ကိုယ့်ကိုကိုယ် အထင်သေးတတ်တဲ့ စိတ်ကိုဖျောက်ကြရအောင် ... 🙌❤

 

ကိုယ့်ကိုကိုယ် အထင်သေးလွန်းတဲ့စိတ်၊ အထင်ကြီးပြီး ယုံကြည်မှု လွန်ကဲတဲ့စိတ် စသဖြင့်အဲ့လိုစိတ်ထားနဲ့ လူမျိုးတွေကို ပတ်ဝန်းကျင်မှာတွေ့မြင်ကြရမှာပါ။ဒါပေမယ့် ဒီလိုစိတ်ထားမျိုးတွေက ရှိနေဖို့မသင့်ပါဘူး။😞

တခြားသူတွေ အပေါ် အထင်တွေကြီးပြီး ကိုယ့်ကိုကိုယ်လျော့တွက်ပြီး အားငယ်နေတာမျိုး၊ တခြားသူကို အထင်အမြင်သေးပြီး ကိုယ့်ကိုကိုယ် အထင်တွေစွတ်ကြီးပြီး ယုံကြည်မှုတွေ လွန်ကဲနေတာမျိုးစတဲ့စိတ်ထားမျိုးတွေကို စာရေးသူကတော့ မရှိစေချင်ပါဘူး။🙅‍♀️
စာဖတ်သူတွေကို စိတ်ထဲမှာ မှတ်သားထားစေချင်တာကတော့ လူတိုင်းမှာ မတူညီတဲ့ အရည်အချင်းတွေရှိပါတယ်။ ကိုယ်က ဘယ်ဘက်မှာ အားသာလဲ၊ ဘယ်နေရာတွေမှာ ထူးချွန်လဲ၊စသဖြင့် သူများကိုလိုက်ကြည့်နေမယ့် အစား ကိုယ့်ကိုကိုယ် အရင်နားလည်အောင် ကြိုးစားပြီး နေထိုင်စေချင်ပါတယ်။🤗
အခုရေးသားဖော်ပြသွားမယ့် အချက်(၈)ချက်နဲ့ စာဖတ်သူတွေ ကြုံတွေ့နေရတာနဲ့ တိုက်ဆိုင်နေမယ် ဆိုရင် စာဖတ်သူလေးတွေက ကိုယ့်ကိုကိုယ်လျော့တွက်နေမိပါပြီလို့ သတိပေးစေချင်ပါတယ်။🚨
အဲ့(၈)ချက်ကဘာတွေလဲကြည့်လိုက်ကြရအောင်။👇
၁# ကိုယ့်ကိုကိုယ် သူများအကြံဉာဏ်ဘဲ နားထောင်နေရတယ်၊သူများအကူအညီတွေဘဲ ရယူနေရတယ်လို့ အားငယ်ခံစားမိလာတာမျိုး
မျိုးတို့ဘဝမှာ ကိုယ့်ဘာသာကိုယ် စဥ်းစား ဆုံးဖြတ်ရတာတွေ လည်းရှိသလို တစ်ပါးသူရဲ့အကြံပေးစကားတွေကို နားထောင်တတ်ဖို့လည်းလိုပါတယ်။ ဘာလို့ဆို တခြားသူတွေက ကိုယ့်လုပ်ရပ်က မှန်သလား၊ မှားသလား သိမြင်အကဲခတ် နိုင်ကြလို့ပါ။ နောက်ပြီး တချို့သော အခွင့်အရေးတွေက တခြားသူတွေကြောင့် ရခဲ့ရတယ်ဆိုတာလည်း မမေ့ပါနဲ့။💁‍♀️
ကိုယ့်ကိုကိုယ် လျော့တွက်တတ်တဲ့ အကျင့်က မကောင်းတဲ့အရာ ဆိုတာလည်း အမြဲတမ်းအတွက် မမှန်ပါဘူး။လူဆိုတာ အမြဲတမ်းမပြည့်စုံနေနိုင်ဘူးလေ။ အားနည်းချက်တွေ အမှားတွေကို သုံးသပ်ပြုပြင်နေဖို့လည်း လိုတာပေါ့။🙌
၂# ကိုယ့်ရဲ့ skill တွေ အရည်အချင်းတွေကို ပြသဖို့ ခက်ခဲတဲ့ အချိန်တွေနဲ့ ရင်ဆိုင်နေရတာမျိုး။
