How to find Customers(Using Incentives)? ကိုယ့်လုပ်ငန်းအတွက် Customer တွေကို ဘယ်က ရှာမလဲ ... ❓
လုပ်ငန်းတစ်ခုကို ရေရှည်လုပ်ကိုင်နိုင်ဖို့ဆိုတာ Customer အခိုင်အမာရှိမှ ဖြစ်နိုင်တာပါ။
=
ပုံမှန်ဆို ကျွန်မတို့တွေ Marketing ကနေတဆင့် Customer တွေကို ဆွဲဆောင်တယ် ဒါမှမဟုတ် တိုက်ရိုက် Customer တွေကို ဆက်သွယ်ပြီး Product အကြောင်း ကြော်ငြာကြပါတယ်။
Customer တွေရဲ့ Contact Information ကို ရှာတဲ့အခါမှာ B2B(Business to Business) နဲ့ B2C(Business to Customer) ကြား ကွာဟချက် ရှိပါတယ်။
ဒါဆိုရင် ကိုယ်တွေလုပ်လို့ရမှာက Potential Customer တွေကို Incentive ပေးပြီး Contact Information တွေ ပြန်တောင်းဆိုလို့ရပါတယ်။
Incentive တွေပေးတဲ့အခါမှာ Landing Page နဲ့တွဲပေးရပါမယ်။
Incentive ပေးထားတဲ့ Link နှိပ်လိုက်ရင် Contact Information ဖြည့်ရတဲ့ Landing Page ကို ဖန်တီးရပါမယ်။ ဒါမှသာ Leads (သို့) Potential Customer တွေရဲ့ Contact Information တွေ ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာ Landing Page သုံးပြီး Customer တွေကိုလည်း ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်အောင် တစ်ဖက်မှာလည်း လိုအပ်တဲ့ Contact Information လည်း ရနိုင်တဲ့ Incentive (၈) မျိုးကို ပြောပြပေးချင်ပါတယ်။
Ebook ဆိုတာ စာအုပ်တွေကို Mobile Phone (သို့) Laptop တွေကနေ ဖတ်လို့ရအောင် လုပ်ထားတဲ့ FIle ဖြစ်ပါတယ်။
Ebook ကို ကိုယ်တိုင်ထုတ်တာဖြစ်ဖြစ်၊ ထုတ်ထားပြီးသား Ebook တွေကို Copyright နဲ့ အခမဲ့ ပြန်ဖြန့်ပေးတာမျိုးကလည်း Incentive အနေနဲ့ အလုပ်ဖြစ်ပါတယ်။
Guides ကလည်း Ebook ပုံစံပါပဲ။ သူကတော့ အဓိက လုပ်ငန်းနဲ့ဆိုင်တဲ့ Instruction တွေအဓိကပါတဲ့ Ebook မျိုးဖြစ်ပါတယ်။
ဥပမာ - Digital Marketing Beginner Guide, Job Hunting Techinques တွေက Guides အမျိုးအစားတွေပဲဖြစ်ပါတယ်။
Kits ကတော့ Content ပေါင်းစုံပေါင်းထားတာတဲ့ Document ဖြစ်ပါတယ်။ Presentation တွေ၊ Report တွေ ပါရင်လဲပါမယ်၊ Guide တွေ ၊ Survery တွေလည်း ပါရင်ပါမယ် စသဖြင့် ခေါင်းစဉ်တစ်ခုနဲ့ဆိုင်တဲ့ Content မျိုးစုံကို တွေ စုပေးထားတဲ့ Document ကို Kit လို့ ခေါ်ပါတယ်။
အထက်ပါ Resource တွေကို Incentive အနေနဲ့ သုံးပေးခြင်းက Customer တွေအတွက် ပညာရစေသလို၊ မိမိရဲ့ ကုမ္ပဏီအပေါ်လည်း ပိုယုံကြည်မှုတိုးလာစေနိုင်ပါတယ်။ Customer တွေအနေနဲ့လည်း ပိုပြီး လိုလိုလားလားနဲ့ Contact Information ကို ပေးလာနိုင်ပါတယ်။
