Right Approach for Change
မှန်ကန်သော ပြောင်းလဲမှုတစ်ခုဆီသို့ ..
"All Management is Change Management"
အလုပ်တစ်ခုကို စီမံခန့်ခွဲရသည့်အခါတွင် အ ခြေအနေအချိန်အခါ ပေါ်မူတည်၍ ပြောင်းလဲပြင်ဆင်မှုရှိ နေစမြဲပင် ..
Management ၏ လျှို့ဝှက် ပုန်းလျှိုနေသောထူးခြားသည့် လက်နက်ခွဲတစ်ခုမှာ change management ပင်ဖြစ်ပါသည်
All management is the management of Change ဆိုတော့ ဘာကြောင့်များ ဒီလိုပြောတာပါလိမ့် ... 
အခုလို Covid ကာလမှာ ဝန်ထမ်းတွေဟာ Work From Home စနစ်နဲ့ လုပ်ငန်းလုပ်ကိုင်မှု ပုံစံပြောင်းလဲ သွားတာကိုတော့ သေချာသတိထားမိကြမှာပါ။
ဒီလိုကြီးမားတဲ့ ပြောင်းလဲမှုတွေ အပြင်.....
မိတ်ဆွေရဲ့ လုပ်ငန်းက ရောင်းအားမြှင့်ဖို့လိုအပ်လာတဲ့အခါ ၊ လုပ်ငန်းရဲ့ စျေးကွက်ယိုယွင်းမှု တွေဖြစ်လာလို့ business model အသစ်တစ်ခုတီထွင်ဖို့လိုအပ်လာတဲ့အခါ၊ စသဖြင့် အသေးအမွှားလေးက အစပြောင်းလဲမှုတွေ လိုအပ်လာပြီ မဟုတ်ပါလား ..
ကြီးမားတဲ့ ပြောင်းလဲမှု တွေကိုသတိထားမိ ပေမယ့် တစ်ခါတစ်ရံ သေးငယ်တဲ့ ပြောင်းလဲမှု လေးတွေကို သတိမထားမိတတ်ကြပါဘူး။Change Managementမှာဆိုရင်ဖြင့်
{အခုလို Covid-19 ကာလမှာ ဆိုရင်ဖြင့်လုပ်ငန်း တော်တော်များများက management ပုံစံတွေပြုပြင် ပြောင်းလဲလာ ကြတာကို တွေ့ မြင်ရမှာပါ။
အရင်ကဆိုရင် ကုမ္ပဏီ တော်တော်များများက ဝန်ထမ်းအရေအတွက် များပြားတာကို ဂုဏ်ယူတတ်ကြပါတယ်။ ဒါပေမယ့် အခုချိန်မှာဆိုရင် လိုအပ်တဲ့ ဝန်ထမ်းအရေအတွက် လောက်ကိုသာ ခေါ်ယူပြီး တစ်ယောက်ချင်းဆီကို ကိုယ်ပိုင်ဆုံးဖြတ် လုပ်ပိုင်ခွင့်အာဏာ(empowerment) တွေ ပေးလာကြပါတယ်။
လုပ်ငန်းတိုင်းမှာ Plan တွေကရှိပြီးသားပါ။ ဒါ ပေမယ့်အခုချိန်မှာအဲ့Planတွေကိုအမှန်တကယ် အကောင်အထည်ဖော် လုပ်ဆောင်ပေးမယ့်သူတွေကို လိုအပ်လာကြပါပြီ။ အကြံဉာဏ် တွေ ပေးကြတယ်။ အစီအစဥ်တွေချကြတယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည် ဖော်ပေးမယ့်သူ မရှိရင်အချည်းနှီးသာ မဟုတ်ပါလား .. 
အခုလိုကာလမှာဆိုရင် ဝန်ထမ်းတွေက privacy ကနေ transparency အဖြစ်သို့ ကူး ပြောင်းလာကြမယ့် အနေအထားရှိပါတယ်။ နေထိုင်မကောင်းတဲ့အခါ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းကူလုပ်ပေးတာတို့၊ အဆင်မပြေတဲ့အခါကူညီ ပေးတာတို့စသဖြင့်ပေါ့။}
Transparent workplaceဆိုသည်မှာ မန်နေဂျာနဲ့ အလုပ်သမားကြား ပွင့်လင်းမှုရှိပြီး အဲဒီပွင့်လင်းမှုကနေ ယုံကြည်မှုကို တည်ဆောက်ယူပြီး အောင်မြင်တဲ့အဖွဲ့အစည်း ဖြစ်လာဖို့ဦးတည်သွားကြတာပါ။
ပြောင်းလဲမှုတွေ ကြောင့်သာ တိုးတက်မှုဆိုတာဖြစ်လာတာပါ။
ကဲ...ဒါဆိုရင် ပြောင်းလဲမှု တွေပြုလုပ်တဲ့အခါမှန်ကန်တဲ့ချဥ်းကပ်မှု ပြုလုပ်နိုင်ဖို့လည်း လိုအပ်ပါတယ် ..
ဒါကြောင့် ကိုယ့်လုပ်ငန်း ပြောင်းလဲရတာဟာ
ပြောင်းလဲလာတဲ့ စျေးကွက်မှာ နေရာပြန်ယူမလို့၊ ကိုယ့်လုပ်ငန်းရဲ့စံနှုန်းတွေက နိမ့်ကျနေလို့လို့၊ လုံးဝလုံးဝမ ပြောမိပါ စေနဲ့
လူသားတွေက ပြောင်းလဲဖို့အတွက် စိတ်ဓါတ်ခွန်အားတွေ လိုအပ်ပါတယ်။ မိတ်ဆွေရဲ့ ဝန်ထမ်းတွေက ခံစားချက်ရှိတဲ့ လူသားတွေဘဲမဟုတ်ပါလား။
{} ဒီလိုတွန့်ကွင်း လေးခတ်ထားတဲ့စာပိုဒ်က channel-7ရဲ့road to success အစီအစဥ်မှာဆရာဦးမြင့်ဇော် ပြောသွားတာလေးကို နား ထောင်မိပြီး ကိုးကားရေးထားခြင်း ဖြစ်ပါတယ်။
Written by
Hydra Myo

Comments
Post a Comment