✨Types of Production Process✨
အားလုံးပဲ မင်္ဂလာပါ။ Beatrix မှ ပြန်လည်ကြိုဆိုပါတယ်။ 
ဒီနေ့ sharing လုပ်ပေးမယ့် အကြောင်းအရာလေးကတော့ ထုတ်လုပ်မှု လုပ်ငန်းစဉ် (production process) တွေ အကြောင်းပဲ ဖြစ်ပါတယ်။ 
ပထမဆုံး Production process ဆိုတာဘာလဲ ရှင်းပြပေးပါမယ်။
Production process ဆိုတာ Inputs တွေကိုအသုံးပြုပြီး output ရအောင်ပြောင်းလဲတဲ့လုပ်ငန်းစဉ်တစ်ခုပါ။
inputs ထဲမှာ ဘာတွေပါမလဲဆိုရင် လူ၊ စက်ပစ္စည်း၊ ရုပ်ဝတ္တု ပစ္စည်းတွေ၊ သတင်းအချက်အလက်တွေနဲ့ ငွေကြေးတွေ ပါဝင်ပါတယ်။
ဒီအရင်းအမြစ်တွေကိုရင်းနှီးပြီး ပြောင်းလဲလိုက်ရင် ကုန်စည်နှင့်ဝန်ဆောင်မှုလို့ခေါ်တဲ့ goods and services တွေရရှိလာတာဖြစ်ပါတယ်။ 
လုပ်ငန်းတွေမတူညီတာနဲ့အမျှ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကလည်း မတူညီကြပါဘူး။
အဲ့ထဲမှာမှ process (၄) မျိုးအကြောင်း ပြောပြပေးသွားပါမယ်။
Project Production ဆိုတာ ခန့်မှန်းထားတဲ့ကုန်ကျမှုစရိတ်နဲ့ ပေးထားတဲ့အချိန်အတွင်းမှာလုပ်ဆောင်ရတဲ့ order တစ်ခုပါပဲ။
အထူးသဖြင့် ကြီးမားတဲ့လုပ်ငန်း ဧရိယာတွေမှာ သုံးပါတယ်။ သူ့လုပ်ငန်းစဉ်ရဲ့ တာဝန်တွေနဲ့ လုပ်ငန်းဧရိယာက ကျယ်ပြန့်တဲ့အတွက်ကြောင့် အလုပ်သမားတွေ အများအပြားလိုသလို ငွေကြေးအရလည်း အကုန်အကျများပါတယ်။ ထုတ်လုပ်မှုကလည်း unique ဖြစ်ပါတယ်။
ဥပမာ - လမ်း၊ တံတား၊ အဆောက်အအုံပိုင်းဆိုင်ရာ တည်ဆောက်ရေး၊ သင်္ဘောဆောက်လုပ်ရေး စတဲ့ ထုတ်လုပ်မှုတွေပဲဖြစ်ပါတယ်။
Job Production ရဲ့ထုတ်ကုန်ကတော့ project production လိုကြီးမားမကျယ်ပြန့်ဘဲ အနည်းအကျဉ်းသာ ထုတ်လုပ်ပေးရတဲ့ပုံစံပါ။
Customer တွေရဲ့ အထူး order ကြောင့်ပြုလုပ်ပေးရတဲ့ လုပ်ငန်းပါပဲ။ ဝယ်ယူသူတွေရဲ့ စိတ်ကြိုက်ပြုလုပ်ပေးရတဲ့အတွက် သူ့ရဲ့ထုတ်ကုန် ဒါမှမဟုတ် အလုပ်တစ်ခုဟာ unique ဖြစ်ပြီးတော့ တစ်ခုနဲ့တစ်ခု ထပ်တလဲလဲဖြစ်ပွားခြင်းလဲ မရှိပါဘူး။
စက်ပစ္စည်း ကိရိယာတွေကိုလည်း အသုံးပြုရပါတယ်။ လူသားလုပ်သားတွေထုတ်လုပ်ပြီး ဝန်ဆောင်မှုပေးမယ်ဆိုရင်လည်း အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။
ဥပမာအနေနဲ့ ဆံပင်ညှပ်ခြင်း၊ made-to-measure အဝတ်အထည်များချုပ်လုပ်ခြင်းနဲ့ ပရိဘောဂများပြုလုပ်ခြင်း စတဲ့လုပ်ငန်းစဉ်တွေဟာ job Production process ပဲဖြစ်ပါတယ်။
