Content Writer အလုပ်ဟာ လွယ်ကူပါ သလား ... ?

မိတ်ဆွေဟာ အောင်မြင်တဲ့ Content ရေးသူ တစ်ယောက်ဖြစ်ဖို့ ကြိုစားနေတယ်ဆိုရင် လိုအပ်တဲ့ skill တွေသိရအောင် ဒီစာကို ဆုံးအောင်ဖတ်ပေးပါ။🤗

အောင်မြင်တဲ့ စာရေးသူဖြစ်ဖို့ကာ အရင်ဆုံး စာဖတ်အားကောင်းသူ တစ်ယောက် ဖြစ်အောင်ကြိုးစားရပါမယ်။📚
အောင်မြင်တဲ့ Content Writerတွေ ဘဝဟာ သိပ်အားကျစရာကောင်းတယ်လို့ သင်မြင်ပါလိမ့်မယ်။ ဟုတ်ပါတယ်။သူတို့တွေဟာ အိမ်ကနေအလုပ်လုပ်ရုံပါဘဲ။ ကိုယ်ပိုင် အလုပ်ချိန်ဇယားလည်း ဆွဲလို့ရပါသေးတယ်။
ဒါပေမယ့် သူတို့တွေ contentတစ်ပုဒ်ရလာဖို့ ဘယ်လိုတွေကြိုးစားရလဲဆိုတာ သင်သိပါသလား👋
သူတို့ဟာ တစ်နေကုန် website တွေမှာ research တွေ လုပ်နေရတာနဲ့ အချိန်ကုန်သွားကြရပါတယ်။ ဦးနှောက်ကိုလည်း အရမ်းအလုပ်ပေးရပါတယ်။ တစ်နေကုန် ထိုင်နေရလို့ သူတို့မှာ စိတ်ရောလူပါ ပင်ပန်းကြရပါတယ်။ လူတွေမှာ စာဖတ်ပျင်းကြသူတွေ ပေါများပါတယ်။ ဒီလိုလူတွေကိုပါ ဆွဲဆောင်နိုင်ဖို့ အများကြီးကြိုးစားရေးသားကြရပါတယ်။
တချို့ content writer အလုပ်ခေါ်စာတွေမှာ Content Writer တွေရှိရမယ့် skillတွေ ဖော်ပြပြီး အလုပ်ခေါ်ကြတာထက် အသုပ်စုံလို အလုပ်တာဝန်တွေ ရောထွေးစွာ ဖော်ပြပြီး ခေါ်ယူနေကြတာတွေ့ရပါတယ်။😩
ဒီကနေ့မှာတော့ Beatrix ကနေပြီးတော့ အောင်မြင်တဲ့ Content ရေးသူဖြစ်လာဖို့ လိုအပ်တဲ့ skillတွေကို ဖော်ပြပေးလိုက်ပါတယ်။🥳
Content ရေးရာမှာ အရေးအသားကောင်းမွန်ဖို့က အရမ်းအရေးကြီးပါတယ်။ စာရေးသားရာမှာ စာအမျိုးအစားအလိုက် အရေးအသားပုံစံတွေ ပြောင်းလဲသွားကြပါတယ်။🖋
ဥပမာ- သတင်းတွေဆို AP Style(ဖော်ပြမယ့် သတင်းတွေရဲ့ guidelineလေးတွေ ချထားပေးတာတို့) Bloggingတွေဆို စိတ်ဝင်စားဖွယ် ဖြစ်ရမယ်။ ဖော်ဖော်ရွေရွေ ပုံစံလေး ရေးသားထားရမယ်။ ကိုယ့်အမြင်လေး တွေကို ဖော်ပြရေးသား ထားရမယ်။
အစိုးရ အစီအရင်ခံစာဆို စာရှည်ပြီး ဖြစ်ပေါ်နေတဲ့ပြဿနာတွေအကြောင်း ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့ အကြောင်းအရာတွေ ရေးသားကြရပါတယ်။📃
ဒီလို အရေးအသားတွေ ကွဲပြားသွားကြပေမယ့် ဒါတွေ အားလုံးဟာ contentအမျိုးအစားတွေပါဘဲ။ ကျွမ်းကျင်တဲ့ စာရေးသူတွေက နေရာဒေသလိုက်ပြီး ဆွဲဆောင်မှုရှိအောင်ပြောင်းလဲ ရေးသားသွားကြတာပါ။😮
