Essential For Financial Management

အားလုံးပဲမင်္ဂလာပါ❤️
Beatrix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်🤗
ဒီနေ့မှာတော့ Financial Management ရဲ့ အခြေခံအစိတ်အပိုင်းတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
အားလုံးလည်းသိကြတဲ့အတိုင်း ငွေကြေးစီမံခန့်ခွဲမှူပညာ (Financial Management) ပညာရပ်ဟာ လုပ်ငန်းအောင်မြင်မှုအတွက်
အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်၊လုပ်ငန်းတစ်ခုရဲ့အဓိက ပင်မ ကျောရိုးလို့တောင် ပြောလို့ရပါတယ်၊ ဘာလို့လဲ
ဆိုတော့လုပ်ငန်းရဲ့
(1)profit-အကျိုးအမြတ်ရရှိမှူ၊
(2)cash flow-ငွေသားစီးဆင်းမှူ၊
(3)financial condition-ငွေကြေးအခြေအနေ တွေက Financial Management ရဲ့လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်လို့ပဲဖြစ်ပါတယ်🙆‍♀️
ဒါဆိုရင်လုပ်ငန်းရှင်တွေ၊ငွေကြေးစီမံခန့်ခွဲတဲ့မန်နေဂျာတွေ ချမှတ်ရတဲ့ ဆုံးဖြတ်ချက်တွေကရော ⁉️
လုပ်ငန်းရဲ့ Financial management ပတ်သက်ပြီးတော့ မဖြစ်မနေချမှတ်ရမယ့် Decision သုံးမျိုးရှိပါတယ်
✔️Investment Decision
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက် long- term ရေရှည် ပိုင်ဆိုင်မှုဆိုင်ရာ ရင်းနှီုးမြှုပ်နှံခြင်း (Capital Budgeting) နဲ့ short-term ရေတိုပိုင်ဆိုင်မှု၊ နေ့စဉ်လုပ်ငန်း လည်ပတ်မှုဆိုင်ရာ ရင်းနှီုးမြှုပ်နှံခြင်း (Working capital)
စတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ရတာပဲဖြစ်ပါတယ်
✔️Financial Decision
ငွေကြေးဆိုင်ရာဆုံးဖြတ်ချက် - ဥပမာအားဖြင့်
ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရဲ့တိုးတက်မှုအခြေအနေ၊ ပြန်လည် ရရှိနိုင်မယ့်အကျိုးအမြတ် စသဖြင့် သေချာဂရုစိုက်
ဆုံးဖြတ်ရတာပဲ ဖြစ်ပါတယ်
✔️Dividend Policy Decision
အရှုံးအမြတ်ခွဲဝေမယ့် မူဝါဒဆိုင်ရာဆုံးဖြတ်ချက် -အကျိုးအမြတ်တွေ ရလာတဲ့အခါ မိမိရဲ့ရှယ်ယာဝင်တွေကို
ဘယ်လိုခွဲဝေပေးမလဲ၊ ဘယ်လောက်ကို လုပ်ငန်းအတွက် ပြန်ဖယ်ထားမလဲ ဆိုတာကို ဆုံးဖြတ်ရတာပဲဖြစ်ပါတယ်
Financial Management နဲ့ ပတ်သက်လို့ ဒီဆုံးဖြတ်ချက်တွေကို သိသင့်သလို ကိုယ်ကကိုယ်ပိုင်လုပ်ငန်းအသေးစား စလုပ်တော့မယ်လို့ စဉ်းစားထားတယ်ဆိုရင် ငွေကြေးဆိုင်ရာ
စီမံခန့်ခွဲမှုအတွက် မဖြစ်မနေ လုပ်ထားသင့်တဲ့အချက်လေး တွေကတော့…
1️⃣Account for every single cent
မိမိလုပ်ငန်းကနေ နေ့စဉ်ရရှိတဲ့ငွေပမာဏနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စာရင်းရေးမှတ်ထားဖို့လိုပါတယ်။
အဲ့ဒါမှသာ နောက်ပိုင်းအကျိုးမြတ်ရတဲ့အခါမှာဖြစ်ဖြစ်၊ တစ်စုံတစ်ခုကြောင့် အရှုံးပေါ်တဲ့အခါမှာဖြစ်ဖြစ် စာရင်းကို ပြန်တွက်ချက်ကြည့်ပြီး ပိုတိုးတက်အောင်လုပ်နိုင်မာပဲဖြစ်ပါတယ်💰
2️⃣Know the essentials
မိမိလုပ်ကိုင်နေတဲ့လုပ်ငန်းပေါ်မူတည်ပြီးလုပ်ငန်းတိုးတက်စေမယ့် အရာတွေကို သေချာသိရှိထားဖို့အလွန်ပဲ အရေးကြီးပါတယ်၊ ကိုယ်ကသာ လုပ်ငန်းနဲ့မသက်ဆိုင်တဲ့အရာတွေမှာ ရင်းနှီုးမြှုပ်မှုတွေ လုပ်နေခဲ့မိမယ်ဆိုရင်
