Beginner Guide to Investing ⁉️
ဒီတစ်ခေါက်ပြောပြပေးချင်တာက Investment( ရင်းနှီးမြှုပ်နှံမှု ) လုပ်တဲ့အခါ ဘယ်လိုစတင်သင့်လဲ ဘယ်လိုတွေလုပ်သင့်လဲဆိုတာဘဲ ဖြစ်ပါတယ်
အရင်ဆုံး Investment(ရင်းနှီးမြှုပ်နှံမှု) အကြောင်းနဲ့စလိုက်ရအောင်
Investment (ရင်းနှီးမြှုပ်နှံမှု) ဆိုတာဘာလဲ 
ဒီစကားလုံးလေးကတော့ လူတိုင်းအတွက် ရင်းနှီးပြီးသားဖြစ်မှာပါ
Investment ဆိုတာကတော့ ဝင်ငွေ ဒါမှမဟုတ် အသိအမှတ်ပြုခံရခြင်းဆိုတဲ့ မှတ်တိုင်တွေ ရောက်ရှိဖို့ လိုအပ်တဲ့ အရည်အချင်းတွေ အချင်းအရာတွေပဲဖြစ်တယ်
စီးပွားရေးနယ်ပယ်အရ ပြောရရင်တော့ အမြတ်အစွန်းတွေ ဝင်ငွေတွေရရှိဖို့
ပစ္စည်းတွေဝယ်ယူထားရှိတာလို့ ပြောလဲမမှားပါဘူး
အဲ့ပစ္စည်းတွေဟာ လက်ရှိအချိန်မှာ အသုံးမချရသေးဘူး မရောင်းချသေးဘူး ဒါပေမဲ့အနာဂတ်အတွက် ရှေးရှုပြီး ဝယ်ယူသိုလှောင်ထားသလိုမျိုးပေါ့
စီးပွားရေးတစ်ခုကို စတင်ဖို့ ဒါမှမဟုတ် တိုးချဲ့ဖို့ အဲ့ကနေတစ်ဆင့် ဝင်ငွေတွေရရှိဖို့အတွက် ငွေတွေရင်းနှီးမြှုပ်နှံကြတာကို ဆိုလိုခြင်းဖြစ်ပါတယ်
အခု Beginner Guideဆီသွားလိုက်ရအောင်ပါ
1. ကိုယ်က ရင်းနှီးမြှုပ်နှံသူအမျိုးအစားတွေထဲက ဘယ်အမျိုးအစားလဲဆိုတာ နာလည်ပါစေ
ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ အကြမ်းအားဖြင့် 3 မျိူးရှိပါတယ်
1) DIY Investing
(DIY ဆိုတဲ့အတိုင်း Do It Yourself ပါ အကုန်လုံးကို ကိုယ်တစ်ယောက်ထဲက ကိုင်တွယ်စီမံကြီးကြပ်ရပါတယ် ကိုယ့်ရဲ့ငွေတွေ ပုံမှန်အတိုင်း လည်ပတ်နေရဲ့လား စတော့တွေကရော ဘယ်အခြေအနေရှိလဲ ကိုယ့်ဘာသာ research လုပ်နေရတာပါ ကောင်းတဲ့တချက်က ကိုယ့်လက်ထဲမှာ လုပ်ပိုင်ခွင့် အပြည့်အဝရှိတာပါပဲ)
2) Passive Investing
(ရင်းနှီးမြှုပ်နှံဖို့အတွက် အချိန်မပေးနိုင်တဲ့သူတွေ မကျွမ်းကျင်တဲ့သူတွေ သုံးတာများပါတယ် ကိုယ့်ပိုက်ဆံကို ကောင်းကောင်းစီမံပြီး မြှုပ်နှံပေးနိုင်မယ့် သူတစ်ယောက်ထားသလိုပေါ့
ဥပမာ Betterment နဲ့ Paladin Registryတို့လို platformတွေဆို ကိုယ်က ပိုက်ဆံစိုက်ရုံနဲ့ တခြားလုပ်ငန်းတွေ လုပ်ကိုင်ပေးတဲ့ serviceတွေလဲ ရှိပါတယ် )
3) Getting a Stock Advisor
(သူကတော့ DIY နဲ့ Passive Investing ကို ရောထားတာလို့ပြောလို့ရပါတယ်
အကြံပေးတစ်ယောက်ငှားမယ် stockကတော့ ကိုယ်စိတ်ကြိုက်ရွေးလို့ရတယ် ဒီငွေကြေးကိုတိုးပွားအောင်လုပ်ဖို့ ပညာရှင်တစ်ယောက်ရဲ့ အကြံကိုယူတာမျိူးပေါ့)