အောင်မြင်တဲ့ Content ရေးသူတွေ ဟာ ကြုံရာကျပန်း အကြောင်းအရာတွေကို မရွေးချယ်မရေးသားတတ်ကြပါဘူး။ တစ်ခုခုကို သေချာလေ့လာ စိစစ်ပြီးသွားမှ အဲ့
အကြောင်းအရာကို ဘယ်လိုခေါင်းစဥ်နဲ့ ဘယ်လိုဘယ်ပုံ ရေးသားရမယ်ဆိုပြီး ဆုံးဖြတ် ရေးသားကြပါတယ်။🧐
အောင်မြင်တဲ့ Content ရေးသူတွေဟာ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အရေးအသား နဲ့ရေးတတ်ကြပါတယ်။ရေးသားတဲ့ အကြောင်းအရာ တူနေရင်တောင် ပိုထူးခြားပြီး သူများနဲ့မတူအောင် ရေးတတ်ကြပါတယ်။👏
အထူးသဖြင့် Freelance writer တွေဟာ ကိုယ်ပိုင် idea နဲ့ ရေးသားကြ ရပါတယ်။ ဒီလို ရေးသားနိုင်ဖို့ ကိုယ့်ရဲ့ စာဖတ်သူတွေ၊ ဖောက်သည်တွေ အကြောင်း သိထားရပါမယ်။ သူတို့ ဘာတွေကို ဖတ်ချင်ကြတာလဲ ဆိုတာ သိပြီဆိုရင်တော့ သူတို့လိုချင်တဲ့ ပုံစံအတိုင်း သင်က ဆွဲဆောင်မှုရှိရှိ ရေးပေးရပါမယ်။
စာရေးတယ် ဆိုတာက ကိုယ့်အတွက်လည်း မဟုတ်သလို ကုမ္ပဏီအတွက်လည်း မဟုတ်ပါဘူး။ Brand အတွက်လည်း မဟုတ်ပါဘူး။ စာဖတ်သူတွေ ဖောက်သည်တွေအတွက် ရေးသားတာပါ။🥰
ကိုယ့်ပြိုင်ဘက်ရဲ့ အရေးအသားတွေ ကိုလည်း လေ့လာပါ။ဒီလို လေ့လာခြင်းက သင့်ကို သတင်းအချက်အလက်များစွာ ရစေပါတယ်။ကိုယ့်ပြိုင်ဘက် ဘယ်လိုပုံစံ ရေးသားတယ်။ဘယ်သူ့ဆီကနေ လေ့လာသင်ယူတယ် စတာတွေကိုသိရှိရနိုင်ပါတယ်။🙌
Content Writer တွေဟာ Social Media Specialist တွေဖြစ်ကြပါတယ်။
Social Mediaပေါ် မှာ ကိုယ်က ပို activeဖြစ်လေလေ follower တွေက ပိုများလာပြီး ကိုယ့်စာတွေကို တခြားသူတွေကိုပါ ညွှန်းပေးလာလေလေပါဘဲ။👉
အောင်မြင်တဲ့ Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် အရင်ဦးဆုံး ကိုယ့်နာမည်ကို စာဖတ်သူတွေ သတိထားမိဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အရေးအသားကို လူသိများလာဖို့ ဟာသလေးတွေ ရောနှောရေးသားပါ။ ဟာသတွေ ရေးသားတတ်တာကလည်း ပညာတစ်ခုပါဘဲ။🤗
ကိုယ့်ရဲ့ စာဖတ်ပရိတ်သတ်တွေကို စုဆောင်းပါ။ထုတ်ဝေသူတွေနဲ့ ဆက်သွယ်ပါ။ Content Marketer ဆိုရင် စက်ရုံအလုပ်ရုံကသူတွေနဲ့ ဆက်သွယ်ပြောဆိုပါ။ဒါမှ ကိုယ့်အရေးအသားတွေကို သတိထားမိပြီး အလုပ်လာအပ်ပါလိမ့်မယ်။👌
နောက်တစ်ခု အရေးကြီးတာက စိတ်ရှည်ရှည်နဲ့Research skill ကောင်းမွန်ဖို့ပါဘဲ။
