Key Performance Indicator (KPI) ဆိုတာ ဘာလဲ ... ⁉️

Key Performance Indicator (KPI) ဆိုတာကတော့ ကုမ္ပဏီတစ်ခုအနေနဲ့ သူတို့ရည်ရွယ်ချမှတ်ထားတဲ့ ပန်းတိုင်တွေဆီ ဘယ်လောက်ထိအရောက်သွားနိုင်လဲ သူတို့လုပ်ငန်းတွေ ဘယ်လောက်ထိအောင်မြင်နေလဲဆိုတာ တိုင်းတာတဲ့တန်ဖိုးတစ်ခုပါ🎯
ကုမ္ပဏီရဲ့ project ၊ program နဲ့ ထုတ်ကုန်ပစ္စည်းတွေအပေါ် တုံ့ပြန်မှုကိုကြည့်ပြီးလည်း တွက်ချက်လေ့ ရှိကြပါတယ်💁
ကုမ္ပဏီ အဖွဲ့အစည်းတွေဟာ သူတို့မျှော်မှန်းထားတဲ့ Target တွေကို ရောက်ရဲ့လား အောင်မြင်ရဲ့လားဆိုတာကို KPI ကို အသုံးပြုပြီး တွက်ချက်ဆန်းစစ်လေ့ရှိကြပါတယ်👨‍💻
KPI မှာဆိုရင် အကြမ်းအားဖြင့် High-Level နဲ့ Low-level ဆိုပြီးရှိပါတယ် ..
📌High-Level KPI တွေကတော့ လုပ်ငန်းတစ်ခုလုံးကိုခြုံပြီးတော့ အဲ့ဒီလုပ်ငန်းတစ်ခုလုံးရဲ့ အောင်မြင်မှု လုပ်ငန်းစဥ်တွေအပေါ် အဓိကပစ်မှတ်ထားလေ့ရှိပါတယ်
📌Low-level KPIsကတော့ ဒီလုပ်ငန်းမှာပါဝင်တဲ ဌာနတစ်ခုချင်းစီ အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ လုပ်ဆောင်မှုကို အဓိကပစ်မှတ်ထားပါတယ် ( ဥပမာ- အရောင်းဌာနရဲ့ KPI ကတော့ ဘယ်လို HR ဌာနရဲ့KPI ကတော့ ဘယ်လိုဆိုပြီး အသေးစိတ်လိုက်ဆန်းစစ်တယ်လို့ပြောလဲ မမှားပါဘူး)
KPI ကို နည်းလမ်းများစွာနဲ့လဲ ဖော်ပြလို့ရပါတယ်။
KPIs ဆိုတဲ့နေရာမှာ financial(ငွေကြေးပိုင်းဆိုင်ရာ) ၊အသုံးစရိတ်ကုန်ကျငွေတွေ အမြတ်ငွေတွေဖြစ်နိုင်သလို အလုပ်သမားငှားရမ်းတာ ၊ customer feedbacks တွေ နဲ့ တခြားသော အရာတွေလည်း ပါဝင်ပါသေးတယ်💁
KPI ရဲ့ Categories 2ခု⏩
✔️1. Quantitative - လူပုဂ္ဂိုလ်ရေးရာ ခံစားချက်တွေ ကြိုက်တယ်မကြိုက်ဘူးဆိုတာတွေ ကုန်ပစ္စည်းအပေါ် သဘောထားအမြင်မှတ်ချက်ချမှုတွေ မပါဘဲ ရောင်းအားပမာဏကိုပဲ ကြည့်ရှုခြင်းဖြစ်တယ်။ ရှင်းရှင်းပြောရရင် ကိန်းဂဏန်း ပမာဏကိုပဲ ကြည့်တာပါ။
👉(ဥပမာ - ထုတ်ကုန်တစ်ခုရဲ့ ဒီတစ်နှစ်ရောင်းအားပမာဏဟာ ဘယ်လောက်လဲဆိုတာကိုပဲ ကြည့်မယ် ဒီပစ္စည်းအပေါ် Customer တွေရဲ့ Feedback တွေကို မကြည့်ဘဲ တွက်ချက်တာမျိုးပါ )
✔️2. Qualitative - သူကျတော့ Customerတွေရဲ့ ခံစားချက်တွေ ပစ္စည်းအပေါ် ထင်မြင်ချက်တွေ သုံးသပ်ချက်တွေကို ကြည့်ရှုဆန်းစစ်တာမျိုးပါ။
