EQမြင့်တဲ့သူတွေက အထက်မှာဖော်ပြထားတဲ့အရည်အချင်း(၅)ချက်ရှိခြင်းကြောင့် Business လုပ်တဲ့အခါမှာ...
✔️ဖိအားပေးမှုတွေရှိသော်လည်း တည်ငြိမ်စွာဘဲ ဖြေရှင်းခြင်း။
✔️ခက်ခဲတဲ့အခြေအနေတွေမှာတောင် emotionsတွေ နောက်မလိုက်ဘဲ တည်ငြိမ် အေးဆေးစွာပဲ ပြသာနာကို အဖြေရှာခြင်း။
✔️ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတာကြောင့် အလုပ်အတူတူတွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေခြင်း စတဲ့အရည်အချင်းတွေကြောင့် ပိုတော်တဲ့ leader တွေ staffတွေ ဖြစ်လာကြပါတယ်။
3️⃣ နောက်ဆုံးအချက်အနေနဲ့ “EQ in Business World”အတွက် ဥပမာပြုရရင်
လုပ်ငန်းလုပ်ကိုင်နေတဲ့ အလုပ်ရှင်တွေ၊အလုပ်သမားတွေမှာသာ အထက်မှာပြောပြခဲ့တဲ့EQနဲ့ပတ်သက်တဲ့ အရည်အချင်းတွေ မရှိခဲ့ရင် ....
❌အမြင်မတူမှုတွေကြားမှာ လုပ်ငန်းရှင်တွေအချင်းချင်း အဆင်မပြေခြင်း။
❌customer တွေရဲ့လိုအပ်ချက်တွေချက်ကို လိုက်ပြီးဘယ်လိုညှိယူရမလဲဆိုတာ မစဉ်းစားခြင်း။
❌အလုပ်ရှင်နဲ့အလုပ်သမားကြား ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးမရှိခြင်း စတဲ့အချက်တွေက ကိုယ့်ရဲ့ လုပ်ငန်းတိုးတက်ဖို့အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
အဲ့ဒါကြောင့် “Emotional Quotient(EQ) in Business World” ဆိုပြီးတော့ လုပ်ငန်းလုပ်ကိုင်နေတဲ့လူတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့EQရဲ့ အရေးပါပုံကို တင်ဆက်ပေးလိုက်ပါတယ်🙆‍♀️
အားလုံးလည်း ဗဟုသုတရသွားမယ်လို့ မျှော်လင့်ပါတယ်🥳
ဖတ်ရှုကြတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်ရှင် ❤️
Written by
TTZ🧸
Image may contain: text that says "BEATRIX Emotional Quotient (EQ) in Business World V 山"

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