2. ကိုယ်ဘယ်လောက် ရင်းနှီးမြှုပ်နှံချင်တာလဲဆိုတာ စဥ်းစားဆုံးဖြတ်ပါ
ကိုယ့်မှာရှိတဲ့ ငွေပမာဏ ဖြစ်လာနိုင်မဲ့
ကောင်းကျိူးဆိုးကျိုးတွေ အကုန်ထည့်သွင်းစဥ်းစားဖို့လိုအပ်ပါတယ်
ကိုယ့်မှာ ငွေပမာဏများများစားစား ရှိခဲ့မယ်ဆိုရင်တောင် ဖြေးဖြေးနဲ့မှန်မှန်ဆိုတဲ့ နည်းကို အသုံးချတာက ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရရှိစေမှာပါ
3. အန္တရာယ်တွေကို ကြိုမြင်တတ်ပါစေ
အသေးစားရင်းနှီးမြှုပ်နှံမှု အများစုဟာ အန္တရာယ်ကင်းတယ်ဆိုတာမျိုးက များပါတယ်. အမြတ်အစွန်းရရှိလေ ရင်းနှီးမြှုပ်နှံရတာကလည်း ပိုများတာကြောင့် အန္တရာယ် ဆုံးရှုံးနိုင်ခြေတွေ ပိုများပါတယ် . ပြောချင်တာက အန္တရာယ်အများဆုံး ရင်းနှီးမြှုပ်နှံမှုဆိုတာ အကျိုးအမြတ်ရရှိမှုအများဆုံးနဲ့ ဆုံးရှုံးမှုအများဆုံးဆိုတဲ့ အရာနှစ်ခုကြားမှာ တည်ရှိသလိုပါပဲ
တကယ်တော့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ရေတိုမဟုတ်ဘဲ ရေရှည်ကြည့်ရတာတဲ့ အရာမျိုးပါ. ကိုယ်ရဲ့ရင်းနှီးမြှပ်နှံမှုကို ကိုယ်ပေးဝယ်ထားတဲ့စျေးထက် လျှော့ရောင်းလိုက်တာကတော့ ကောင်းတဲ့နည်းလမ်းတစ်ခု လုံးဝမဟုတ်ပါဘူး
4.ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့အရာတွေကို တတ်နိုင်သမျှလေ့လာပါ
လုပ်ငန်းတစ်ခု ဒါမှမဟုတ် ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံပြီဆိုမှတော့ ကိုယ် investလုပ်တဲ့ ကုမ္ပဏီအကြောင်း လုပ်ငန်းအကြောင်း သေသေချာချာ သိထားဖို့လိုပါတယ်. လုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေလဲသိမှ ရှေ့ဆက်သင့်မဆက်သင့် ပမာဏဘယ်လောက် ရင်းနှီးရမလဲ သေချာစဥ်းစားနိုင်မှာပါ
investment အကြောင်း စျေးကွက်လုံခြုံရေးအကြောင်းရေးထားတဲ့ စာအုပ်တွေ websiteတွေကနေလေ့လာပါ. စတော့စျေးကွက်တွေ ၊အလားအလာကောင်းတဲ့ စတော့ဝယ်ယူမှု အကြောင်းတွေ ၊ရန်ပုံငွေကိစ္စတွေ ကိုယ်လက်လှမ်း မှီသလောက် လေ့လာထားသင့်ပါတယ်
သာမန်ထက်ပိုပြီး အကျိုးအမြတ်ရရှိတယ်ဆိုတဲ့အပေါ်မှာ စိတ်မယိုင်သွားစေဖို့နဲ့ သေသေချာချာ လေ့လာဆန်းစစ်ပြီးမှ ရင်းနှီးမြှုပ်နှံတာဟာ စိတ်အချရဆုံးနဲ့ အကောင်းဆုံးဖြစ်မှာပါ
ဒီတစ်ခေါက်ကတော့ ဒီလောက်ပါပဲ
အဆုံးထိဖတ်ပေးတဲ့သူ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ် 

Comments
Post a Comment