သူတို့ထုတ်လိုက်တဲ့ ပစ္စည်းကို လူတွေကြိုက်ရဲ့လား ဘယ်နေရာတွေမှာများ လိုအပ်ချက်ရှိနေလဲ ဆိုတဲ့ တုံ့ပြန်ချက်တွေကို အမြဲနားစွင့်နေပြီး သူတို့ရဲ့လုပ်ငန်းအပေါ် ပြန်လည် သုံးသပ်ဆန်းစစ်တာမျိုးပါ။
ဒါဆိုရင် KPI တစ်ခု ဘယ်လို ဖန်တီးမလဲ ❓
ဒီနှစ်အတွက် စာအုပ်ရောင်းအားကို 15% တိုးချင်တယ်ဆိုပါစို့ 💁
ရောင်းအားတိုးအောင် ကိုယ်စားလှယ်တွေ ထပ်ခန့်မယ်။
ပြီးရင် တိုးလာတဲ့ရောင်းရစာအုပ် အရေအတွက်ရယ် ဝင်ငွေရယ်ကို မှတ်တမ်းတားမယ်။
ပြီးရင် ကိုယ့်ရဲ့ ကိုယ်ပိုင်websiteမှာပဲဖြစ်ဖြစ် တခြားသော​နေရာတွေကတဆင့် ဖြစ်ဖြစ် အဲ့အကြောင်းအရာနဲ့ ပတ်သက်တဲ့contentတွေကို content marketing managerအနေနဲ့ ဖန်တီးပေးရမယ်။
ပြီးရင် အကျိုးရလဒ်တစ်ခုအနေနဲ့ စာအုပ်ရောင်းအားဟာ တိုးလာမယ်။
ဒီလို KPI လုပ်ငန်းစဥ်တွေကိုတော့ အနည်းဆုံးလစဥ်လတိုင်း မှတ်တမ်း တင်ထားဖို့ လိုအပ်ပါတယ်။
တကယ့်လက်တွေ့မှာ KPI ကို ဘယ်လို အသုံးချကြမလဲ ...❓
✔️1. လမ်းညွှန်ပြကိရိယာ(Navigational tools)အဖြစ်သုံးမယ်
ဥပမာလေးတစ်ခုနဲ့ အရင်ဆုံး ရှင်းပြချင်ပါတယ်🙇‍♀️
ပင်လယ်ပြင်မှာ အလုပ်လုပ်ကိုင်ရတဲ့သူတွေဟာ သူတို့ရွက်လွှင့်မယ့်လမ်းကြောင်းနဲ့ သက်ဆိုင်တဲ့အရာတွေကို နားလည်ဖို့အတွက် navigation data တွေကို အသုံးပြုလေ့ရှိပါတယ်။
GPS အချက်အလက် ၊အမြန်နှုန်း လောင်စာပမာဏ ရာသီဥတုအခြေအနေ အချက်အလက်တွေကို နောက်ထက်ဘယ်ကိိုဦးတည်မလဲဆိုတာ ဆုံးဖြတ်ပေးတဲ့အရာတွေလို့ပြောလဲ မမှားပါဘူး💡
ကုမ္ပဏီလုပ်ငန်းတွေအတွက်လဲ ထိုနည်းဟာအလားတူပါပဲ။
KPI ဆိုတာ မန်နေဂျာတွေအနေနဲ့ သူတို့လုပ်ငန်းရဲ့ projectလုပ်ငန်းစဥ်တွေဟာ လမ်းမှန်ပေါ်ရောက်နေရဲ့လား သို့မဟုတ် နစ်နာဆုံးရှုံးမှုတွေကို ဦးတည်နေပြီလားဆိုတာ သိရှိနားလည်ဖို့အတွက် လမ်းညွှန်ပြကိရိယာ (Navigation tools) အဖြစ် သုံးပါတယ်
ကုန်ပစ္စည်းရဲ့ရောင်းအားတက်နေလား ကျနေလား တုံ့ပြန်မှုတွေ ကောင်းမကောင်း ခြုံကြည့်တာလို့ပြောလဲ မမှားပါဘူး🙆
✔️2.ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ( Decision-making tools) အဖြစ်သုံးမယ်
