Reasons to Learn A New Language
“သင်က ဘာသာစကားတွေလေ့လာရတာကိုကြိုက်တဲ့
လူတစ်ယောက်လား”
ဒီနေ့Beatrixကနေပြီးတော့ “ဘာသာစကားတစ်ခုခုကို
ဘာလို့တတ်ထားဖို့လိုအပ်တာလဲ?” “ဘာသာစကား
တစ်ခုခုသာတတ်ထားမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူး
တွေရနိုင်မလဲ?” ဆိုတာကို “Reasons to learn a new language”ဆိုတဲ့ခေါင်းစဉ်လေးနဲ့ knowledge sharingလေး
လုပ်ပေးချင်ပါတယ်

ဒါဆို“Reasons to learn a new language”ကတော့…
အလုပ်အကိုင်အခွင့်အလမ်းတွေပိုများပါတယ်၊“ငါ languageတစ်ခုခုကိုပြောတတ်တာပဲ”ဆိုတဲ့အသိက
ကိုယ့်ကိုယ်ကို ယုံကြည်မှူပိုတိုးစေပါတယ်၊ဒီအချက်ကသင့်
ကိုပိုပြီးsmart ဖြစ်စေတဲ့အတွက်အလုပ်လျှောက်တဲ့အခါ
မှာပဲဖြစ်ဖြစ်၊interview ဖြေတဲ့အခါမှာပဲဖြစ်ဖြစ် အကူအညီ
ဖြစ်စေမှာ အမှန်ပါ
လစာလည်းပိုရနိုင်ပါတယ်
Global companiesတွေကလည်း ယခုဆိုရင်သူတို့ရဲ့
လုပ်ငန်းတွေကိုကမ္ဘာအနှံ့ချဲ့ထွင်လာတယ်၊အဲ့လိုလုပ်ငန်း
တွေအတွက်language skillsကလည်း အရေးပါတာဖြစ်တဲ့
အတွက် ကိုယ့်ရဲ့အမိဘာသာစကားသာမက comapnyရဲ့
လုပ်ငန်းတွေရှိတဲ့နိုင်ငံကဘာသာစကားကိုပါ သင်ထားတယ်
ဆိုရင်global employeeတစ်ယောက်ဖြစ်ဖို့အခွင့်အလမ်း ပိုများပါတယ်၊ဒါကကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေတဲ့အပြင် ကိုယ့်ရဲ့networkကိုလည်း ကျယ်ပြန့်
လာစေမာပါ
ဘာသာစကားတစ်ခုခုကိုတတ်မြောက်ထားခြင်းဟာ
သင့်ရဲ့အလုပ်မှာ များစွာ အထောက်အကူပြုရုံမက သင့်
ကျန်းမာရေးကိုလည်း ဘယ်လိုအကျိုးပြုလည်းဆိုတာ
ကြည့်လိုက်ကြ ရအောင်…
ဘာသာစကားတစ်ခုခုကိုတတ်မြောက်ထားတဲ့သူတွေမှာ အသက်ကြီးလာတဲ့အခါမှာအဖြစ်များတဲ့Dementiaရောဂါ
ဖြစ်နှုန်းနည်းတာကိုတွေ့ရပါတယ်၊Dementiaရောဂါဆိုတာ
ကို ဥပမာပေးရရင်တော့Alzheimer’s diseaseလိုမျိုးပါ။
ဘာသာစကားတစ်ခုခုကိုလေ့လာနေရတာဟာလည်း
ဦးနှောက်ကို အလုပ်ပေးသလိုမျိုးပဲဖြစ်တဲ့အတွက်ကြောင့်
သင့်ရဲ့မှတ်ညဏ်စွမ်းအားကိုပိုကောင်းစေပါတယ်
တစ်ခြားဘာသာစကားကိုလေ့လာနေခြင်းဖြင့်ကိုယ်တတ်
ထားတဲ့ဘာသာစကားမှာလည်းတိုးတက်မှုရှိလာမှာအမှန်ပါ၊
ဘာလို့လဲဆိုတော့ အသစ်သစ်တွေကိုလေ့လာရင်းနဲ့ ကိုယ့်
ဘာသာစကားမှာကော အဲ့ဒါတွေကို ဘယ်လိုခေါ်ဝေါ်တယ်
စသဖြင့် နှိုင်းယှဉ်တွေးမိလာတယ်၊ပိုပြီးတော့ကိုယ့်ရဲ့
ဘာသာစကားအပေါ်မှာ သတိပြုမိလာပါတယ်
ဘာသာစကားတတ်ထားတဲ့သူတွေကMultitasking လုပ်တဲ့နေရာမှာတစ်ခြားသူတွေထက်ပိုတော်တယ်လို့လည်း
