Easy Ways To Support Local Businesses

အားလုံးပဲ မဂ်လာပါ.. 🙏

Beatrix ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
“ဒေသတွင်းစတိုးဆိုင်တွေနှင့် ကုန်ပစ္စည်းပေးသွင်းသူတွေဟာ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကိုဖြည့်ပေးဖို့အတွက် အကောင်းဆုံးကြိုးစားလျက်ရှိကြသော်လည်း နည်းပညာ၊ အဆင်ပြေမှု၊ အများအပြား ထုတ်လုပ်နိုင်မှုနှင့် ငွေကြေး၊ စျေးကွက်ထိုးဖောက်မှု နှင့် အခြားသော အချက်များ အလျင်အမြန်ပြောင်းလဲနေမှု တွေနဲ့အတူ စျေးကွက်ကိုတော့ နာမည်ကြီးတံဆိပ်တွေကသာ လက်ဝါးကြီးအုပ်လျက်ရှိနေ၏”
ခုလိုမျိုး Pandemic ကာလဟာ စီးပွားရေးလုပ်ငန်းတွေအပေါ် များစွာသော အကျိုးသက်ရောက်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ စက်ရုံအလုပ်ရုံတွေပိတ်လိုက်ရတယ်၊ Big Box Companies ကအစ လမ်းဘေးဆိုင်တွေအဆုံးထိ ရှိသမျှလုပ်ငန်းအားလုံးပိတ်လိုက်ရတယ်။ တချို့ကဖျက်သိမ်းလိုက်ကြရတယ်။
အထူးသဖြင့် ဝင်ငွေအတွက် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အသွားအလာကိုအားကိုးပြီးလုပ်နေရတဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ Bar ၊ Coffee ဆိုင်အပြင် အခြားသော ဝန်ဆောင်မှုလုပ်ငန်းတွေဟာ များစွာထိခိုက်ကြရတယ်။
ဟုတ်ကဲ့. ဒီနေ့မှာတော့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို ဘယ်လို Support လုပ်ကြမလဲဆိုတဲ့ အကြောင်း အရာနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာပဲ ဖြစ်ပါတယ်။
ဘယ်လို Support လုပ်မယ်ဆိုတာမကြည့်ခင် ဘာကြောင့် Support လုပ်သင့်လည်းဆိုတာအရင်ကြည့်ရအောင်..
ဘာကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို Support ပေးသင့်လဲ❓
📌 ဒေသတွင်းစီးပွားရေးလူပ်ငန်းတွေဟာ ကျွန်တော်တို့အတွက် မရှိမဖြစ်လောက်အောင်ကို အရေးကြီးပါတယ်။ ဒီစီးပွားရေးလုပ်ငန်းတွေဟာ ကျွန်တော်တို့လူမှုပတ်ဝန်းကျင် တိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှုတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။
📌 သူတို့ဟာ အလုပ်အကိုင်နှင့် စွန့်ဦးတီထွင်လုပ်ငန်းတွေများစွာကိုလည်း ဖန်တီးပေးနိုင်ပြီး ဒေသတွင်းမှာရှိတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို အပြန်အလှန်ထောက်ပံ့ပေးနိုင်စွမ်းရှိတယ်။
Ok ဒီဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို ဘယ်လို Support လုပ်ကြမလဲ ကြည့်လိုက်ကြရအောင်...
(၁) Give Them Stars
ကောင်းမွန်သော Online Feedback ဟာဆိုရင် ဒီကနေ့ခေတ်မှာ အခြားဖောက်သည်တွေနှင့်ဝယ်ယူသူတွေကို စီးပွာရေးလုပ်ငန်းတွေဆီ ဝယ်ယူရန်(သို့) လည်ပတ်ရန်ဆုံးဖြတ်ချက်များအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။
လေ့လာမှုတွေအရ ၇၂% သောလူတွေဟာ အွန်လိုင်းသုံးသပ်ချက်တွေကို လူတစ်ဦးရဲ့အကြံပြုချက်များကဲ့သို့ ပင်ယုံကြည်စိတ်ချကြသည်။
