“ယခုလက်ရှိ ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် စီးပွားရေးပါရဂူတို့၏ အမြင်များ”
ဒီကနေ့မှာတော့ စီးပွားရေးပါရဂူအယောက်၄၀ရဲ့ Covid-19 အပြီး ပြန်လည်ပြုပြင်မှုအပေါ် သူတို့ရဲ့ သုံးသပ်တွေးထင်မှုတွေ အကြောင်းကို ဖော်ပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
ဒီကပ်ဘေးဟာ လူသားတွေကို အဘက်ဘက်ကနေ မညီမျှမှုတွေ ၊ မမျှတမှုတွေ ဖြစ်လာအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်မူထူးတဲ့
အခွင့်အရေးတွေကိုလည်း ယူဆောင်လာပေး ပြန်ပါတယ်။
ကျွန်မတို့တွေဟာ ရှေးယခင်က သတ်မှတ်ထားတဲ့ အောင်မြင်မှုလမ်းစဥ်တွေထက် ကျော်လွန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးသိမြင်လာအောင် ကြိုးစားရပါတော့မယ်။
အခုချိန်ဟာ အရာရာကို ပြန်လည်ကုစား ပြင်ဆင်နေရချိန်ဆိုတော့ စိန်ခေါ်မှုတွေကို အစဥ်အမြဲကြုံတွေ့နေရမှာပါ။ ဒီလိုကုစားချိန်မှာ အစိုးရ နဲ့ စီးပွားရေး
ခေါင်းဆောင်တွေ အဓိက ကြုတွေ့နေရတဲ့ စိန်ခေါ်မှု သုံးရပ်ရှိနေပါတယ်။
☆ဝင်ငွေ၊အခွင့်အလမ်း၊ပညာရေး စတဲ့ အဘက်ဘက်က မညီမျှမှုတွေ လျှော့ချနိုင်ဖို့ စီးပွားရေးမူဝါဒတွေကို ပြန်လည်ပြင်ဆင်လုပ်ဆောင်ခြင်း နှင့် Social mobility (လူမှုအဆင့်အတန်း ပြောင်းလဲမှု) တွေ တိုးတက်အောင်လုပ်ဆောင်ခြင်း။
☆ စီးပွားရေး တိုးတက်ဖို့ အဓိက အရင်းအမြစ်များ ရှာဖွေဖော်ထုတ်ခြင်း။
☆ စီးပွားရေးမျှော်မှန်းချက် ပြည့်ဝပြီး လုပ်ဆောင်ချက် ကောင်းမွန်ဖို့အတွက် targetအသစ်တွေကို ချိန်ညှိခြင်း စတဲ့နေရာတွေမှာဘဲ ဖြစ်ပါတယ်။
အနာဂတ်မှာ တိုးတက်လာမှုဟာ တိကျပြီးရေရှည်တည်မြဲဖို့ရန် ကျွန်မတို့တွေဟာ နိုင်ငံရဲ့ GDPတိုင်းတာစနစ်ထက် ကျော်လွန်တဲ့အတိုင်းအတာတွေ၊ အဆင့်မြင့်ထားတဲ့ နိုင်ငံရေး toolkit တွေ လိုအပ်လာပါတော့တယ်။
( toolkit က တနည်းအားဖြင့် ထီထွင်ဆန်းသစ်တဲ့အခါ လိုအပ်လာမယ့် အရာတွေကို ဖော်ဆောင်ပေးတဲ့ ကိရိယာတွေပေါ့၊ ရည်ရွယ်ချက်တစ်ခု အတွက် သုံးမယ့် toolတွေပေါ့ )
1. Stock Markets may be too optimistic about the speed of recovery
