နောက်ဆယ်စုနှစ်အတွင်း တိုးတက်လာမယ့် Industry (၁၀) ခု 🙋‍♀️

Hello... အားလုံးပဲမင်္ဂလာပါ❤️
ဒီနေ့မှာတော့ နောက်ဆယ်စုနှစ်အတွင်း တိုးတက်လာမယ့် Industry (၁၀) ခု အကြောင်းကိုပြောပြပေးချင်ပါတယ်🙆‍♀️
✔️ပထမဦးဆုံးအနေနဲ့ Industryဆိုတာကဘာလဲ... 🤔
Industryဆိုတာက စက်ရုံတွေမှာ ကုန်ပစ္စည်းထုတ်လုပ်ပြီး စျေးကွက်ထဲမှာ ရောင်းချတင်မကပဲ မတူညီတဲ့နယ်ပယ်က ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်မှုလက်မှုလုပ်ငန်းတွေ စသဖြင့် အမျိုးမျိုးသော နယ်ပယ်က လုပ်ငန်းတွေအားလုံးကိုခြုံပြီး Industry လို့ခေါ်တာပါ။
✔️ ဒါဆိုဘာလို့ Industryတွေ တိုးတက်ဖို့လိုတာလဲ ... 🤔
Industryတွေကနေ အလုပ်အကိုင်အခွင့်အလမ်းပေါင်း များစွာကို ထောက်ပံ့ပေးတယ်၊ထိုကတစ်ဆင့် လူနေမှုအဆင့်အတန်းတွေ မြင့်များလာတယ်၊ လုပ်ခလစာဝင်ငွေတွေ တိုးပွါးလာပြီးတော့ နိုင်ငံရဲ့စီးပွါးရေးတိုးတက်မှုကို သက်ရောက်ပါတယ်၊
ဒါကြောင့်industry တွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွါးရေးတိုးတက်မှု နှစ်ခုကဒွန်တွဲနေတယ်လို့ပြောလို့ရပါတယ်၊ ဒါကြောင့်လည်းindustry တွေတိုးတက်ဖို့ လိုတာပါ။
✔️ဒါဆိုရင်နောက်ဆယ်စုနှစ်အတွင်း တိုးတက်လာမယ့် Industryတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြ ရအောင်🙋‍♀️
📌1. Technology 📱
နည်းပညာပိုင်းမှာတော့AI technology လို့ခေါ်ကြတဲ့ “Artificial Intelligence” Industryတွေ (ဥပမာ Machine learning,Cloud computing) စတဲ့လုပ်ငန်းတွေဟာ အရမ်းအောင်မြင်လာမှာပါ။
📌2. Health care service🩺
ကျန်းမာရေးပိုင်းမှာတော့ ဆေးရုံတွေအပြင် အိမ်တိုင်ရာရောက် ကျန်းမားရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပါမယ်။ ကိုဗစ်အလွန်မှာ အရမ်းသိသာတိုးတက်လာပါမယ်။
📌3. Energy💡
Energy Industry မှာဆိုရင် Fossil fuel industry (ဒီindustryမှာတော့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့လုပ်ငန်းတွေ)နဲ့ Renewable energy လို့ခေါ်တဲ့ သဘာဝအရင်းအမြစ်ရေ၊လေ၊နေတို့က နေပြီးတော့ လျှပ်စစ်ထုတ်လုပ်တဲ့လုပ်ငန်းတွေ ပါဝင်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အသိတရားကြီးစိုးလာလေဘေ Renewable Energy ကဏ္ဍဟာ အလွန်အရေးပါလာလေပါ။
📌4. Media Industry🎥
ဒီအပိုင်းမှာဆိုရင်တော့ လက်ရှိ လူသိများ ခေတ်စားနေတဲ့ထဲက ဥပမာပေးရရင် Gaming ၊ Editing ၊ Broadcasting၊ Streamingစတဲ့လုပ်ငန်းတွေပါ။ နောက်ခေတ်တွေမှာ Media ကဏ္ဍရဲ့ Highlight တွေဖြစ်လာမှာပါ။
📌5. Consumer retail 🛍
ဒီအပိုင်းမှာဆိုရင် အင်တာနက်ကို အသုံးပြုပြီးအရောင်းအဝယ် (E-commerce) လုပ်တဲ့လုပ်ငန်းတွေပါဝင်ပါတယ်။ ဒီလိုနဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ရောင်းရလွယ်လာလေပါ။
📌6. Construction🏗
ဆောက်လုပ်ရေးလုပ်ငန်းတွေဟာလည်း တစ်ဟုန်ထိုး တိုးတက်လာမှာပါ။ ကျေးလက်ဒေသတွေကို မြို့ပြဖစ်အောင် (Urbanization) ပိုလုပ်လာလေလေ ဆောက်လုပ်ရေးလုပ်ငန်းကတော့ အရမ်းအောင်မြင်လေလေ ပါ။
📌7. Hospitality🏢
ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ လဲ ပါဝင်ပါတယ်။ ကိုဗစ် အလွန် မြို့ပြလူနေမှုထူထပ်လာတဲ့ခေတ်မှာ လူတွေက ပိုမိုခရီးထွက်ကြမှာဖြစ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ နိုင်ငံအရပ်ရပ်မှာ တိုးတက်လာမှာပါ။
📌8. Finance 💰
ဒီအပိုင်းမှာတော့အာမခံလုပ်ငန်း၊ mobile banking လုပ်ငန်းတွေအပြင် financial consultants ငွေကြေးဆိုင်ရာ အကြံပေး လုပ်ငန်းတွေဟာ အရမ်းအရေးကြီးလာမှာပါ။
📌9. Real Estate🏡
စားဝတ်နေရေးထဲမှာ အိုးအိမ်ဟာ အခြေခံကြပါတယ်။ အရင်ထဲက အရေးပါတဲ့ အိမ်ခြံမြေလုပ်ငန်းများဟာလဲ နောင် ၁၀ စုနှစ်တွေမှာလဲ ဆက်လက် တိုးတက်နေဦးမှာပါပဲ။
📌10. Transportation🚖
ဒီ Industry မှာတော့ လျှပ်စစ်ယာဉ်လုပ်ငန်းတွေ (ဥပမာ- အလိုအလျောက် မောင်းနှင်လာနိုင်မဲ့ ပို့ဆောင်ဆက်သွယ်ရေး ယာဉ်လုပ်ငန်း တွေ)ပါ။ နည်းပညာတိုးတက်လာတာနဲ့အမျှ ဒီနယ်ပယ်ဟာ ပိုမိုကျယ်ပြန့်လာမှာပါ။
အထက်မှာ ဖော်ပြထားတာတွေကတော့ နောက်ဆယ်စုအတွင်းမှာ တိုးတက်လာမယ့်industry တွေနဲ့ အဲ့industryတွေထဲမှာမှ ဘယ်လုပ်ငန်းတွေက တိုးတက်လာမလဲ ဆိုတာပဲဖြစ်ပါတယ်။
အားလုံးလည်း ဗဟုသုတ ရသွားစေဖို့ မျှော်လင့်ပါတယ်🙆‍♀️
Written by
Thin Thazin🧸

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