Myanmar အလုပ်ရှာဖွေရေး Websites (၄)ခု
အလုပ်ရှာဖွေနေသော မိတ်ဆွေများအတွက် ..
ဒီကနေ့မှာတော့ အလုပ်အကိုင် ရှာဖွေနေသောသူများအတွက် အထောက်အကူပြု စေနိုင်ဖို့ ရည်ရွယ်ပြီး အလုပ်ရှာဖွေရေး Websites (၄)ခု အကြောင်းကို ဖော်ပြ ပေးသွားမှာဘဲဖြစ်ပါတယ်။
JobNet ဟာဆိုရင် မြန်မာနိုင်ငံရဲ့ No(1) အလုပ်အကိုင်ရှာဖွေရေးWebsite တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ mission ကတော့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးသော အလုပ်အကိုင်များကို ရှာဖွေပေးသွားနိုင်ဖို့ဘဲ ဖြစ်ပါတယ်။
ဒါမှမဟုတ်...
အချိန်ပြည့်အလုပ်ဘဲဖြစ်ဖြစ်၊ အချိန်ပိုင်းအလုပ်ဘဲဖြစ်ဖြစ်၊ JobNet websiteမှာ register လုပ်ပြီး မိတ် ဆွေရဲ့ CV or Digital CV ID ကို တင်ထားမယ်ဆိုရင် မြန်မာနိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်း တွေ အပြင် မိတ်ဆွေအတွက် အ ထောက်အကူပြုမယ့် ဆောင်းပါး တွေကိုပါ မိတ်ဆွေရဲ့ mail box ထဲကို တစ်နှစ်ပတ်လုံး ပို့ ဆောင်ပေးနေမှာဘဲဖြစ်ပါတယ်။
Level အလိုက် job တွေ Career တွေ ရှိတာမို့ အခုမှ အလုပ်စလုပ်မယ့်သူဘဲ ဖြစ်ဖြစ်၊ အ တွေ့အကြုံရင့်သန် သူ တွေပါ အလုပ်အကိုင်သစ် တွေကို ရှာ ဖွေနိုင်မှာဘဲဖြစ်ပါတယ်။
Website link 
Myjob website ဟာဆိုရင် 2012 ခုနှစ်ကတည်းက အလုပ်သမား ရှာ ဖွေ ပေးတဲ့ ဝန်ဆောင်မှုကို လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ခန့်အပ်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တွေကို ဖြေရှင်းပေးဖို့အတွက် လုပ်ငန်းကြီး၊ သေး၊ နိုင်ငံတကာနှင့် ဒေသတွင်း ကုမ္ပဏီများနဲ့လည်း အတူတူလက်တွဲ လုပ်ကိုင်ခဲ့ပါသေးတယ်။
နောက်ပြီး myjob ဟာ course.com.mm ဆိုတဲ့ Websiteကို လုပ်ငန်းဆိုင်ရာ တွေကို လေ့လာနိုင်ဖို့အတွက် တည် ထောင်ခဲ့ပါတယ်။
Website link 
ဒီ website ကတော့ ရန်ကုန်အပြင် အခြားသော မြို့နယ်များက အလုပ်အကိုင် တွေကိုလည်း ရှာဖွေပေးပါတယ်။
အလုပ်ရှာဖွေနေသူတွေအတွက် Log in ဝင်ပြီး register လုပ်ပြီးတာနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို Email ကနေတစ်ဆင့် ပို့ပေး နေမှာဘဲ ဖြစ်ပါတယ်။
Online ကနေတစ်ဆင့် လုပ်ကိုင်ရတဲ့ လုပ်ငန်း တွေကိုလည်း ရှာ ဖွေနိုင်မှာ ဖြစ်ပါတယ်။
အလုပ်ရှင် တွေအတွက်လဲ ကိုယ့် brandကို ကြော်ညာတာ တွေ အလုပ်ရှာဖွေသူ တွေရဲ့ CVကို စစ်ဆေးတာတွေ အလုပ်ခန့်အပ်ရာမှာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေချနိုင်ဖို့ ကူညီ ပေးပါတယ်။
Website link
Myanmarjoblink website ဟာဆိုရင် Dagon Glory Recruitment Services Company Limited က ဦးစီးလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ Dagon Glory ဟာ 2013 ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အလုပ်အကိုင်နှင့်အလုပ်သမား ရှာဖွေရေး အကျိုး ဆောင်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
သူတို့ဟာ အရင်က offline recruitment ကိုဦးတည်ခဲ့ပြီး 2014ခုနှစ်မှာ myanmarjoblink websiteကို online recruitment အတွက် တည် ထောင်ခဲ့ပါတယ်။ သူတို့ရဲ့ mission က တော့ အလုပ်ရှာဖွေသူတွေကို စျေးသက်သက်သာသာနဲ့ အကျိုးရှိရှိ ထိထိရောက်ရောက် ကူညီ ပေးနိုင်ဖို့ဘဲဖြစ်ပါတယ်။
*အလုပ်ရှာဖွေသူတွေအတွက်*
*အလုပ်ရှင်တွေအတွက်*
အလုပ်ရှင် တွေက တော့ register လုပ်ပြီး service packages တွေကို အရင်ဝယ်ရပါမယ်။ ပြီးတာနဲ့ အလုပ်ရှင် တွေဟာ ကိုယ့်ကုမ္ပဏီပုံရိပ် တွေ brand တွေကို သတိထားမိပြီး ကိုယ့်ကုမ္ပဏီမှာ အလုပ်လာလျှောက်အောင် ဆွဲ ဆောင်လို့လည်း ရပါသေးတယ်။
Website link 
စာဖတ်သူတွေထဲမှာလည်း အလုပ်အကိုင်တွေ ရှာဖွေ နေတယ်ဆိုရင် ဖော်ပြပါ websites လေးတွေထဲမှာလည်း အလုပ်အကိုင်တွေ ရှာဖွေကြည့်ပါနော်။
အားလုံးဘဲအလုပ်အကိုင်အဆင် ပြေပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ အေးချမ်းကြပါ စေ

Comments
Post a Comment