Event တွေ Webinar တွေရဲ့ Pre-Registration ကနေတဆင့် စိတ်ဝင်စားတဲ့သူတွေရဲ့ Contact Information တွေ Request လုပ်လို့ရသလို ပွဲပြီးပြီးနောက်ပိုင်းမှာ Survey ကောက်တဲ့အခါမှာလည်း Information ထပ်စုလို့ရပါတယ်။
ဥပမာ တချို့ကတော့ ပညာရေးပြပွဲတွေ၊ Promotion ပွဲတွေ၊ Knowledge Sharing Seminar တွေပါ။
Podcast ကတော့ Audio File အမျိုးအစားဖြစ်ပြီး ဖန်တီးရလဲလွယ်ကူပါတယ်။ Podcast တွေဟာ Potential Customer တွေရဲ့ အမြင်မှာ Professional ဆိုတဲ့ အမြင်ကိုပေးနိုင်ပြီးတော့ Series လိုက်လွှင့်တာများတဲ့အတွက် Potential Customer တွေနဲ့ အချိန်ကြာကြာ Engage လုပ်နိုင်ပါတယ်။
Content Marketing အတွက် Blog Content တွေ ရေးတင်လေ့ရှိသလို Blog ကို နောက်နည်းတစ်မျိုးနဲ့ Customer တွေကို ဆွဲဆောင်နိုင်ပါတယ်။
ပုံမှန် Social Media Platform တွေမှာ Blog တင်ပြီဆိုရင် Engagement တက်လာရင်တောင် ဒီ Content တွေကို ဖတ်တဲ့သူတွေရဲ့ Contact Information ကဘာလဲဆိုတာကို တိတိကျကျ သိဖို့ခက်ပါတယ်။
တစ်ယောက်ချင်းစီရဲ့ Social Media Account ဆီ သွားပြီး ကြော်ငြာတာကလည်း Customer တွေကို နှောင့်ယှက်ရာရောက်ပါတယ်။ ဒါကြောင့် တိုက်ရိုက် Sales အတွက် ချဉ်းကပ်ဖို့က ခက်ပါတယ်။
ဒီလို Blog ပရိသတ် တွေကို Customer အဖြစ် ပြောင်းလဲလို့ရတဲ့ နည်းကတော့ Email ကနေ Blog တွေကို အချိန်မှန်မှန် ဖတ်ဖို့ ပို့ပေးခြင်းဖြစ်ပါတယ်။ 
အရေးကြီးတဲ့ တစ်ချက်က အခြား Platform တွေမှာ တင်ပေးသား Blog တွေအပြင် Blog အသစ်တွေ ထပ်ထည့်ပေးဖို့လိုပါတယ်။ မဟုတ်ရင် Content ချင်းတူတူဆို Potential Customer တွေအနေဲ့ စိတ်ဝင်စားမှု လျော့နည်းသွားနိုင်ပါတယ်။
နောက်တစ်ချက်က Content တွေကို Quality ပြည့်ပြီးတော့ Customer တွေ စိတ်ဝင်စားအောင် သေချာ ဖန်တီးဖို့ လိုပါတယ်။
ပို့ရင်ပြီးရောဆိုပြီး သေချာအာရုံမစိုက်ရင် ကိုယ့် Brand အတွက် ဆေးမဖြစ်ပဲ ဘေးပိုဖြစ်နိုင်ပါတယ်။
Presentation Template, Marketing Strategy Template, Facebook Story Template တို့ စတဲ့ Template တွေနဲ့ ရင်းနှီးကြမယ်ထင်ပါတယ်။
Template ဆိုတာ အဆင်သင့် သုံးလို့ရတဲ့ File မျိုးကို ဆိုလိုတာဖြစ်ပြီးတော့ အတတ်ပညာအထူးပြုတဲ့ လုပ်ငန်းတွေအတွက် Incentive အနေနဲ့ အသုံးဝင်ပါတယ်။
အခြား လုပ်ငန်းတွေအတွက်လည်း လိုသလို အသုံးပြုပေးလို့ရပါတယ်။
ဥပမာ - Design Company တို့၊ Animation Company တို့၊ Accounting, Marketing စတဲ့ လုပ်ငန်းတွေမှာ အသုံးများပါတယ်။