ပြောကြပါတယ်၊ဒါဟာဘာလို့လဲဆိုတော့Multilingual လို့ခေါ်တဲ့ဘာသာစကားနှစ်ခုထက်ပိုပြီးတက်မြောက်ထားတဲ့သူတွေကစကားပြောတဲ့အခါမှာ language တစ်ခုနဲ့တစ်ခုပြောင်းပြီးစဉ်းစားနေရတာဖြစ်တဲ့အတွက်
ဦးနှောက်က ကျင့်သားရနေပြီးဖြစ်လို့လက်တွေ့လုပ်ငန်းတွေ
လုပ်တဲ့အခါမှာbetter multitaskers တွေလို့ပြောလို့ရပါတယ်
ဒါတင်မကသေးဘဲ...ဘာသာစကားသင်ယူခြင်းဖြင့်
1.cognitive thinking and problem solving skills
2.critical thinking skills
3.decision-making skills စတဲ့အရည်အချင်းတွေကိုလည်း
တိုးတက်လာစေနိုင်ပါတယ်
ခရီးသွားတဲ့အခါမှာလည်း ကိုယ်က ကိုယ်သွားတဲ့နိုင်ငံရဲ့
ဘာသာစကားကိုနားလည်ထားတယ်ဆိုရင် အဲ့နိုင်ငံရဲ့
ယဉ်ကျေးမှူ ဓလေ့ တွေကိုပိုပြီးသိရှိနားလည်နိုင်မယ်ဆိုတာ
အမှန်ပါပဲ
localsတွေနဲ့လည်းရင်းနှီးတာက သင့်ရဲ့communication ကို
ကောင်းစေရုံသာမက သင့်ရဲ့ခရီးစဉ်ကိုပိုမိုလွယ်ကူစေပါ
လိမ့်မယ်
ခရီးသွားတဲ့အခါမှာ localsတွေနဲ့ရင်းနှီုးထားတယ်၊သူတို့
ဘာသာစကားကိုနားလည်ထားတယ်၊ပြောတတ်တယ်ဆိုရင်
Tourist attraction sitesတွေသာမကဘဲ အဲ့ဒေသရဲ့လူမသိ
သေးတဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့နေရာလေးတွေကိုပါ
localsတွေနဲ့ပျော်ပျော်ပါးပါး သွားနိုင်တဲ့အတွက် သင့်ရဲ့
ခရီးစဉ်က ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းမှာပဲဖြစ်ပါတယ်
ကိုယ်ကြိုက်တဲ့သီချင်းနားထောင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ရုပ်ရှင်ကြည့်တဲ့အခါမှာ ဖြစ်ဖြစ် စာတန်းထိုးကြည့်လိုက်၊ရုပ် ကြည့်လိုက်လုပ်စရာ မလိုတော့တဲ့အတွက် အနှစ်သာရပိုပြီး
ရှိစေပါတယ်
လူတိုင်းမှာ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုခု
ရှိကြမှာပါ၊ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကို ကိုယ့်
ဘာသာစကားနဲ့ကော၊တစ်ခြားဘာသာစကားနဲ့ပါ လေ့လာလို့
ရမှာဖြစ်တဲ့အတွက် စိတ်ဝင်စားပျော်ရွှင်ဖွယ်ကောင်းမှာ အမှန်ပါ
အထက်မှာပြောပြထားတာတွေကတော့language ကိုဘာလို့တတ်ထားဖို့လိုတာလဲနဲ့တတ်ထားမယ်ဆိုရင်ရနိုင်မယ့်အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်
referenceတွေ
အများကြီးထဲကမှ တစ်ကယ်အကျိုးရှိစေမယ့်အချက်လေး
တွေပဲရှာပြီးစုထားတာ ဖြစ်လို့ အမှားတစ်စုံတစ်ရာပါခဲ့ရင်
နားလည်ပေးစေလိုပါတယ်
Language လေ့လာနေတဲ့လူတွေလည်းမိမိရဲ့goalsတွေပြည့်
မြောက်ပြီးတော့ မလေ့လာရသေးတဲ့လူတွေလည်းဒီcontent
ကိုဖတ်ပြီး language ပိုင်းမှာစိတ်ဝင်စားလာမယ်လို့ မျှော်
လင့်ပါတယ်

Written by
TTZ

Comments
Post a Comment