တခြားသူတွေ လုပ်ဆောင်နေကြတာကို ကြည့်ပြီး ကိုယ့်အရည်အချင်းပေါ် သံသယတွေ ဝင်လာပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်အစွမ်းအစ ကို မထုတ်ဖော်မပြသနိုင်တော့ဘဲ တစ်ခါတစ်လေ အားငယ်စိတ်တွေ ဝင်ဖူးကြပါသလား။
ကိုယ့်ရဲ့ အစွမ်းအစကို လျော့မတွက်ပါနဲ့နော်။ ယုံကြည်ချက် ခိုင်ခိုင်မာမာထားပြီး ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့အပိုင်းမှာ ပါဝင်လုပ်ဆောင်ကြမယ်ဆိုရင် အသင်းအဖွဲ့နဲ့လုပ်ဆောင်ရတဲ့ ကိစ္စရပ်တွေတော်တော်များများမှာတောင် အောင်မြင်ကြတာ စာဖတ်သူတွေလည်း တွေ့ကြမှာပါ။🤩
၃# တခြားသူတွေကိုဘဲ အမြဲ ဦးစားပေးတတ်တယ်
တခြားသူတွေကို ဦးစားပေးတတ်တာက အံ့သြစရာ ကောင်းလောက်တဲ့ ကိုယ့်ကိုကိုယ် နှိမ့်ချတတ်တဲ့ မွန်မြတ်တဲ့ စိတ်ထားလေးပေါ့။
ဒါပေမယ့် နောက်ထပ် ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုကတော့ ကိုယ်က တခြားသူတွေ နဲ့အလားတူ မတော်ဘူး၊ မတတ်ဘူး၊ တွေးမှတ်ထားလို့လည်းဖြစ်နိုင်ပါတယ်။🤔
ကိုယ်နဲ့ ထိုက်တန်တဲ့ အရာတွေ၊အောင်မြင်နိုင်တဲ့ အရည်အချင်းတွေ အပေါ် သံသယရှိလို့ အခြားသူတွေကို ဦးဆောင်ခွင့် ပေးလိုက်တာမျိုး၊ ထောက်ပံ့အားပေးလိုက်တာမျိုးပေါ့။
ဒီအချက်ကတော့ စာရေးသူနဲ့ အကိုက်ဆုံးအချက်ပါ။😂
၄# ကိုယ်ကextrovert တစ်ယောက်ဖြစ်နေရင်တောင် လူတွေအနားမှာ နေရတာ ကြောက်ရွံ့လာတာမျိုး။
ဥပမာ- ကိုယ်က ကုမ္ပဏီတစ်ခုမှာ လူအများနဲ့အလုပ်လုပ်ရတာ နှစ်သက်တယ်။ ဒါပေမယ့် ငါကများ သူတို့မျှော်လင့်နေသလို လိုချင်သလို အကောင်းဆုံး လုပ်နိုင်ပါ့မလား။ ငါသာ သူတို့နဲ့ နီးနီးကပ်ကပ်နေမယ်ဆိုရင် ငါ့ရဲ့အားနည်းချက်တွေကို သူတို့သိသွားနိုင်တယ်လို့ တွေးမိတာမျိုးတွေရှိပါလိမ့်မယ်။
အဲ့လိုနဲ့ ကုမ္ပဏီကပြုလုပ်တဲ့ပွဲတွေ၊ အခြားသော socialကျကျ လုပ်ဆောင်ရတဲ့အလုပ်တွေ (ဥပမာ-ဖုန်းခေါ်ဆိုမှုမျိုးတွေ) ကို ပြုလုပ်ရတာတွေ ကို မနှစ်သက်တော့တာတွေ ဖြစ်လာကြပါတော့တယ်။
