Applications for Women
“အမျိုးသမီးလေးတွေအတွက်”
ဒီနေ့မှာတော့ မျိုးရှာတွေ့ထားတဲ့ app လေး
တစ်ခု အကြောင်း ပြောပြချင်ပါတယ်။
အခုအချိန်မှာ Facebook မှာ အမျိုးသမီးလေးတွေနဲ့ ပတ်သက်ပြီး မလုံခြုံမှုတွေ ၊ကိုယ်ရေးကိုယ်တာ အချက်အလက် အခိုးခံရမှုတွေ ရှိလာပါတယ်။ ကိုယ်က ရိုးရိုးသားသား ပုံလေးတင်တာတောင် မသမာသူတွေ လက်ထဲ၊ groupတွေထဲ ရောက်သွားရင် ကိုယ့်ရဲ့အရှက်သိက္ခါကို ထိပါးစေနိုင်ပါတယ်။
နောက်ပြီးတစ်ချို့ marketerတွေဟာ လူသားတွေရဲ့ မလုံမခြုံခံစားနေရတဲ့ စိတ်ခံစားမှုတွေကို အသုံးချပြီး marketing ဆင်းကြတာတွေလည်း ရှိပါတယ်။
သူငယ်ချင်းက အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်။ စိတ်တူကိုယ်တူအမျိုးသမီး တွေကို ရှာဖွေနေသူတစ်ယောက်လည်းဖြစ်တယ်။ ကိုယ့်ရဲ့dataတွေကိုလည်း လုံလုံခြုံခြုံ ဖြစ်စေချင်တယ်ဆိုရင်
TechMae app လေးကို အသုံးပြုကြည့်ပါ။
ဒီ app လေးကို အမျိုးသမီးတစ်ဦးကဘဲ အခြားအမျိုးသမီး အတွက် ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ။
TechMae app ဟာဆိုရင် အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်ကနေ ဘဝနေထိုင်မှုပုစံ အထိသူတို့ရဲ့ projectတွေကို တိုးတက်အောင် လုပ်နိုင်တဲ့ အရမ်းကိုလုံခြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
အဲ့appလေးဟာ 2019 April 6 ရက်နေ့မှာ စတင်ဖန်တီးခဲ့တာဖြစ်ပြီး ဒီ app ထဲမှာ အမျိုးသမီး အချင်းချင်း ကူညီပြီး တစ်နေရာထဲမှာ စုပေါင်းတွေ့ဆုံနိုင်မှာ ဖြစ်ပါတယ်။
TechMae Mobile App ဟာဆိုရင် အမျိုးသမီး
စွန့်ဦးတီထွင်သူတွေ၊ အမျိုးမျိုးသော စက်ရုံ အလုပ်ရုံတွေ က professional ကျတဲ့ အမျိုးသမီးတွေ ၊ မတူညီတဲ့ အသိုင်းအဝိုင်း၊နေရာဒေသ၊လုပ်ငန်းခွင်က မတူညီတဲ့ ရာထူးနဲ့ အမျိုးသမီးတွေ စသဖြင့် အမျိုးသမီး အားလုံးအတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ appထဲမှာ ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းနေကြတဲ့အမျိုးသမီးတွေကိုလည်း တွေ့ရမှာ
ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ဝေမျှပြီး အခြားသော အမျိုးသမီးတွေကို အထောက်အကူ ဖြစ်အောင် ကူညီပေးလိုက်ပါ။ ကိုယ့်လုပ်ငန်းအကြောင်း ၊ blogs တွေ ရေးပြီး တခြားသူတွေနဲ့ ပိုပြီးရင်းနှီးအောင်နေလိုက်ပါတဲ့။
This app was created to give ALL WOMEN a VOICE.
အမျိုးသမီးအားလုံးရဲ့ အသံတစ်ခု ဖြစ်ဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါတဲ့။
အော်. နောက်ပြီး သူက facial recognition system ပါတယ်နော်။ အမျိုးသမီး မဟုတ်ရင် ဝင်လို့မရပါဘူး။
Download Link: https://play.google.com/store/apps/details?id=com.webinovationhub.techmae&hl=en [Android]



Comments
Post a Comment