ပြဿနာတွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်းကြမလဲ ?
အားလုံးဘဲ မင်္ဂလာပါ။
မျိုးတို့ရဲ့ နေ့စဥ်ဘဝမှာ ပြဿနာ တစ်ခု မဟုတ်တစ်ခုနဲ့ ကြုံတွေ့နေ ရစမြဲပါ။
ပြဿနာ တစ်ခုခု ဖြစ်လာပြီ ဆိုတာနဲ့ အဲ့ပြဿနာက မျိုးတို့ရဲ့ ဘဝတစ်ခုလုံးကို ဖုံးလွှမ်းသွားသလိုခံစားရပါတယ်။
မျိုးဆို ပြဿနာ တစ်ခုခု ဖြစ်ပြီဆိုရင် အဲ့တစ်နေ့လုံး လူကမှိုင်ပြီး ငိုချင်သလိုလိုနဲ့ နေရတာအဆင်မပြေပါဘူး။
ဒါပေမယ့် ပြဿနာတွေ ဖြစ်တိုင်း စိတ်ညစ်နေဖို့ မလိုပါဘူး။ ဖြေရှင်းတတ်ဖို့ဘဲ လိုအပ်ပါတယ်
။
ဒီတော့ Beatrix ကနေ ပြီးတော့ ပြဿနာတွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်းကြမလဲ ဆိုတဲ့အကြောင်းကို ဆွေးနွေးကြရအောင်။
၁
ကိုယ့် ပြဿနာကို လက်ခံပါ။
ပြဿနာကို ရှောင်ပြေးနေတာက ကောင်းသောဖြေရှင်းနည်း မဟုတ်ပါဘူး။🙅♀
ကိုယ့်ကိုကိုယ် ပြဿနာမရှိဘူး ထင်နေပေမယ့် အများက ဒီအရာက ပြဿနာ ဖြစ်နေပါတယ် လို့ ပြောရင် အဲ့အရာက ဘာကြောင့် ဖြစ်နေတာလဲ ဆိုတာ မြင်အောင်ကြည့်ပြီး လက်ခံပါ။
ဥပမာ-ကိုယ်လုပ်တာက မှန်တယ်လို့ ထင်နေပေမယ့် အများအမြင်မှာ မှားနေတာလည်းဖြစ်တတ်တာမို့ အများအမြင်ကိုလည်း သိအောင်ကြိုးစားပါ။
၂
ပြဿနာကို ပုံကြီးချဲ့ပြီး မတွေးပါနဲ။🙅♀
ဥပမာ-အတန်းမှာ စာမေးပွဲလေး ကျရုံလောက်နဲ့ ငါဒီတစ်သက် အလုပ်ကောင်း မရလောက်တော့ဘူးလို့ တွေးတတ်တာမျိုးပေါ့။
၃
ပြဿနာရဲ့ အရင်းအမြစ်ကိုရှာဖွေပါ။
ပြဿနာတစ်ခု ဖြစ်ပြီ ဆိုတာနဲ့ ဘယ်အချိန် ဘယ်နေရာမှာ စဖြစ်တယ်ဆိုတဲ့ နောက်ကြောင်းကိုလိုက်ပါ။ ပြန်လည် သုံးသပ်ပါ ။ဖြေရှင်းလို့ရမယ့် အဖြေတစ်ခု ပေါ်လာပါလိမ့်မယ်။
ဥပမာ-အဖေကတာဝန်အရ နယ်ပြောင်းရလို့ ကျောင်းအသစ်ရောက်တော့ အမှတ်တွေကျပါရော။ ဒါဟာ သင်ညံ့လို့ ဖြစ်တာ မဟုတ်ပါဘူး။ ဒီလိုဖြစ်ရတာဟာ ကျောင်းအသစ်နဲ့အသားမကျလို့ဖြစ်နိုင်ပါတယ်။
၄
ပြဿနာတိုင်းဟာ ပြဿနာမဟုတ်ဘူး။
ဥပမာ- လူတွေဟာ ဗိုက်ဆာတတ်တဲ့ ပြဿနာကို နေ့စဥ်နှင့်အမျှ ဖြေရှင်းနေကြရပါတယ်။ လုပ်ရိုးလုပ်စဥ်ဖြစ်လာတဲ့အခါ ပြဿနာလို့ မမြင်
ကြတော့ပါဘူး။ တချို့ ပြဿနာတွေဟာ လုပ်ရပ်တစ်ခုခု မှားယွင်းနေလို့ ဖြစ်ပေါ်နေတာ ဖြစ်လို့ ပုံကြီးချဲ့နေစရာမလိုပါဘူး။
ဥပမာ-ကျောင်းနောက်ကျတယ်ဆိုရင် ကိုယ့်ရဲ့အိပ်ရာထ နောက်ကျတတ်တဲ့ အကျင့်ကို ပြင်မယ်။ မဖြစ်မနေ စောစောသွားရမယ်ဆိုရင် တက္ကစီ ပြောင်းစီး လိုက်တာတို့ပေါ့။
၅
စိန်ခေါ်မှုတွေကို ကြိုဆိုပါ။
ပြဿနာတွေကို အဆိုးဘက်က နေချည်းဘဲ
မကြည့်ပါနဲ့။ အကောင်းဘက် ကနေလည်း မြင်အောင် ကြည့်ပါ။
ဥပမာ-စာမေးပွဲ ကျသွားတဲ့အခါ စိတ်ဓါတ်ကျမနေဘဲ ငါကြိုးစားမှု အားနည်းလို့ ဒီလိုဖြစ်ရတာလို့ ဆင်ခြေသုံးသပ်ပြီး နောက်အဲ့လိုထပ်မဖြစ်တော့အောင် အပီအပြင်ကြိုးစားပါ။ အမှားတွေကနေသင်ယူပါ။