လက်ရှိ financial စျေးကွက် မြင့်မားလာတာကို ကြည့်တာထက် စီးပွားရေးဆိုင်ရာ အချက်အလက်တွေ၊ အမျိုးမျိုးသော stock စျေးကွက်တွေ၊ အလုပ်လက်မဲ့ များပြားလာမှုတွေကို စတဲ့ပုံရိပ်တွေဟာ ကမ္ဘာ့စီးပွားရေး အခြေအနေကို ရှုမြင်သုံးသပ်ဖို့ အကောင်းဆုံးပါဘဲ။
(Financial Market ဟာ ကျယ်ပြန့်တဲ့ စျေးကွက်တစ်ခု ဖြစ်ပြီး ၊ Debt market-ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လိုအပ်လာတဲ့အခါ ချေးငွေယူခြင်း၊ ကုန်သွယ်မှုစျေးကွက်၊ စျေးနှုန်းတွေလျှော့ချခြင်း စသဖြင့်ပေါ့။)
Financial Market ဟာ customerတွေရဲ့ ဝယ်ယူမှုသုံးစွဲမှုတွေ စက်ရုံတွေရဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှုတွေကြောင့် အခြေအနေကောင်းသလို ဖြစ်လာခဲ့ပေမယ့်လည်း အရင်က အခြေအနေနဲ့ ပြန်လည်နာလန်ထူပြီးအခြေအနေ တွေဟာ နောက်ထပ် lockdown ပြုလုပ်မှုတွေကြောင့် ကွဲလွဲမှု၊ မတူညီမှုတွေတော့ ရှိနေအုံးမှာပါ။
လုပ်သားအင်အားတွေကို လျှော့ချလိုက်ရုံနဲ့ စျေးကွက်တွေဟာ လုပ်ငန်းရဲ့အမြတ်ငွေတွေကို ကာကွယ်ပေးနိုင်တယ်လို့ အပြည့်အဝ သတ်မှတ်လို့ မရသေးပါဘူး။ ရင်းနှီးမြှုပ်နှံမှု လျှော့ချခြင်း က အလုပ်လက်မဲ့ဖြစ်လာမှုတွေ၊ တီထွင်ဆန်းသစ်မှု လျော့ပါးလာမှုတွေ၊ စားသုံးသူ လျော့ပါးလာမှုတွေကို 2021ဆီသို့ ဦးတည်သွားကောင်းသွားနိုင်ပါတယ်။
2. We are at a unique moment to tackle inequality
နည်းပညာတိုးတက်မှုတွေ ကမ္ဘာတစ်ဝှမ်း ပေါင်းစည်းမှုတွေဟာ မကျယ်ပြန့်သေးသလို မမျှတမှုတွေဟာလည်း အရင်နှစ်တွေထဲက
တိုးတက်လို့နေပါတယ်။ 
အခု Covid-19 ကလည်း အဲ့လိုမျိုးတွေ ထပ်ဖြစ်လာအောင် အားပေးနေသလိုပါဘဲ။
ဘာကြောင့်လဲဆိုတော့ အထိအခိုက်မခံနိုင်တဲ့ အားနည်းချက်တွေ အပေါ် အချိုးအစားမညီမျှစွာနဲ့ သက်ရောက်နေလို့ပါ။
ဥပမာ - Covidကာလမို့ ချမ်းသာသူတွေက အိမ်ထဲမှာ အေးအေးဆေးဆေး အာဟာရပြည့်ဝတဲ့ အစားအစာလေးတွေ စားပြီး နားနေနိုင်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေအတွက် ဘယ်လိုရပ်တည်ရမလဲ။ အင်မတန်ကို ဒုက္ခပေးတဲ့ covid ပါ။
ဒီလိုဆိုးကျိုးတွေအပြင် "အခွင့်အလမ်း" ဆိုတဲ့ အရာတွေကိုလည်း သယ်ဆောင်လာပါသေးတယ်။ အစိုးရက တခြားအရာတွေကိုဦးတည်ထားသလို မမျှမတဖြစ်နေခြင်းတွေကိုလည်း စောင့်ကြည့်လာပါတော့တယ်။
