Self-care Ideas

ဒီတစ်ခေါက် ပြောပြပေးသွားမှာကတော့ Self-care Ideas လေးတွေပါ🙆
ဘဝမှာ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ ဂရုစိုက်တတ်ဖို့ဆိုတာ အရမ်းအရေးကြီးတဲ့အရာလို့ပြောရင်မမှားပါဘူး 😊
နေ့စဥ်ဘဝမှာ ပိုပြီးကျန်းမာအောင်နေနိုင်ဖို့ စိတ်ဖိစီးမှုတွေလျှော့ချနိုင်ဖို့ ကိုယ်ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့အရာတွေ အများကြီးပါ💁
ကဲ ဘယ်လိုအရာတွေကိုလုပ်ဆောင်ကြမလဲ ဘယ်လိုအကျင့်ဆိုးတွေကို ပြုပြင်ကြမလဲ ကြည့်ကြရအောင်ပါ🙌🏻
✅ ၁။ အိပ်ရာနိုးပြီးပြီးချင်း တစ်နာရီအတွင်း ဖုန်းကြည့်တာကိုရှောင်ပါ 🙅
ကျွန်တော်အပါအဝင် လူတိုင်းလိုလို အိပ်ရာနိုးနိုးချင်းပဲဖြစ်ဖြစ် မနက်စာစားနေရင်းပဲဖြစ်ဖြစ် ဖုန်းကြည့်တတ်ကြပါတယ် 💁
တကယ်တော့ အဲ့ဒါဟာအလေ့အကျင့်ဆိုးတစ်ခုပါ။
တစ်ခါတစ်လေ ကိုယ်က social media ပေါ်က မကောင်းတဲ့အရာတစ်ခု ကိုမြင်လို့ စိတ်ညစ်ညူးသွားတာဖြစ်ဖြစ် စိတ်မကောင်းဖြစ်တာဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။
နေ့သစ်တစ်ခုကို စတင်တဲ့အချိန်မှာ စိတ်ဟာ အလန်းဆန်းဆုံးနဲ့ ကြည်လင်တက်ကြွမှု အပြည့်ရှိနေရမှာပါ။ အဲ့ဒါကြောင့်မို့ ဖြစ်နိုင်ရင် အိပ်ရာနိုးနိုးချင်း တစ်နာရီအတွင်း ဖုန်းကြည့်တဲ့အကျင့်ဆိုးကို ဖျောက်သင့်ပါတယ်။ 😊
✅ ၂။ မနက် ဒါမဟုတ် ညမှာ ၁၀မိနစ်ခန့် ယောဂ(သို့) တရားထိုင်ပါ။🙋
ယောဂကျင့်တာနဲ့ တရားထိုင်တာဟာ ခန္ဓာကိုယ်အတွက်တင်မကပါဘူး စိတ်ရဲ့တည်ငြိမ်ခြင်း ငြိမ်းချမ်းခြင်းကိုပါ ပေးစွမ်းပါတယ်။
ကိုယ်လုပ်တဲ့အလုပ် (ဥပမာဆုံးဖြတ်ချက်ချတဲ့နေရာမျိုး) မှာဆို စိတ်တည်တည်ငြိမ်ငြိမ် ရှိခြင်းဟာ အရမ်းကို အကျိုးသက်ရောက်မှုရှိပါတယ်။
အဲ့ဒါကြောင့် တစ်နေ့ကို အချိန်အများကြီးမပေးနိုင်ဘူးဆိုရင်တောင် ၁၀မိနစ် လောက်ပဲဖယ်ပြီး ယောဂကျင့်တာ တရားထိုင်တာ လုပ်ပေးသင့်ပါတယ် 🙆
✅ ၃။ အိပ်ရေးဝဝအိပ်ပါ😴
အိပ်ရေးဝဝအိပ်တာက ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ အရမ်းအရေးကြီးပါတယ်။
တကယ်လို့ ကိုယ်ကညနက်တဲ့အထိနေမယ် ကောင်းကောင်းမအိပ်ဘူးဆို မနက်ခင်းနိုးထလာချိန်မှာ စိတ်ကကြည်ကြည်လင်လင်ရှိနေမှာမဟုတ်ပါဘူး😵
လုပ်ငန်းခွင်ရောက်တဲ့အခါ အာရုံမစိုက်နိုင်တာ စိတ်မကြည်လင်တာတွေကြောင့် လုပ်ငန်းခွင်မှာ အမှားတွေလုပ်မိတာမျိုးရှိနိုင်ပါတယ်😰
အလှအပအနေနဲ့ ကြည့်မယ်ဆိုရင်လဲ အိပ်ရေးဝဝအိပ်ထားတဲ့သူရဲ့မျက်နှာက ပိုကြည်ပြီးလှနေတာမျိုးပါ။ အိပ်ရေးပျက်တာများတဲ့သူတွေကတော့ ဘယ်လောက်ပဲ လှအောင်ပြင်ပြင် အိပ်ရေးပျက်တဲ့ အကျိုးဆက်ကတော့ မျက်နှာမှာ အနည်းအကျဥ်းတော့ သိသာနေမှာပါပဲ ..