၁
ကိုယ် ကြုံတွေ့နေရတဲ့ ပြဿနာတွေ ကို စာအုပ်မှာ ချရေးပါ။
ဒီလိုပြုလုပ်ခြင်းက သင့်မှာပြဿနာ ရှိနေတယ် ဆိုတာကို သတိပေးသလိုဖြစ်ပြီး ဖြေရှင်းချင်စိတ်ဖြစ်လာအောင် ကူညီပေးပါလိမ့်မယ်။
၂
ကိုယ့်ရဲ့ ပြဿနာတွေ အကြောင်း ယုံကြည်ရသူတွေကို ရင်ဖွင့်ပါ။
ဒီလို ပြုလုပ်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး ကိုယ့်ပြဿနာကို ဖြေရှင်းနိုင်မယ့် အကြံဉာဏ်ကောင်းများလည်း ရရှိနိုင်ပါတယ်။
၃
ကိုယ့်ရဲ့ စိတ်ခံစားချက် တွေကို နားလည်ပါ။
သင့်ရဲ့ စိတ်ခံစားချက်တွေက သင်ပြဿနာကို ဘယ်လိုတွေ ဖြေရှင်းနေလဲဆိုတာ ပြသပါတယ်။ ပြဿနာဆိုတာ ခေါင်းအေးအေးထားပြီး ဖြေရှင်းရမယ့်အရာပါ။ သင့်ခံစားချက်တွေက သင်ပြဿနာတွေ ရင်ဆိုင်နေရတယ် ဆိုတာကို သတိပေးနေသလိုပါဘဲ။
ပြဿနာစဖြစ်ချိန်မှာ သင်စိတ်ကြိုက် ပေါက်ကွဲပါ။ ငိုချင်ရင်လည်း ဝအောင်ငိုချလိုက်ပါ။ ပြီးတာနဲ့ စိတ်ကို လျှော့ချပြီး အသက်ကို ဝဝရှူပါ။ တစ် ကနေ တစ်ဆယ် ထိရေတွက်ပြီး အသံကိုလျှော့ချကာ "အရာအားလုံးအဆင်ပြေသွားမှာပါလို့"ကိုယ့်ကိုကိုယ်ပြောပါ။
ခေါင်းအေးအေး နဲ့ ရင်ဆိုင် ဖြေရှင်းမှု စတင်ပါ။
၁
ကိုယ့်လို တူညီတဲ့ပြဿနာ ကြုံခဲ့ဖူးသူတွေကို ရှာဖွေပါ။ ဆွေးနွေးတိုင်ပင်ပါ။
၂
မိဘ၊ ဆရာသမားစသဖြင့် ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။
ဥပမာ-ကိုယ်က ပညာရေးနဲ့ ပတ်သက်ပြီး အခက်အခဲကြုံ နေရတာဆိုရင် အဲ့နယ်ပယ်မှာကျွမ်းကျင်သူတွေ နဲ့တိုင်ပင်ပါ။
၃
ကိုယ့်ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် သူကိုရှာဖွေပါ။
ဥပမာ-ကိုယ်က အရက်စွဲနေလို့ အရက်ဖြတ်ချင်
တယ်ဆိုရင် အရင်က အရက်ဖြတ်ခဲ့ဖူးသူ တွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာကိုမေးပါ။
၄
ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေအများကြီး ရှာဖွေပါ။
ကိုယ် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရေးချပါ။
ဘယ်ကနေ စဖြေရှင်းရမလဲ စဥ်းစားပါ။
ဘယ်သူ့တွေကို အကူအညီတောင်း သင့်သလဲ။
ဖြေရှင်းဖို့ ဘာတွေ လိုအပ်သလဲ ... စသဖြင့် စိတ်ထဲက ပေါ်လာသမျှကို ရေးချပြီး
အဲ့ထဲကမှ အကောင်းဆုံး နည်းလမ်း များကို ရွေးချယ်ပါ။
ဖြေရှင်းတဲ့ နည်းလမ်း ရွေးချယ်ရာမှာ တစ်ခုဘဲ
မရွေးချယ်ပါနဲ့🙅♀။
Plan A, B, C စသဖြင့် အရံထားပါ။ကိုယ် ရွေးချယ်ထားတဲ့ နည်းလမ်းရဲ့ကောင်းကျိုး ဆိုးကျိုးများကိုပါ ထည့်သွင်း စဥ်းစားပါ။ အများအမြင်များကိုလည်း နားထောင်ပါ။
အခုဆို သူငယ်ချင်းတို့လည်း ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ဘယ်လို ပြုမူရမလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။
အားလုံးဘဲ ပြဿနာမှန်သမျှ ဖြေရှင်းနိုင်သူတွေ ဖြစ်ကြပါစေ

Comments
Post a Comment