စာရေးသူဆိုရင် အရင်က လူအများနဲ့ volunteerတွေ လုပ်ရင် ကိုယ်မသိတဲ့သူတွေချည်းဘဲ ဆိုရင် စကားသိပ်မပြောဘူး။ ကိုယ်ပြောတဲ့စကားတွေ လုပ်ကိုင်တာတွေမှာရော အမှားပါသွားမှာ အရမ်းကြောက်တယ်။😞
၅# သူများလမ်းကြောင်းချပေးမှ လုပ်တာမျိုး။
သူများတွေက ဘာလုပ်ဘာလုပ်ပြောမှ၊ တာဝန်ခွဲပေးမှ လုပ်တာမျိုး၊ ကိုယ်ကိုယ်တိုင်"ကျွန်မကဘယ်အပိုင်းမှာ ကျွမ်းကျင်ပါတယ်။ ဘယ်အပိုင်းမှာ တာဝန်ယူပါမယ်" လို့ မပြောဆိုဘဲ ပုံစံခွက်အတိုင်းသွားကြတာမျိုးတွေပေါ့။
နောက်ဆန့်ကျင်ဖက်တစ်ခုက ကိုယ်ကဘယ်အရာတွေကို လုပ်သင့်တယ်၊ ဘာတွေ လုပ်နိုင်လဲဆိုတာ သေချာမသိကြတာမျိုးပေါ့။ အချိန်နဲ့ပတ်သက်ပြီးတော့လည်း အရေးမထားကြတော့ဘူး။ ဘာလို့ဆို သူတို့အတွက် ဘယ်ဟာကမှ အရေးမကြီးဘူးလို့ ထင်သွားကြလို့ပေါ့။
၆# အခြားသူတွေကိုဘဲ အားကျနေတတ်တာမျိုး
အခု ဖြစ်နေတတ်တာက တခြားသူတွေ တစ်ခုခုကို အောင်မြင်အောင် လုပ်နိုင်သွားရင် ဝမ်းသာတယ်။ အားကျမှု လွန်ကဲသွားတော့ မနာလိုမှုတစ်ခုအဖြစ် ပြောင်းလဲသွားရော။ တခြားသူကို မနာလိုဖြစ်တယ်ဆိုတာက ကိုယ့်ကိုကိုယ် သိမ်ငယ်နေသလို ခံစားနေရလို့ပါတဲ့။ စာရေးသူမှာလည်း သိမ်ငယ်သလို ခံစားခဲ့ရတဲ့ အချိန်တွေမှ အများကြီးပါ။😞
ဒါကလည်း ပတ်ဝန်းကျင် နဲ့ ဆိုင်ပြန်ပါတယ်။ အဘက်ဘက်က ပြည့်စုံတဲ့သူ၊ ချမ်းသာတဲ့သူ၊ စာတော်တဲ့သူကိုမှ လူလို့ထင်တတ်ကြတဲ့ ၊ ခွဲခြားဆက်ဆံတတ် ကြတဲ့ သူတွေက ရှိနေသေးတာကိုး။
ဒါကြောင့် ဒီလိုစာတွေကို လူအများသိအောင် အားတက်လာအောင် ရေးနေတာပေါ့။ ပြောချင်တာက တခြားသူတွေကို အားကျနေတာမျိုးဘဲ
မလုပ်နေဘဲ တစ်ခုခုမှာ ထူးချွန်အောင်ကြိုးစားပါလို့😘
၇# ဆုံးဖြတ်ချက်မပြတ်သားတော့ဘူး။
ကိုယ့်ကိုကိုယ် အထင်သေး ယုံကြည်မှုမရှိတော့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာလည်း မချနိုင်တော့ဘူး။ ခေါင်းဆောင်နေရာ ရောက်တဲ့အခါ လက်အောက်ငယ်သားတွေရဲ့ ဝေဖန်မှုကို ခံရလာနိုင်ပါတယ်။ ကိုယ့်အပေါ် ယုံကြည်မှုလည်း နည်းသွားကြရောပေါ့။😓
၈# ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်မရှိတာ။
