CSR Campaign ဆိုတာဘာလဲ ???
အားလုံးဘဲ မင်္ဂလာပါ။
Beatrix ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင်
။
ဒီနေ့မှာတော့ CSR အကြောင်းကို ပြောပြသွားမှာဘဲဖြစ်ပါတယ်။
CSRရဲ့အရှည်ကောက်က.....??
CSR ရဲ့ အရှည်ကောက်ကတော့ Corporate Social Responsibility ဘဲဖြစ်ပါတယ်။ CSR ဆိုတာဟာ သူတို့ပေးနိုင်တဲ့တန်ဖိုးနဲ့ညီတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်မယ်။ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ သက်ရောက်မှုတွေ ရဖို့ဆောင်ရွက်ကြခြင်းဘဲဖြစ်ပါတယ်။
တစ်နည်းအားဖြင့် Cause Marketing ပေါ့ရှင်။ ပရဟိတပွဲတွေမှာ Campaign တွေထောင်ပြီး ကိုယ့်ကုန်ပစ္စည်းကိုလည်း ကြော်ညာရင်း ကူညီဆောင်ရွက်သွားကြတာမျိုးပေါ့။
CSRရဲ့ ရည်ရွယ်ချက်က ???
CSRရဲ့ ရည်ရွယ်ချက်ကတော့ လူမှုအဖွဲ့အစည်းကိုတတ်နိုင်သမျှ အကျိုးပြု ဆောင်ရွက်သွားမယ်။ ကိုယ့်လုပ်ငန်းကိုလည်း အကျိုးဖြစ်ထွန်းစေရမယ် စတာတွေဘဲဖြစ်ပါတယ်။
CSRနဲ့အမြတ်ငွေရဲ့ ဆက်စပ်မှု ???
CSR Campaignကို ပြုလုပ်မယ်ဆိုရင် လုပ်ငန်းရဲ့လည်ပတ်မှုငွေတွေကို ပိုသုံးရမယ်. တစ်ခါတစ်လေအမြတ်ပါ,ပါသွားနိုင်ပါတယ်။ ဒါပေမယ့် CSR Campaign ကိုပြုလုပ်လိုက်ပါက သင်ဟာနောင်မှာ အမြတ်ဝင်ငွေပိုရဖို့ လမ်းစချနိုင်ခဲ့တယ် ဆိုတာကို သတိရလိုက်ပါ။
CSRကလုပ်ငန်းအတွက်မကောင်းဘူးလား??
CSRဟာ လုပ်ငန်းအတွက် အောက်ပါ အခြေအနေ (၂)ရပ်ကြောင့် ထိခိုက်နစ်နာ နိုင်ပါတယ်။
ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေဟာ အမြတ်များများရှာနိုင်လို့ အောင်မြင်တယ်လို့သတ်မှတ်တာထက် လူမှုပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုလုပ်ဆောင်ပြီး အောင်မြင်လာကြတာက ပိုပြီးခိုင်မြဲတယ်ဆိုတာ သိလာကြပြီဘဲဖြစ်ပါတယ်။
ကုမ္ပဏီတွေဟာ အရေးကြီးတဲ့ လူမှုကိစ္စရပ်တွေမှာ ပါဝင်ပြီး ဖောက်သည်ရဲ့ ယုံကြည်မှု နဲ့ လေးစားမှုကို ရရှိလာကြပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေဟာ ကိုယ့်လုပ်ငန်းကိုလည်း အကျိုးပြုပြီး ပတ်ဝန်းကျင်ကိုလည်း အကျိုးဖြစ်စေမယ့် ဘယ်လို အရာတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမလဲ ဆိုတာကို စဥ်းစားနေရပါမယ်။
CSRအမျိုးအစား(၄)မျိုးရှိပါတယ်။
1. Philanthropy
2. Environment Conservation
3. Diversity & Labor practices
4. Volunteerism
1#Philanthropy (ပရဟိတ)
နည်းပညာ ကုမ္ပဏီတွေ ဆိုရင်လည်း အသစ်အဆန်းတွေ ဖန်တီးနေတာချည်း မလုပ်ဘဲ နည်းပညာကို တတ်သိနားလည် အသုံးပြုနိုင်တဲ့ လူသားမျိုးဆက်ကို တည်ဆောက်နိုင်ဖို့ Foundationတွေနဲ့ ပူးပေါင်းပြီး သင်ကြားပေးတာမျိုးတွေ လိုအပ်ပါတယ်။ ဒီလိုမှသာ လူတွေက နည်းပညာကို နားလည်ပြီး ကိုယ့်လုပ်ငန်းကိုလည်း သတိထားမိပြီး ကိုယ့်လုပ်ငန်းက ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲလာမယ်မဟုတ်ပါလား။
ကျောင်းသားတွေ အတွက် ပညာရေးအစီအစဥ်တွေ ပြုလုပ်ပေးပြီး အဲ့ကရလာတဲ့ ငွေတွေကို အားကစားအဖွဲ့ အတွက် လှူဒါန်းမယ်..တစ်နည်းအားဖြင့် Sponsor ပေးမယ်ဆိုရင် ကိုယ့်လုပ်ငန်းကို ကျောင်းသားတွေရော၊ အားကစားသမားတွေရော ပွဲကြည့်ပရိသတ်တွေရော စသဖြင့် လူအများသတိထားမိပြီး စိတ်ထဲ လေးစားလာကြပါမယ်။
