The Essential Leadership Skills For Small Businessmen
ခေါင်းဆောင်ကောင်း တစ်ယောက်အတွက် မရှိမဖြစ်စွမ်းရည်များ 
အားလုံးပဲ မင်္ဂလာပါခင်ဗျာ
ဒီနေ့မှာတော့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ လူကြီးမင်းတွေအတွက် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာတွင် အရေးတကြီးလိုအပ်တဲ့ အကြောင်းအရာလေးတခုကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 
လူကြီးမင်းဟာ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ အထင်ကြီးလေးစားရတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်နေပီလား ...
ကိုယ်တိုင်ကော ခေါင်းဆောင်ကောင်း ဒါမှမဟုတ် ဦးဆောင်လမ်းပြပေးနိုင်သူတစ်ယောက်လို့ မှတ်ယူနိုင်ပီလား ... 
OK ဖြစ်မဖြစ်ဆိုတာကို သိချင်ရင်တော့ အချိန် ၂ မိနစ်လောက်သာပေးပြီး ဒီစာကိုဖတ်ကြည့်ဖို့ အကြံပြုလိုပါတယ်။
ခေါင်းဆောင်မှုဆိုတာဟာ လူပုဂ္ဂိုလ်တစ်ဦး(သို့) အဖွဲ့အစည်းတစ်ခုက အခြားလူပုဂ္ဂိုလ်များသို့ အဖွဲ့အစည်းတစ်ရပ်ကို ဦးဆောင်ရန် (သို့)လမ်းညွှန်ရန်အတွက် လိုအပ်တဲ့ လက်တွေ့ကျသော စွမ်းရည်ဖြစ်ပါတယ်။
အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လူကြီးမင်းရဲ့လက်အောက်ငယ်သားတွေအပေါ် ခေါင်းဆောင်ကောင်း ပီသတာဟာ မိမိရဲ့စီးပွားရေးလမ်းခရီးတွက် အရေးပါကောင်းမွန်တဲ့ အနာဂတ်အစီအစဥ်ကောင်းတခုဖြစ်တယ်။
ခေါင်းဆောင်မှုပညာနဲ့ပတ်သက်ပြီးတော့ သတ်မှတ်ချက်တွေ ပညာရှင်တွေရဲ့သုတေသနဖော်ပြချက်တွေအပြင် များစွာသော ရည်ညွှန်းချက်များလည်းရှိကြ၏။
သို့သော် လူတစ်ဦးကို ခေါင်းဆောင် ကောင်းဖြစ်စေတဲ့ အခြေခံစွမ်းရည်တွေကတော့ အတူတူပါ။
နယ်ပယ်တခုချင်းစီကိုလိုက်ပြီး ခေါင်းဆောင်ကောင်းတွေရဲ့ စွမ်းရည်တွေကို သီးခြားသတ်မှတ်ထားတာတော့ မရှိပေ။
သို့ပေမယ့် ဒီနေရာလေးမှာ တော့ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေအတွက် ရှိသင့်တဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ခေါင်းဆောင်မှုစွမ်းရည်ကောင်းပြီးအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ.....
OK... ဒါတွေကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေအနေဖြင့် ရှိသင့်တဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေ ဖြစ်ပါတယ်။
လူကြီးမင်းအနေနဲ့ အပေါ်ကပြောခဲ့တဲ့ စွမ်းရည်တွေထဲက တချို့ကိုပိုင်နိုင်ရင်တောင် လူကြီးမင်းရဲ့ လုပ်ငန်းကို များစွာအကျိုးဖြစ်ထွန်းစေလိမ့်ပါမည်။ ဒါတွေပဲလိုတာလားဆိုတော့မဟုတ်ပါဘူး။
လူကြီးမင်းတို့ရဲ့ ထိထိမိမိလုပ်ဆောင်နိုင်ဖို့အတွက် အပေါ်ကပြောခဲ့တဲ့ ကျွမ်းကျင်မှုတွေအပြင် အခြားခြားသော စွမ်းဆောင်ရည်တခုချင်းစီနဲ့ တိုးတက်အောင်လုပ်သင့်တဲ့အရာတွေကို ဆက်လက်လေ့လာနေဖို့လိုအပ်ပါတယ်။
“ ခေါင်းဆောင်ကောင်းပီသမှုလုပ်ရပ်များစွာနှင့်လုပ်ငန်းအောင်မြင်မှုများ ပိုင်ဆိုင်နိုင်ကြပါစေ”
Kyaw Nyein(YAU)

Comments
Post a Comment