4 Things To Remember As Young Entrepreneur

 

အားလုံးပဲမဂ်လာပါ....🙏
Beatrix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။🤗
ဒီနေ့မှာတော့...ကျွန်တော်တို့ဆွေးနွေးကြမယ့်အရာကိုမပြောခင် အကြောင်းအရာတိုတိုလေးတခုကို အရင်ပြောပြပေးချင်ပါတယ်။
👉 “တနေ့မှာ လူငယ်လေးတစ်ယောက်က အတွေ့အကြုံအများကြီးရှိပြီး အသက်အရွယ်ကြီးသွားတာကြောင့် အရင်လိုအလုပ်တွေကို ဖျတ်ဖျတ်လတ်လတ်မလုပ်နိုင်တော့တဲ့ လူကြီးတစ်ယောက်ဆီလာပြီးတော့ ခုလိုပြော လိုက်ပါတယ်။
-“ဦးလေးကြီးကအသက်လည်းကြီးနေပြီ။ ကျွန်တော်တို့လို အလုပ်တွေလည်း မလုပ်နိုင်တော့ဘူး။ တကယ်လို့သာ ဦးလေးသာ ကျွန်တော်လို ငယ်ရွယ်တဲ့ဘဝကို ပြန်ရမယ်ဆိုရင် ဦးလေးဘယ်လိုခံစားရမလဲလို့မေးလိုက်တယ်။ အဲ့ချိန်မှာပဲ ဦးလေးကြီးက အခုငါ့မှာရှိနေတဲ့ အတွေ့အကြုံနှင့် အသိပညာတွေနဲ့သာ မင်းတို့အသက်အရွယ်ကိုပြန်ရောက်မယ်ဆိုရင်တော့ ငါအရမ်းပျော်မိမှာပဲ။ ဒါပေမယ့် ငါ့ဘဝရဲ့အတွေ့အကြုံတွေကိုထားခဲ့ပြီး မင်းတို့လိုအသက်ပြန်ငယ်ရမယ်ဆိုရင်တော့ ငါမငယ်ချင်တော့ပါဘူး လို့ဖြေခဲ့ပါတယ်။”
ဟုတ်ပါတယ်..ကျွန်တော်လူငယ်တွေက ဖျတ်ဖျတ်လက်လက်ရှိပြီး လုပ်ရည်ကိုင်ရည်သာ ရှိကြတာ အတွေ့အကြုံနုသေးတဲ့သူတွေပါ။
ဒါကြောင့်... ဒီနေ့မှာတော့ အတွေ့အကြုံနုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်လိုကြတဲ့လူငယ်တွေ သတိထားရမယ့် အချက်လေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
အိုကေ...ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်တို့ဆက်ကြည့်လိုက်ကြရအောင်....
(၁) Expect Age Discrimination
📌မိတ်ဆွေရဲ့အသက်အရွယ်အရ လူတွေရဲ့ မယုံကြည်မှုကိုခံရနိုင်ပါတယ်။
ပြီးတော့ လူကြီးတွေကလူငယ်တွေကို အထင်မကြီးတဲ့အပြင် ယုံကြည်ပေးဖို့လည်း တွန့်ဆုတ်နေတတ်ကြပါတယ် ။ ဒါပေမယ့်...လူငယ်တစ်ယောက် အနေနဲ့လုပ်ငန်းတခုကိုလုပ်ပြီဆိုရင် အခြားလုပ်ငန်းရှင်လူကြီးတွေနဲ့ တွေ့ဆုံပြီးအလုပ်အတူလုပ်ကြရမှာပါ။
📌 ကိုယ့်နဲ့အလုပ်အတူတွဲလုပ်ရမယ့် လူတစ်ယောက်က ကိုယ့်ကိုလျော့တွက်ထားတယ်ဆိုတာကို ခံစားလိုက်ရတဲ့ လူတစ်ယောက်ရဲ့စိတ်ထဲမှာတော့ ခံပြင်းတဲ့စိတ်တွေရှိနေတာအမှန်ပါ။
ဒါပေမယ့် မိတ်ဆွေကိုလျော့တွက်ထားတဲ့ လူတစ်ယောက်ကိုအနုတ်သဘော ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြင့် မိတ်ဆွေကသူတို့လျော့တွက်ထားသလို မိတ်ဆွေရဲ့အဆင့်ကိုလျော့ချမိတတ်ပါတယ်။
ဒါကြောင့် မိတ်ဆွေကစကားအပြောအဆိုမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ကတိကိုစောင့်ထိန်းတဲ့နေရာမှာပဲဖြစ်ဖြစ် Professional ကျကျလုပ်တတ်ဖို့လိုပါလိမ့်မယ်။ ကိုယ့်ရဲ့စံနဲ့ကိုယ်နေပြီး လူကြီးတွေဆီကသင်ယူစရာရှိတာတွေ သင်ယူပါ။ ပြီးတော့ လုပ်ငန်းတခုလုပ်ဆောင်ရာမှာ အသက်အရွယ်ကအဓိကမကျဘဲ အလုပ်ပေါ်ထားတဲ့ သဘောထားကသာအရေးကြီးကြောင်းကို မိတ်ဆွေရဲ့လုပ်ရပ်တွေကို ပြနိုင်ဖို့ကြိုးစားပါ။
(၂) Be Wise In Signing Contracts
လုပ်ငန်းတခုလုပ်ကိုင်ပြီဆိုရင် ရောင်းသူနဲ့ဖြစ်စေဝယ်သူနဲ့ဖြစ်စေ၊ ကိုယ့်ရဲ့လုပ်ငန်းဖက်စပ်လုပ်ကိုင်သူတွေ နဲ့ဖြစ်စေ စာချုပ်တွေချုပ်ဆိုရပါလိမ့်မယ်။ ဒီလိုစာချုပ်တွေ ချုပ်ဆိုရာမှာလည်း လူတွေက ကိုယ့်အတွက်အကျိုး ဖြစ်ထွန်းဖို့တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ချုပ်ဆိုကြရတယ်။