ဒီလို လုပ်ငန်းတွေရဲ့ Potential Customer တွေဟာ ဒီအပိုင်းတွေမှာ မကျွမ်းကျင်တဲ့သူတွေ (သို့) Outsourcing လုပ်ချင်တဲ့သူတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဒီလို Template လေးတွေ အခမဲ့ Incentive ပေးပြီး Landing Page ကနေတဆင့် Potential Customer တွေရဲ့ စိတ်ဝင်စားမှုနဲ့အတူ Contact Information ရနိုင်ပါတယ်။
ပြိုင်ပွဲတွေ၊ Giveaway တွေကလည်း Customer တွေရဲ့ စိတ်ဝင်စားမှုကို တစ်ခဲနက်ရနိုင်တဲ့ Incentive တစ်ခုဖြစ်ပါတယ်။
Reward ရှိတဲ့အတွက် စိတ်ဝင်စားမဲ့ သူတွေများနိုင်ပြီးတော့ Public မှာလည်း Brand Awareness ပိုတက်လာနိုင်တဲ့ Incentive တစ်ခုဆိုလည်း မမှားပါဘူး။ 
တစ်ခုပါပဲ။ ပြိုင်ပွဲအတွက်ဆုနဲ့ Giveaway ပေးတဲ့ Product တွေက Potential Customer တွေ စိတ်ဝင်စားပြီး ပါဝင်လာအောင် လှုံ့ဆော်နိုင်မဲ့ Product မျိုးဖြစ်ရပါမယ်။
Quality နဲ့ Quantity ပိုင်းမှာလည်း ကောင်းမွန်ဖို့ အာရုံစိုက်ရပါမယ်။ အဓိကကတော့ Customer တွေကြည့်ပြီဆိုရင် Wow ခနဲ ဖြစ်သွားနိုင်တဲ့ Contest (သို့) Giveaway မျိုးကို ဖန်တီးပေးမှသာ ကျွန်မတို့ လိုချင်တဲ့ Potential Customer, Brand Awareness, Reach ကို ရနိုင်မှာဖြစ်ပါတယ်။
Tourism လို နယ်ပယ်တွေမှာဆိုရင် Season အလိုက်(သို့)နှစ်အလိုက် ထုတ်ထားတဲ့ Report တွေက Potential Customer သာမကပဲ နယ်ပယ်တစ်ခုထဲမှာ ရှိတဲ့ အခြား ကုမ္ပဏီတွေရဲ့ စိတ်ဝင်စားမှုပါရနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်အနေနဲ့ အချိန်ပေးပြီး Research ပြုစုပေးတာမျိုး၊ ဒါမှမဟုတ် အခြား Publish လုပ်ပြီးသား Research တွေ၊ Data Report တွေကို ပြန်ရှယ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။
ဒီလို Incentive ကို သုံးပေးခြင်းက အခြားလုပ်ငန်းတွေဆီကလည်း ကွဲထွက်သွားစေနိုင်ပါတယ်။
Report Example တချို့ကတော့ 2020 Tourism Trends Report, SEO Marketing Report, Performance Management Research, etc. ဖြစ်ပါတယ်။
ဒီ Resource တွေက Incentive အဖြစ် သုံးတယ်ဆိုပေမဲ့ သေချာ စနစ်တကျမလုပ်ထားတဲ့အခါ Customer အသစ်တွေ မရတဲံအပြင် ကိုယ့် Brand ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စနစ်တကျ လုပ်သင့်တဲ့အပြင် Potential Customer တွေဘာတွေ စိတ်ဝင်စားလဲဆိုတာလည်း ထည့်တွေးရပါမယ်။
ကျွန်မတို့ အချို့ ကုမ္ပဏီ Website တွေထဲ ဝင်ကြည့်ရင် Free Trial for 14 Days တို့ Free for 7 Days တို့ ကိုတွေ့ရတတ်ပါတယ်။
Customer တွေက အစပိုင်းမှာ Product အကြောင်းသေချာမသိသေးတဲ့အတွက် ဝယ်ယူဖို့ တွန့်ဆုတ်နေနိုင်ပါတယ်။
ဒါကြောင့် အချို့ ကုမ္ပဏီတွေက ရက်အကန့်အသက်နဲ့ သူတို့ Product (သို့) Service ကို စမ်းသုံးခွင့်ပြုတာပါ။ Return အနေနဲ့ Customer ရဲ့ Email နဲ့ ဖုန်းနံပါတ်ကို ရယူနိုင်ပါတယ်။