Batch Production ဆိုတာကတော့ သတ်မှတ်ချိန်ကာလအတွင်းမှာပဲ တူညီတဲ့ ကုန်ပစ္စည်းတစ်ခုကိုပဲ ပုံစံ၊အရွယ်၊အမျိုးအစား ကွဲပြားစွာနဲ့ အသုတ်လိုက် ထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။ 
ဥပမာပြောရမယ်ဆိုရင် T-Shirt အင်္ကျီကို အရောင်စုံ၊ ဆိုဒ်စုံ ထုတ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ batch တစ်ခုမှာ ထုတ်လုပ်မှုပြီးဆုံးရင် သူ့ရဲ့လုပ်ငန်းစဉ်လဲ ပြီးသွားပါပြီ။
နောက်ထပ် အသစ်ထုတ်လုပ်မယ့် batch မှာဆိုရင် ထုတ်ကုန်ကလည်း အသစ်ဖြစ်သွားနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေနဲ့မတူဘဲ သူ့မှာဆိုရင် repetition ရှိပါတယ်။
ဝယ်ယူသူတွေရဲ့ မှာယူမှုကြောင့် ပြုလုပ်ပေးရတဲ့ ထုတ်ကုန်မဟုတ်ဘဲ ရောင်းချဖို့သိုလှောင်ထားတဲ့ထုတ်ကုန် (stock) ဖြစ်ပါတယ်။အဝတ်အထည်တွေအပြင် bakery products တွေနဲ့ fast food လုပ်ငန်းတွေကလည်း batch production process ပဲဖြစ်ပါတယ်။
ဒါကတော့ အများအားဖြင့် ကုန်ပစ္စည်းတစ်ခုတည်းကိုပဲ ၂၄ နာရီလုံး အရေအတွက်ပမာဏ ကန့်သက်ခြင်းမရှိ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
လောလောဆယ်ရှိနေတဲ့ ဝယ်လိုအားနဲ့ ကုန်လက်ကျန်တွေအပေါ်မူတည်ပြီး ထုတ်လုပ်ဖို့ ချိန်ဆရပါတယ်။ စံသတ်မှတ်ထားတဲ့ထုတ်ကုန်တစ်ခုကိုပဲ စက်ပစ္စည်းတွေအသုံးပြုပြီး ထုတ်တာဖြစ်တဲ့အတွက် လူတွေရဲ့အဓိကတာဝန်ကတော့ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုထိန်းသိမ်းဖို့ပါပဲ။ ရင်းနှီးမြှပ်နှံမှုလည်းများသလို ကုန်ကြမ်းတွေကိုလည်း အဆက်မပြတ်ထည့်သွင်းနေရပါတယ်။
လေ့လွင့်ဆုံးရှုံးတဲ့ ပမာဏနည်းပါးပြီးတော့ တစ်ယူနစ်ကုန်ကျစရိတ်ကလည်း သက်သာသွားပါတယ်။ ဥပမာ အရက်ချက်လုပ်ခြင်း၊ ဓာတုဆေးဝါးထုတ်လုပ်ခြင်း၊ မြေဩဇာထုတ်လုပ်ခြင်း အစရှိသော လုပ်တွေဟာ continuous production process ပဲဖြစ်ပါတယ်။
ဒါဆိုရင် စာဖတ်သူတွေ Production process အနည်းငယ်အကြောင်းကို အကြမ်းဖျဉ်းသိလောက်ပြီလို့ ထင်ပါတယ်နော်။
ဖတ်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါရှိတယ်။
Written by
Yoon Ei Tin

Comments
Post a Comment