📌 အဲ့လိုအချိန်မှာ စာချုပ် ချုပ်ဆိုခြင်းနဲ့ပတ်သက်လို့အတွေ့အကြုံနုသေးတဲ့ မိတ်ဆွေဟာစာချုပ်တွေမှာ လက်မှတ်မထိုးခင် စာချုပ်ကိုသေချာဖတ်ပြီး ဖြစ်နိုင်ရင်သင်ယုံကြည်ရတဲ့အတွေ့အကြုံရှိတဲ့ လူတွေကိုအရင်မေးပါ။
ဘာဖြစ်လို့လည်းဆိုတော့ တချို့လုပ်ငန်းတွေကစာချုပ်တခုရဲ့ ချည်နှောင်မှုကြောင့် ကိုယ့်ရဲ့လုပ်ငန်းအပေါ် ကိုယ်ပိုင်ထိန်းချုပ်နိုင်မှု အရမ်းနည်းသွားတာမျိုး ရှိတတ်ပါတယ်။
📌 ဒါကြောင့် လူငယ်လုပ်ငန်းရှင်တွေ စာချုပ်တခုကိုချုပ်တော့မယ်ဆိုရင် အရင်လေ့လာပါ။ ပြီးတော့ ကျွမ်းကျင်တဲ့သူတွေကိုမေးပါ။ တကယ်လို့မသေချာဘူးဆိုရင် စာချုပ်သက်တမ်းကို တိုနိုင်သမျှတိုအောင်လုပ်ပါ။
(၃) Set Priorities
📌 ကျွန်တော်တို့လူငယ်တွေက နံပါတ်တစ်နဲ့နှစ်မှာပြောခဲ့သလို အတွေ့အကြုံနုကြသေးပါတယ်။ အဲ့ဒါကြောင့်ပဲ တခါတလေမှာ ငွေအရမ်းမက်သွားလို့ ဒါမှမဟုတ် အပြင်လောကရဲ့ Trend ကိုအရမ်းလိုက်လွန်းတာကြောင့် ကိုယ့်လုပ်ငန်းရဲ့အဓိကရည်ရွယ်ချက်နဲ့တန်ဖိုးကို ကျဆင်းစေမယ့် ရေတိုအတွက်သာကောင်းမယ့် အလုပ်မျိုးကိုလုပ်တတ်ကြပါတယ်
📌 အဲ့လိုလုပ်တာတွေများလာတဲ့အခါ ကိုယ့်လုပ်ငန်းရဲ့ Mission/ Vision တွေပျောက်ကွယ်သွားပြီးတော့ ကိုယ့်ရဲ့ Brand image ကျသွားတတ်ပါတယ်။ Trend ကိုလိုက်လွန်းတာကြောင့် သင့်လုပ်ငန်းရဲ့ ရေရှည်အကျိုးကို ထိခိုက်အောက်မလုပ်မိဖို့သတိပြုပါ။
(၄) Learn How To Listen
📌 ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တဲ့လူငယ်တွေက မိမိကိုယ်ကိုယုံကြည်ချက် မြင့်မားတဲ့သူတွေပဲဖြစ်ကြပါတယ်။ အဲ့လိုယုံကြည်ချက်ရှိတာက အဆိုးမဟုတ်ပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲသွားပြီးမှ သူများတွေရဲ့ အကြံဉာဏ်နဲ့အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို လုံးဝဂရုမစိုက်တတ်တဲ့သူတစ်ယောက်ကတော့ အချိန်တိုလေးအတွင်းမှာ လဲကျသွားနိုင်ပါတယ်။
📌 တခါတလေမှာဆိုရင် လူငယ်တွေ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲသွားတာကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို တွက်ချက်မိဘဲ မိုက်ရူးရဲဆန်ဆန်စွန့်စားတတ်ကြပါတယ်။ ဒါကြောင့် လူငယ်လုပ်ငန်းရှင် တစ် ယောက်အနေနဲ့ လိုအပ်တဲ့အရည်အချင်းတစ်ခုကတော့ မိမိကိုယ်ကိုယုံကြည်မှုနဲ့ ပေါင်းစပ်ထားတဲ့ ညှိုနှိုင်းတိုင်ပင် တတ်တဲ့အရည်အချင်းပါ။
Ok.. ဒါတွေကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ အတွေ့အကြုံနုသေးတဲ့လူငါတွေ သတိပြုရမယ့် အချက်တွေထဲက တချို့ပဲဖြစ်ပါတယ်။
အပေါ်မှာပြောခဲ့တဲ့ အချက်တွေအပြင် အခြားခြားသောလိုက်နာသင့် လုပ်ဆောင်သင့်တဲ့ စည်းကမ်းချက်တွေ နှင့် လုပ်ငန်းစဥ်တွေကို ထိထိရောက်ရောက်လိုက်နာလုပ်ဆောင်ပြီး လုပ်ငန်းအောင်မြင်မှုကို ရှာဖွေသင့်ပါတယ်။
မိတ်ဆွေတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းအသီးသီးမှာ မှားခဲ့ဖူးတဲ့ အမှားတွေကို သူများတွေတွက် ဆင်ခြင်စရာ ဖြစ်မယ်ထင်ရင်တော့ အောက်က Comment လေးမှာရေးပြီး သတိပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