လူမှုကာကွယ်ရေးအတွက် နောင်အနာဂတ်မှာ နည်းပညာတွေ တိုးတက်လာတဲ့အခါ ရင်းနှီးနေအောင်လည်း ကာကွယ်လုပ်ဆောင်မှုတွေကို မြှင့်တင်လာပါတော့တယ်။
နောက်ပြီး socioecomic mobility လို့ခေါ်တဲ့ လူမှုအသိုက်အဝန်း အဆင့်အတန်း ပြောင်းလဲမှုတွေ ၊ အလုပ် ရာထူးပြောင်းလဲမှုတွေလည်း တိုးတက်လာအောင် လုပ်ဆောင်ပေးလာပါတယ်။
3. Rethinking tax could help governments build public trust
ဒီအချိန်မှာ အခွန်ရဲ့အခန်း ကဏ္ဍကလည်း
အရေးပါ,ပါတယ်။ အခွန်ကောက်ခံမှုပုံစံကို
ညှိနှိုင်းခြင်းသည် အရေးတကြီး လိုအပ်မှုဖြစ်ပြီး၊ အခွန်ရှောင်တာတွေကိုလည်း မလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ သဘောတူညီမှုအရ မျှတစွာ အခွန်ဆောင်နိုင်ကြဖို့အတွက် ပိုင်ဆိုင်မှုအရေအတွက်အပေါ် ပေးရတဲ့အခွန်တွေ၊ဝင်ငွေကနေ ပေးဆောင်ရတဲ့ အခွန်တွေ အပေါ် ပြန်လည်သုံးသပ်သင့်ပါတယ်။
ဥပမာ ဝင်ငွေများတဲ့သူက ဝင်ငွေနည်းသူထက် အခွန်ပိုဆောင်ရတာမျိုးပေါ့။
ဒီလိုမှ အဆင်ပြေမှာပေါ့လေ၊ အခွန်ဆောင်တယ်ဆိုတာလည်း တိုင်းပြည်အတွက် လှူတာဘဲ မဟုတ်လား။
4. Supply Chain disruption could hamper developing economies
နည်းပညာစံနှုန်းတွေအပေါ်မှာ ကုန်သွယ်မှုနဲ့ပတ်သတ်ပြီး အငြင်းပွားစရာတွေ ၊ ပြိုင်ဆိုင်မှု တင်းမာမှုတွေ ကြောင့် နိုင်ငံတကာ ကုန်သွယ်မှု တွေမှာ မသေချာ မရေရာမှုတွေ ရှိနေပါတယ်။ lockdown တွေကြောင့် ကုန်ပစ္စည်း ကုန်သွယ်မှုတွေကို လျှော့ချမှုဟာ ခဏတာသာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သူတို့ရဲ့ Supply chain (ကုန်ပစ္စည်းထုတ်လုပ်ခြင်း ဖြန့်ဝေခြင်း ဖြစ်စဥ်အဆင့်ဆင့်) တွေကို ဆက်လက် ထိန်းထားနိုင်ဖို့ ကိုယ့်နိုင်ငံတွင်းကို
အရေးကြီးတဲ့အရာတွေ ယူလာတာတို့.တခြားနိုင်ငံက အရင်းအမြစ်တွေကို သယ်လာတာတို့ပေါ့။ ကိုယ့်နိုင်ငံတွင်းကိုဘဲ ဦးတည်လာတာမျိုးပေါ့။
lockdownတွေ လုပ်ထားကြတော့ ကုန်သွယ်မှုတွေလည်း ရပ်သွားတာပေါ့။
ဒီလို ကိုယ့်နိုင်ငံတွင်းဘဲရောင်းနေရတဲ့အခါ ဝင်ငွေများတဲ့ နိုင်ငံနဲ့ ဝင်ငွေနည်းတဲ့ နိုင်ငံတွေများအကြား ကုန်သွယ်မှုဆက်ဆံရေးတွေ ရေရှည်မှာ ပျက်စီးလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်လုပ်ငန်း ရောင်းဝယ်ဖောက်ကားမှု လည်ပတ်နေနိုင်ဖို့ ဒီလို စွန့်လွှတ်လိုက်ရတာတွေလည်း ရှိနိုင်ပါတယ်။