ကိုယ့်လုပ်ငန်းကိုလည်း ကြော်ညာပြီးသား ဖိတ်ခေါ် ပြီးသားဖြစ်သွားသလို လက်ရှိနဲ့အနာဂတ် Customer တွေက အတွေ့အကြုံကောင်းတွေရပြီး ကိုယ့်လုပ်ငန်းကိုလည်း အမြင်ကြည်လာနိုင်ပါတယ်။
2#Environmental Conservation(ပတ်ဝန်းကျင်ထိန်းသိမ်းရေး)
ပတ်ဝန်းကျင်အခြေအနေ၊ ရာသီဥတုအခြေအနေတွေ၊ ဒေသတွင်းကိစ္စရပ်တွေ(ဥပမာ-အန္တရာယ်ရှိ ဓါတ်ငွေ့တွေ ယိုစိမ့်လာမှုတွေ)စတဲ့ ကိစ္စရပ်တွေဟာ လူသားတွေကို အလွှမ်းမိုးနိုင်ဆုံး ကိစ္စရပ်တွေပါ။
ဒီလိုအချိန်မှာ လုပ်ငန်းရှင်တွေသာ တတ်နိုင်သလောက် ပတ်ဝန်းကျင်ကို အကျိုးပြုမှုတွေ တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားမယ် ဆိုရင်
လူတိုင်းရင်ထဲရောက်မှာ အမှန်ဘဲဖြစ်ပါတယ်။
(ဥပမာ-carbon footprintတွေ လျော့သွားအောင်လုပ်ဆောင်တာမျိုး
Carbon Footprintဆိုတာကစက်ရုံတွေကနေထုတ်လိုက်တဲ့ ကမ္ဘာကြီးကို ပူနွေးလာစေနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေပေါ့)
သင့်လုပ်ငန်းရဲ့ Recycling Program တွေWebsiteမှာရှိနေပြီလား။
သဘာဝစွမ်းအင်အရင်းအမြစ်ကိုသုံးပြီး လုပ်ငန်းလည်ပတ်ဖို့ရော စဥ်းစားပြီးပြီလား။
ဥပမာ Solarတို့ လေအားတို့ ရေအားတို့ စတဲ့ စွမ်းအင်တွေနဲ့ပေါ့
အဆိပ်အတောက်တွေ လျော့ပါးသွားအောင် ဝိုင်းဝန်းလုပ်ဆောင်ကြမယ် ဆိုရင် ပတ်ဝန်းကျင်အတွက် အကျိုးဖြစ်ထွန်းလာမှာကျိန်းသေပါဘဲ။
3# Company Diversity & Labor Practices
လုပ်ငန်းခွင်အတွင်း လုပ်နိုင်စွမ်းအားအလိုက်လူအမျိုးအစား ခွဲခြားခြင်းဟာ လုပ်ငန်းအတွက် အရေးပါ အကျိုးဖြစ်ထွန်းစေပါတယ်။
လူမှန်နေရာမှန်ထားနိုင်ဖို့လိုအပ်သလို.. လူတန်းစားခွဲခြားမှုဟာလည်း လုပ်ငန်းတွင်း
မရှိသင့်ပါဘူး။ ဒီလို ဖြစ်ရပ်တွေ ဖြစ်လာရင် ကိုယ့်လုပ်ငန်း ပုံရိပ် ကျဆင်းသွား နိုင်ပါတယ်။အလုပ်သမားမူဝါဒနဲ့အညီ ဝန်ထမ်းတွေကို အုပ်ချုပ်စီမံပြီး ကိုယ့်
လုပ်ငန်းမှာထုတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ဝေဖန်မှုတွေကို လုပ်ငန်းရှင်အနေနဲ့အမြဲ ခြုံငုံကြည့်နေရပါမယ်။
ဒီလိုဆောင်ရွက်ခြင်းဟာ ကိုယ့်လုပ်ငန်းရဲ့ cultureကို မြှင့်တင်စေနိုင်ပြီး လုပ်သားတွေဟာ စာရိတ္တကောင်းမွန်ကာ လုပ်အားစိုက်ထုတ်မှု ပိုမိုတိုးတက်လာမှာ အမှန်ဘဲဖြစ်ပါတယ်။
4#Supporting Volunteer Efforts
ဒေသအဖွဲ့အစည်း ပရဟိတအဖွဲ့အစည်းတွေက အမြဲအကူအညီ လိုအပ်နေတာပါ။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို သစ်ပင်စိုက်တာတွေ စတဲ့ Volunteer အနေနဲ့ ပါဝင်လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်စေတာတို့ အိုးမဲ့အိမ်မဲ့တွေ ကို ကူညီရာမှာ ဝိုင်းဝန်း ဆောင်ရွက်ပေးကြတာတို့စသဖြင့်ပေါ့။ လုပ်ငန်းရှင်အနေနဲ့ ကိုယ့်ကုန်ပစ္စည်းနဲ့ ဘယ်လိုပရဟိတွေ ဘယ်လိုပွဲစဥ်တွေနဲ့ ဆက်စပ်သလဲ ဘယ်လိုတွေလုပ်ဆောင်ရမလဲ စတာတွေကို ရွေးချယ်စဥ်းစားဖို့ အလုပ်ရှင်မှာ အခွင့်အရေးအပြည့်ရှိပါတယ်။
မှန်ကန်တဲ့ လုပ်ဆောင်ချက် နဲ့ ရွေးချယ်မှုတွေ လိုအပ်ပါတယ်။
ကဲ...
ဒီလောက်ဆို CSR Campaign အကြောင်းကို သိသွားလောက်ပြီလို့ထင်ပါတယ်။
အမြဲကြိုးစားပြီး အောင်မြင်သောသူများဖြစ်ကြပါစေ

Comments
Post a Comment