ကိုယ့်က ဘယ်နေရာမှာ တော်မှန်းလည်း မသိတော့ ရည်မှန်းချက်လည်း မရှိတော့။
ရည်မှန်းချက် မရှိတော့ ဘယ်ကနေ ဘယ်လိုစလုပ်ရမလဲ မသိဘဲ လမ်းပျောက်နေပြီး ဘာမှမလုပ်နိုင်တဲ့ လူတစ်ယောက်လို ခံစားမိပြီး ယုံကြည်မှုတွေ ပျောက်ဆုံး သွားနိုင်ပါတယ်။
ကိုယ့်အားနည်းချက် အားသာချက်ကို သိအောင်ကြိုးစားပြီး ရေရှည်ပန်းတိုင် မထားနိုင်သေးရင်တောင် ရေတိုပန်းတိုင်လေးတွေ ထားကြည့်ပြီး ကြိုးစား လုပ်ဆောင်ကြည့်ပါ။🙌
ကိုယ့်ကိုကိုယ် အထင်သေး လျော့တွက်တတ်တဲ့ စိတ်ဓါတ်မရှိတော့အောင်၊ကိုယ့်အပေါ်အထင်သေးကြတဲ့သူတွေရော မရှိတော့အောင် ဘယ်လိုနေထိုင်ကြမလဲ။🤔
💁‍♀️ကိစ္စတစ်ခုခု အောင်မြင်အောင် ဆောင်ရွက်ပြီးသွားတိုင်း ကိုယ့်ကိုကိုယ် ချီးမွမ်းပါ။ ဂုဏ်ပြုပါ။
စာရေးသူဆိုရင် ကျောင်းတွင်း presentation တွေ final projectတွေ ပြီးသွားတိုင်း ကိုယ့်ကိုကိုယ်ဂုဏ်ပြုတဲ့အနေနဲ့ ဟမ်ဘာဂါတွေ၊ hotpotတွေ သွားစားလေ့ရှိပါတယ်။😋
💁‍♀️စိတ်ဓါတ်ကျ သိမ်ငယ်သလို ခံစားရတိုင်း ကိုယ်အရင်က အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေကိုစဥ်းစားပါ။ (ဘယ်လောက်ပင်သေးငယ်တဲ့ကိစ္စဖြစ်နေပါစေ)
💁‍♀️ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနေပါ။
ယုံကြည်မှုရှိရှိလမ်းလျှောက်တာတို့၊ စမတ်ကျကျနေတာတို့ပေါ့။
ကိုယ့်ကိုကိုယ် လှအောင် အစွမ်းကုန်ပြင်ထားတဲ့နေ့၊ ကိုယ့်ကိုကိုယ်လှနေတယ်၊ စတိုင်လ်ကျနေတယ်လို့ ခံစားရတဲ့နေ့တွေဆိုရင် ဘာလုပ်လုပ်အဆင်ပြေချောမွေ့ပြီး၊ လူအများရှေ့သတ္တိရှိရှိသွားလာရဲတယ်မဟုတ်ပါလား။
💁‍♀️နောက်ပြီး အကောင်းမြင်စိတ် ရှိတဲ့သူတွေနဲ့ဘဲနေပါ။ ကိုယ့်ရဲ့ အခက်အခဲကို နားလည်ပေးနိုင်တဲ့သူတွေကို ရင်ဖွင့်ပြီးဆွေးနွေးတိုင်ပင်ပါ။
ကိုယ့်အကြောင်း ကိုယ်သာ အသိဆုံးမို့ အစွမ်းကုန်ကြိုးစားပြီး..
ကိုယ့်ကို အထင်သေးနေတဲ့သူတွေကို..သူတို့မှားနေကြောင်း သက်သေပြကြပါစို့။💪
အားလုံးဘဲ ဘဝမှာ ထူးချွန်ထက်မြက်တဲ့ သူတွေ ဖြစ်ကြပါစေ။👏

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