အခုလို မသေချာတဲ့ ကပ်ရောဂါအခြေအနေ အပြင် ပထဝီဝင် စီးပွားရေး အနေအထား နှင့် ရာသီဥတု အခြေအနေတွေကလည်း supply chainကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှု ဦးတည်ချက်ကနေ ကိုယ့်နိုင်ငံကိုဘဲဦးတည်ထားပြီး supply chain ပုံစံ
ပြောင်းလဲလာဖို့ ဖြစ်နိုင်ချေအများကြီး ရှိနိုင်ပါတယ်။
5. With the right action, new growth markets could emerge
တီထွင်ဆန်းသစ်မှုတွေက ဒီကပ်ရောဂါကြီးရဲ့ သက်ရောက်မှုတွေ၊ မမျှမတခံစားနေရမှုတွေ၊ ရာသီဥတုဘေးဒဏ်တွေကို ကျော်လွှားနိုင်ဖို့ အရမ်းကိုအရေးပါ,ပါတယ်။
အခုချိန်မှာ စီးပွားရေးကျဆင်းမှုကို တွေကိုလည်း တွေ့ကြုံနေရပါတယ်။
အစိုးရက ခိုင်မာတဲ့တီထွင်မှုတွေနဲ့ မှန်ကန်တဲ့လမ်းကြောင်းကို စီးပွားရေးတိုးတက်မှုဝါဒီအနေနဲ့ ထည့်သွင်းပေးနိုင်ပါတယ်။
ဒါပေမယ့် (all sectors) အခန်းကဏ္ဍတိုင်း နက်ရှိုင်းတဲ့ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ ဖြစ်နိုင်တာကတော့ လက်ရှိကဏ္ဍတွေနဲ့ စျေးကွက် အသစ်တွေ ပြန်လည်ဖော်ဆောင် တည်ဆောက်ရာမှာ အများပိုင် နဲ့ ပုဂ္ဂလိကပိုင် အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ပြီး အစိုးရကလည်းတက်ကြွစွာ ပါဝင်ဖို့ လိုအပ်ပါတယ်။
Green energy လို့ခေါ်တဲ့ သဘာဝစွမ်းအင် ကိုအသုံးပြုမှုတွေ ၊ Circular economy လို့ခေါ်တဲ့ (ပစ္စည်း အဆင့်ဆင့်ထုတ်လုပ်မယ်၊ စာသုံးသူဆီရောက်မယ်၊ အသုံးပြုမယ်၊ ပြီးရင် စွန့်ပစ်မယ်။ အဲ့ကနေ တစ်ဖန် recycle (ပြန်သုံး) လို့ရတာအသုံးပြုမယ်၊ စွန့်ပစ်သင့်တာ စွန့်ပစ်မယ် )စတဲ့ နည်းလမ်းတွေ ပိုပြီး တိုးတက်လာအုံးမှာပါ။
ယနေ့ခေတ် လူမှုအဖွဲ့အစည်းဟာ ပို၍ကောင်းမွန်သော ပြောင်းလဲမှုတွေဆီ ရောက်ရှိနိုင်ဖို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိနေပါတော့တယ်။
ကောင်းမွန်တဲ့ အနာဂတ် ကို ပိုင်ဆိုင်နိုင်ဖို့ အခက်အခဲတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ် ကြရအောင်လား။
အားလုံးဘဲ အလုပ်အကိုင် အဆင်ပြေပြီး ကျန်းမာ ချမ်းသာ အေးချမ်းစွာ ဘဝကို လျှောက်လှမ်းနိုင်ကြပါစေ။

Comments
Post a Comment