အထူးသဖြင့် Online Learning Website တွေမှာတို့၊ Design Service တို့လိုService ပေးတဲ့ လုပ်ငန်းတွေမှာ ဒီလို Offer မျိုးကို သုံးလေ့ရှိပါတယ်။ 
အဲ့လိုလုပ်ရင်းနဲ့မှ Customer တွေက သဘောကျတယ်ဆိုရင် ဝယ်မှာဖြစ်ပြီးတော့ ဆက်ပြီး မသုံးတော့ဘူးဆိုရင်လဲ နောက်ပိုင်းမှာ Promotion တွေ တိုက်ရိုက်လုပ်ဖို့ Customer ရဲ့ Information တွေရနိုင်ပါတယ်။
ဒီမှာ သတိထားရမှာ တစ်ခုကတော့ Credit Card (သို့) Bank Information တောင်းမလား၊ မတောင်းဘူးလားဆိုတာပါ။ အချို့ ကုမ္ပဏီတွေဆိုရင် landing page မှာ Register လုပ်တာနဲ့ Credit Card Information တောင်းပါတယ်။
ဒါပေမဲ့ အချို့ Customer တွေမှာ ဒီလို bank information တွေ ပေးရမှာကို တွန့်ဆုတ်ကြပါတယ်။ ဒါကြောင့် မတောင်းတာကို ပို Recommend လုပ်ပါတယ်။
ကိုယ့်ရဲ့ လက်ရှိCustomer တစ်ယောက်ကို အခြား Potential Customer တစ်ယောက်ကို Recommend ပေးပြီး Return အနေနဲ့ Incentive တစ်ခုခုပြန်ပေးတာမျိုးပါ။
ဒီလိုနည်းကိုသုံးခြင်းဖြင့် လက်ရှိ Customer တွေနဲ့ ဆက်ဆံရေးကို ထိန်းထားနိုင်သလို အခြား Potential Customer တွေနဲ့ ထိတွေ့နိုင်ပါတယ်။
ဒီနည်းကိုတော့ သင်တန်းကျောင်းတွေ၊ Game တွေ အပြင် အခြား Service လုပ်ငန်းတွေမှာ အသုံးပြုတတ်ကြပါတယ်။
တချို့ Giveaway တွေမှာဆိုရင် သူငယ်ချင်း (3) ယောက်ကို Tag ပြီး Share ခိုင်းတာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါကလည်း Recommendation နည်းကို အသုံးပြုပြီး Brand Awareness တက်အောင် လုပ်တာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်မတို့ Customer အသစ်တွေကို ဆက်သွယ်ချင်တယ်ဆိုရင် ရင်းနှီးမှုတစ်ခုတော့ လုပ်ရမှာပါ။
အဲ့ဒီ့ ရင်းနှီးမှုတွေက Customer တွေ လိုချင်တဲ့ပုံစံဖြစ်အောင် လုပ်ဖို့အရမ်းအရေးကြီးပါတယ်။ မဟုတ်ရင် လိုချင်တဲ့ Potential Customer တွေကို မရတဲ့အပြင် အချိန်ကုန်၊ လူပင်ပန်းတာပဲ အဖတ်တင်မှာပါ။
နောက်တစ်ခုက Contact Information ရသွားလို့ Customer တွေကို ဆက်သွယ်ပြီဆိုလည်း Customer ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် သတိထားသင့်ပါတယ်။ ကိုယ်သာ Customer ဆိုရင် ဒါကိုကြိုက်လောက်မလား၊ ဝန်ထပ်ဝန်ပိုးဖြစ်မလားဆိုတာကို သေချာစဉ်းစားပြီးမှာ ချဉ်းကပ်သင့်ပါတယ်။
ဒီ ၂ ချက်ကို သတိထားပြီး Incentive တွေ ဖန်တီးပေးမယ်ဆိုရင် Customer အသစ်အသစ်တွေကို ရလာနိုင်တဲ့အပြင် ကိုယ့်ရဲ့ Brand လည်း နာမည်တက်လာမှာ မလွဲဧကန်ပါ။
Written By
Ei Myatnoe Aung

Comments
Post a Comment