အဲ့လိုလုပ်ပေးတာဟာ စီးပွားရေးလုပ်ငန်းကို Search Engine တွင် ပိုမိုကောင်းမွန်စွာ ပြသရန်အတွက်လည်း များစွာကူညီနိုင်ပါသည်။
(၂) Connect Socially
သူတို့ရဲ့ Social medial အကောင့်ကို Like လုပ်ခြင်းဟာလည်း သူတို့ကို Support လုပ်ပေးနိုင်တဲ့နည်းလမ်း ကောင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ Post တွေကို မှတ်ချက်ပေးမယ်၊ Share တွေလုပ်ပေးတာတွေ၊ သူတို့ဆိုင်က ဝယ်လာတဲ့ဟာလေးတွေကို Tag လုပ်ခြင်းဖြင့်လည်း ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို နောက်ထပ်ဖောက်သည်တွေ အာရုံစိုက်လာအောက်လုပ်လို့ရတယ်။
(၃) Recommend Local Businesses
စားသုံးသူရဲ့ ၉၂ ရာခိုင်နှုန်းဟာ သူတို့၏မိတ်ဆွေများနှင့်မိသားစုတွေထံမှ အကြံပြုချက်များကိုယုံကြည်ကြပြီး ၅၀% ကျော်ဟာ နှုတ်ဖြင့်အကြံပြုချက်များကို ဝယ်ယူကြသည်။
ဒါကြောင့် နောက်တကြိမ်မိတ်ဆွေရဲ့သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တယောက်ယောက်က Local Business တွေမှာ ဝယ်လို့ရနိုင်တဲ့ ပစ္စည်းတခုခုကိုဝယ်ဖို့လာမေးတယ်ဆိုရင် မိတ်ဆွေသိတဲ့ ဒေသတွင်းလုပ်ငန်းတွေကို ညွှန်ပေးဖို့မမေ့ပါနှင့်။
(၄) Shop Local As Often As Possible
မိတ်ဆွေအနေနဲ့ မည်သည့်ကုန်ပစ္စည်းကိုမဆို ၀ယ်ယူရန်လိုအပ်သည့်အခါ ဒေသခံစီးပွားရေးလုပ်ငန်းများကို မိတ်ဆွေရဲ့စိတ်ထဲမှာ ရှေ့တန်းတင်ထားခြင်းဟာလည်း အလွန်ကောင်းသော အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။
(၅) Get Delivery
ခုလိုမျိုးကာလမှာ သင့်အရမ်းနှစ်သက်တဲ့ ဆိုင်တစ်ဆိုင်ကိုသွားပြီး ညစာစားပွဲလုပ်ချင်တာဟာ ကောင်းမွန်တဲ့ စိတ်ကူးတော့မဟုတ်ပေ။ ကံကောင်းတာတခုကတော့ စားသောက်ဆိုင်တွေနဲ့အခြားသော စီးပွားရေးလုပ်ငန်း တွေဟာ Online Order နှင့် Delivery ကို တဆင့်တိုးလုပ်လာကြတယ်။
ဒီလို Delivery ကနေတဆင့်မှာယူစားသောက်တာဟာ မိတ်ဆွေအတွက် ခုလိုအချိန်ကာလမှာ လူတွေအများကြီးနဲ့ ထိတွေ့ရမှုကိုလျော့ချနိုင်သလို Local business တွေရပ်တည်နိုင်ရေးကိုလည်း အထောက်အပံ့ပေးရာ ရောက် ပါတယ်။
ဟုတ်ကဲ့..ဒါတွေကတော့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေ ခုလိုမျိုးကာလမှာရပ်တည်နိုင်ဖို့ လုပ်ပေးနိုင်တဲ့နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ တခြား Local Business တွေကို Support လုပ်နိုင်တဲ့ နည်းလမ်းတွေရှိရင်လည်း အောက်က Comment မှာပြောပြသွားဖို့ တောင်းဆိုချင်ပါတယ်။

Comments

Popular posts from this blog

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

ဘယ်လုပ်ငန်းအမျိုးအစားမဆို ​အောင်မြင်ဖို့အတွက် သိထားရမယ့် အရေးပါဆုံး Service Management အကြောင်း🏆

Facebook က ကျွန်မတို့ကိုအဆိပ်သင့်စေနေပြီလား🙁