လုပ်ငန်းတိုးတက်ဖို့ နှောင့်နှေးစေနိုင်ပါတယ်🙌🏻
3️⃣Create a financial contingency plan
စီးပွါးရေးလုပ်တဲ့အခါမှာ ကိုယ်ကြိုးစားရင်အောင်မြင်မှာပဲဆိုပြီး တစ်သမတ်ထဲ သတ်မှတ်ထားလို့မရတာ အမှန်ပါ၊ ရှေ့မှာဖြစ်ပေါ်လာနိုင်တဲ့ စီးပွါးရေးစျေးကွက်အပြောင်း
အလဲတွေနဲ့ ဖြစ်နိုင်တဲ့အခြေအနေတွေ အားလုံးကို တွက်ချက်ပြီးတော့ အစီအစဉ်တစ်ခု လုပ်ထားဖို့လည်း လိုအပ်ပါတယ်🌟
4️⃣Budget,forecast and analyse variances
လုပ်ငန်းလုပ်တဲ့အခါမျိုးမှာ စွန့်စားပြီး ရင်းနှိီုးမြှုပ်နှံရတဲ့အခါမျိုးတွေရှိပါတယ်၊ အဲ့အခါကျရင် ဖြစ်နိုင်ချေတွေ အကုန်လုံးနဲ့ မိမိရဲ့budget ကိုပါ သေချာတွက်ချက်ပြီးမှ ရင်းနှီးမြှုပ်နှံ
ဖို့ဆုံးဖြတ်သင့်ပါတယ်🧐
5️⃣Visualize,set benchmarks and analyse performance
သင့်လုပ်ငန်းရဲ့လုပ်ဆောင်ချက်တွေကတော့
သင်တစ်ကယ် မျှော်မှန်းထားတဲ့ပန်းတိုင်ကို ရောက်အောင်သွားနေရဲ့လား ဆိုတာကို ပြန်ဆန်းစစ်ဖို့လည်း မမေ့သင့်ပါဘူး🔨
6️⃣Invest in an App/Software
ဒါကတော့ ရင်းနှီုးမြှုပ်ဖို့ ဆိုလိုတာမဟုတ်ဘဲ ကိုယ့်လုပ်ငန်းရဲ့ financial အချက်အလက်တွေကိုback upလုပ်ပေးမယ့် app သို့မဟုတ် software လေးတွေရှိမယ်ဆိုရင် လုပ်ငန်း
လုပ်ကိုင်ရာမှာ ပိုအဆင်ပြေမှာပါ၊(ဥပမာ accounting suite လိုsoftwareမျိုး)💻
7️⃣Pay Taxes
အခွန်မှန်မှန်ဆောင်ခြင်းကလည်း နောင်တစ်ချိန် သင့်လုပ်ငန်း နာမည်ကောင်းရဖို့အတွက် အထောက်အကူပြုစေမှာပါနော်💸
8️⃣Invest Surpluses
သင့်လုပ်ငန်းကနေ အပိုငွေ၊ အမြတ်ရလာပြီဆိုရင် ဒီနေ့သုံးဖို့မလိုသေးတာမှာ မသုံးဘဲ ဘဏ်မှာ အပ်ထားတာဖြစ်ဖြစ်၊ တစ်ခြားလုပ်ငန်းတစ်ခုခုမှာ ရင်းနှီုးမြှုပ်နှံတာဖြစ်
ဖြစ်လုပ်သင့်ပါတယ်၊ ဒါပေမဲ့ အဲ့လိုရင်းနှီုးလိုက်တဲ့အခါမှာ သင့်ရဲ့contingency plan ကိုပါ သေချာစဉ်းစားထားဖို့တော့ လိုပါတယ်🔍
9️⃣Depreciate
Depreciationဆိုတာကို ဥပမာပေးရရင် ကုန်ပစ္စည်းတစ်ခုဟာ ထုတ်လုပ်ပြီးတဲ့အချိန်ကစပြီး အချိန်တစ်ခုကို ရောက်တဲ့အခါမှာ ပစ္စည်းတန်ဖိုးလျှော့ကျသွားတာကို ခေါ်
တာပါ။
Financial managementမှာတော့ ပစ္စည်းတန်ဖိုးနည်းသွားတဲ့အခါ ထုတ်လုပ်တဲ့အချိန်က ရင်းနှီးထားတဲ့အရင်းအနှီး၊ ပစ္စည်းခံနိုင်တဲ့နှစ်၊ အဲ့ပစ္စည်းကရတဲ့ ဝင်ငွေကို တွက်ချက်ကြည့်ရမယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်🧮
🔟Consult
ကိုယ့်လုပ်ငန်းရဲ့ budgeting ၊ reportingစတဲ့ စနစ်တွေက မှန်ကန်စွာ လည်ပတ်နေရဲ့လားဆိုတာကိုလည်း စီးပွါးရေးအကြံပေးတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ် 🤝
အထက်မှာပြောပြသွားတာတွေကတော့ “Essentials for Financial Management”၊ အထူးသဖြင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ စဉ်းစားထားတဲ့သူတွေအတွက် ငွေကြေးစီမံခန့်ခွဲမှုနဲ့
ပတ်သက်လို့ သိသင့်သိထိုက်တာလေးတွေပဲဖြစ်ပါတယ်🙆‍♀️
အားလုံးလည်းဖတ်ပြီးဗဟုသုတ တစ်ခုခုရသွားစေဖို့ မျှော်လင့်ပါတယ်💫

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