ဆုံးဖြတ်ချက်ချတဲ့နေရမှာလည်း KPI လိုအချက်အလက်မျိုးရဖို့က အရမ်းအရေးကြီးပါတယ် အချက်အလက်တွေရှိမှသာလျှင် လုပ်ငန်းစဥ်တစ်ခုလုံးကို ရှုထောင့်မျိုးစုံကနေ ဝေဖန်ထောက်ရှုပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်မှာဖြစ်ပါတယ်💁
ဥပမာ ပြောရရင် ဆရာဝန်တစ်ယောက်အနေနဲ့ လူနာရဲ့ရောဂါကို နားလည်ဖို့ကြိုးစားသလိုပါပဲ
လူနာရဲ့ရောဂါကို သိရှိဖို့အတွက် ရောက်တက်ရာရာစမ်းသပ်နေရုံနဲ့ အဆင်မပြေပါဘူး
ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို​ ပြောပြပေးနိုင်တဲ့ သွေးပေါင်ချိန်၊ ကိုလက်စထရော level ၊ နှလုံးခုန်နှုန်းတွေလို အရာတွေကို စမ်းသပ် အချက်အလက်စုဆောင်းပြီးမှ ရောဂါကို ဖော်ထုတ်သလိုပါပဲ🔍
ဒီလိုပဲ မန်နေဂျာတွေဟာလည်း သူတို့ကောက်ယူထားတဲ့ အချက်အလက်တွေကိုကြည့်ရှုပြီး project တစ်ခု စသင့်မစသင့် ဆက်လုပ်သင့်မလုပ်သင့် ဆုံးဖြတ်လေ့ရှိကြပါတယ်📈
📌မှန်ကန်တဲ့ KPI ကို ရွေးချယ်နိုင်ဖို့ဆိုတာ လုပ်ငန်း(သို့) အဖွဲ့အစည်းအတွက် ဘာကအရေးကြီးလဲဆိုတာ နားလည်မှုအပေါ် အများကြီးမူတည်ပါတယ်။
ဥပမာ- ဘဏ္ဍာရေးအတွက် သုံးတဲ့ KPI ဟာ ရောင်းအားအတွက် သုံးတဲ့ KPI နဲ့ကွဲပြားသလိုပါပဲ။
KPI တွေ ထောင်ပေါင်းများစွာရှိတဲ့ထဲက လုပ်ငန်းအတွက် သင့်လျော်တဲ့ KPI ကိုရွေးရတာ ခက်ခဲပါတယ်
အဲ့တာကြောင့် တစ်ခါတစ်လေ တိုင်းတာရလွယ်တဲ့ KPI တွေကို အသုံးချခြင်းနဲ့သာ အဆုံးသတ်သွားလေ့ရှိပါတယ်
မှန်ကန်တဲ့KPI ကို ရွေးချယ်နိုင်မှသာ လုပ်ငန်းရဲ့ဖြစ်စဥ်တွေ တိုးတက်လာလား ဆုတ်ယုတ်သွားသလားဆိုတာတွေကို အသေအချာသိလာပါမယ်။
မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်လာမှာ ဖြစ်တဲ့အတွက် လုပ်ငန်းတိုးတက်လာမှာဖြစ်ပါတယ်။
KPI ဟာ လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက် အချက်အချာကျတဲ့ အသုံးဝင်တဲ့ ကိရိယာ တန်ဆာပလာတစ်ခု ဆိုလည်း မမှားပါဘူး။
KPI ကို အသုံးမချတတ်ဘူးဆိုရင်တော့ အဲ့လုပ်ငန်းအဖွဲ့အစည်းဟာ ဦးတည်ချက်မရှိ စမ်းတဝါးဝါးရွက်လွှင့်နေရသလိုပဲ ဖြစ်နေမှာပါ😪
ဒီတစ်ခေါက်ကတော့ ဒီလောက်ပါပဲ လိုအပ်ချက်များရှိရင် cmt မှာ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။
အဆုံးထိဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်💕
Have A Great Time🌟
Written By
Moe Myint Thida

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