✅ ၄။ အားလပ်ရက်မှာ ကိုယ်ဝါသနာပါတာ တစ်ခုခုလုပ်ပါ👀
အလုပ်များတယ်ဆိုတိုင်း အားလပ်ရက်တွေမှာပါ အလုပ်တွေ သိမ်းကျုံးလုပ်နေတာမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး🙅
ကိုယ့်ရဲ့စိတ်အပန်းပြေဖို့အတွက် တစ်ပတ်မှာတစ်ရက် အချိန်မပေးနိုငိဘူးဆိုရင်တောင် နာရီပိုင်းလောက်တော့ ပေးသင့်ပါတယ်။
ကိုယ်ဝါသနာပါတဲ့ အရာဆိုတာ ခမ်းခမ်းနားနားကြီး ဖြစ်နေဖို့ မလိုပါဘူး။ ကိုယ်ကြိုက်တဲ့ ဟင်းလေး ချက်စားတာဖြစ်ဖြစ် စာအုပ်ဖတ်တာ ရုပ်ရှင်ကြည့်တာကအစ ပန်းချီဆွဲတာ ကိုယ့်ရဲ့ခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်တာအဆုံး ပါဝင်ပါတယ်။
ကိုယ် နှစ်သက်တဲ့အရာကနေ ပျော်ရွှင်မှုဖြစ်ပေါ်လာတယ်ဆိုရင်ပဲ အမြတ်ရနေပါပြီ🌟
✅ ၅။ Diary (သို့)Journal တစ်အုပ်ထားပါ📖
ကိုယ့်ရဲ့အတွေးအမြင် ခံစားချက်တွေကို Diary (သို့) Journal တစ်ခုခုမှ ချရေးလိုက်တာက အနည်းဆုံးတော့ စိတ်ကိုပေါ့ပါးစေမှာပါ။ လူတွေဟာ တစ်ခါတစ်လေ ကိုယ့်ရဲ့ခံစားချက်ကိုနားထောင်ပေးနိုင်မဲ့ တစ်စုံတစ်ရာကို လိုအပ်ကြတာချည်းပါပဲ။
ကိုယ့်ရဲ့ ပျော်ရွှင်စရာ ဝမ်းနည်းစရာ အတွေ့အကြုံပေါင်းစုံကို ဒီသက်မဲ့စာအုပ်လေးတွေက နားထောင်ပေးပါ့လိမ့်မယ်။
(ကျွန်တော်ကိုယ်တိုင်က Journaling ကိုဝါသနာပါတယ် လုပ်လည်းလုပ်ဖြစ်တာမို့ ဒီနေရာမှာ Jounaling အကြောင်း နည်းနည်းထပ်ဆောင်းပြောပါရစေ)
Diary တွေဟာ ကိုယ့်ရဲ့ခံစားချက်တွေကို နားထောင်ပေးတယ်ဆိုရင် Journal တွေကတော့ ဒီထက်ပိုပါတယ်။ ကိုယ့်ရဲ့ဘဝမှာ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ရလာအောင် ပိုပြီးကျန်းမာတဲ့ ဘဝပုံစံကို Journal တွေကိုဆွဲခေါ်သွားနိုင်ပါတယ်။
ဥပမာ -ဒီနေ့ဘယ်နှနာရီ အိပ်ခဲ့လဲဆိုပြီး နေ့စဥ်မှတ်တမ်းတင်ထားတာမျိုးပေါ့ အဲ့လိုမှတ်တမ်းလေးတွေကို တစ်လစာပြန်ကြည့်လိုက်တဲ့အခါ ဒီတစ်လအတွင်းမှာ ကိုယ်ဘယ်နေရာတွေအားနည်းနေတယ် လေ့ကျင့်ခန်းလုပ်တဲ့ပမာဏနည်းနေလား များနေလား ကိုယ့်ရဲ့ mood ကရော ဘယ်လိုတွေ ပြောင်းလဲနေတယ်ဆိုတာ ဆန်းစစ်ဝေဖန်နိုင်ပါတယ်🔍
ဒီတစ်ခေါက်အတွက်ကတော့ ဒီလောက်ပါပဲ
ပျော်ရွှင်မှု ကိုယ့်ကိုယ်ကို ဂရုစိုက်မှုဆိုတာ ငွေကြေးတွေ အများကြီးကုန်ကျပြီးမှ ဖြစ်မြောက်တာမဟုတ်ပါဘူး ကိုယ့်ပတ်ဝန်းကျင်က အရာဝတ္ထု သေးသေးလေးတွေဆီမှာလဲ ရှာတွေ့နိုင်တာမလို့ အားမလျှော့ကြပါနဲ့😉
Written By
Moe Myint Thida
Image may contain: text that says "Self Care Ideas"

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