ကိုယ်ရေးသားတဲ့ အကြောင်းအရာက မှန်ကန်နေဖို့ ဘက်ပေါင်းစုံကနေ လေ့လာစိစစ် ရှာဖွေနေဖို့လိုအပ်ပါတယ်။
လက်ရှိကာလမှာ နာမည်ကြီးနေတဲ့ ကိစ္စရပ်တွေအဖြစ်အပျက်တွေကို လေ့လာပြီး ကိုယ့် Content ကိုလည်း ပြုပြင်မွမ်းမံနေဖို့ လိုအပ်ပါတယ်။
Content ရေးသူတစ်ယောက်ဟာ ကိုယ်ရေးချင်တဲ့အကြောင်းအရာကို သေချာသိရှိပြီး ရှင်းလင်းပြတ်သားစွာ ရေးတတ်ဖို့လိုပါတယ်။
👉စာဖတ်သူတွေ နားလည်လွယ်အောင်ရေးသားတတ်ပါစေ။
👉စာရေးသားရာမှာ အမူအရာပုံစံလေးတွေပါအောင် Emoji လေးတွေထည့်ဖို့လည်းမမေ့ပါနဲ့နော်။😉
၁။ကိုယ့်စာဖတ်သူ နဲ့ တိုက်ရိုက်စကား ပြောနေသလိုရေးပါ။
၂။ဖတ်လိုက်တာနဲ့ စာရေးသူဟာ တက်တက်ကြွကြွပြောဆိုထားတယ် လို့ ခံစားမိလာအောင် ရေးသားပါ။
၃။စာလုံးပေါင်း၊ သတ်ပုံ၊ ဝါကျအထားအသိုမှန်ပါစေ။
Content Writer တွေဟာ Marketing ပိုင်း မှာလည်း ကျွမ်းကျင်ပိုင်နိုင်ကြသူတွေပါ။😎
အော်..နောက်တစ်ခုက Content Writer
တစ်ယောက်အနေ နဲ့ SEO(Search Engine Optimization)ရဲ့ အကြောင်းကို အခြေခံ သိထားဖို့လည်း လိုအပ်ပါတယ်နော်။ အောင်မြင်တဲ့ Contentရေးသူတွေဟာ SEO trendsရဲ့ထိပ်ဆုံးနေရာမှာ ရှိနေတတ်ကြပါတယ်။
ကိုယ့် Contentက ကောင်းနေပေမယ့်လည်း စာဖတ်သူတွေက ရှာမတွေ့ဘူးဆိုရင် အလကားဘဲပေါ့😩
ဒါကြောင့် စာဖတ်သူတွေက Search engine မှာ ရှာလိုက်တာနဲ့ ကိုယ့်contentက ထိပ်စီးမှာပေါ်နေအောင် စာဖတ်သူတွေ အဓိကရှာလေ့ရှိတဲ့ ခေါင်းစဥ်တွေ၊အကြောင်းအရာတွေ၊ထိရောက်တဲ့ keywordsလေးတွေ ဖန်တီးရေးသားတတ်ဖို့ လိုအပ်ပါတယ်။✍🧐
Websites မှာ စာတွေရေးရင်လည်း
သင့် content ထိပ်ဆုံးမှာ ပေါ်လာအောင် google algorithm စနစ် နဲ့သိမ်းထားလိုက်ပါ။
ကဲ.....ဒါဆိုရင် မိတ်ဆွေရော Content ရေးတဲ့အလုပ်က လွယ်ကူတယ်ထင်ပါသလား။ Comment box မှာဖြေပေးသွားပါနော်။🙋‍♀️
ဒီအဖြေကတော့ မိတ်ဆွေရဲ့ ထင်မြင်ယူဆချက်ပေါ်မူတည်ပြီး ကွဲလွဲသွားမယ်လို့ ထင်ပါတယ်။
စာအဆုံးထိဖတ်လာပေးလို့ ကျေးဇူးတင်ပါတယ်။
References:👇
အားလုံးဘဲကျန်းမာ ချမ်းသာကြပါစေ။🙏
Written by
 Image may contain: coffee cup, text that says "Content Writer အလုပ်ဟာ လွယ်ကူပါ သလား။ Yn Fhande FEARUARY SOUL Mntr MaE"

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