Great Lessons To Learn From "Reed Hastings"

Beatrixရဲ့စာဖတ်သူတွေအားလုံး မင်္ဂလာပါ❤️
ဒီနေ့မှာတော့ Netflix ရဲ့ တည်ထောင်သူတွေထဲက တစ်ဦးလည်းဖြစ်၊ လက်ရှိ CEO လည်းဖြစ်တဲ့ Reed Hastings ဆီက သင်ယူသင့်တဲ့ အတုယူဖွယ်ရာ သင်ခန်းစာလေးတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်🤩
Reed Hastingsရဲ့အကြောင်းလေးကို အရင်ဦးဆုံး ပြောပြပေးချင်ပါတယ်
Reed Hastings ဟာ
🔺စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတော့ USD 5.1 billionပိုင်ဆိုင်တဲ့ အမေရိကန်ဘီလီယံနာတစ်ဥိီးပါ။
🔺Pure Softwareဆိုတဲ့ Softwareနဲ့ပတ်သက်တဲ့ထုတ်ကုန် တွေထုတ်တဲ့ကုမ္ပဏီရဲ့ပထမဆုံးတည်ထောင်သူ တစ်ဦး
လည်းဖြစ်ပါတယ်။
🔺2011 ကစပြီးတော့ Facebookရဲ့ဒါရိုက်တာ တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး 2019မှာတော့ အနားယူခဲ့ပါတယ်။
🔺ဒါ့အပြင် 2007 ကနေ 2012ထိ Microsoft ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ထဲမှာလည်း ပါခဲ့ပါတယ်။
🔺1997မှာ Entertainment service တစ်ခုဖြစ်တဲ့ Netflix ဆိုတဲ့ production companyကို Marc Randolph နဲ့အတူ စတင်တည်ထောင်ခဲ့ပါတယ်။
အခုဆိုရင်တော့Netflixကို နိုင်ငံပေါင်း ၁၉၀ ကျော်က ကြည့်ရှုနိုင်ပြီးတော့ ကမ္ဘာအနှံ့လူပေါင်း ၁၉၃ မီလီယံကျော်က မန်ဘာကြေးပေးသွင်းပြီး ကြည့်ရှုလာကြတာပဲဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Netflix က ယခုနှစ် ဇူလိုင် ၁၀ ရက်နေ့ စျေးကွက်အရ Entertainment ကုမ္ပဏီတွေထဲမှာ အကြီးဆုံးဖြစ်လာခဲ့ပါတယ်🥳
ဒီလို အားကျအတုယူဖွယ်ရာ Reed Hastings ဟာဆိုရင် အောင်မြင်ဖို့အတွက် သူ့ခံယူချက် (၁၀) ချက်ရှိပါတယ်။
1️⃣ Be authentic
သင်က သာမန်လူတစ်ယောက်ဆိုရင် Reed Hastingsတို့လို Bill Gatesတို့လို ဖြစ်ရမယ်ဆိုပြီး သူတို့လုပ်ပုံလုပ်နည်းအတိုင်း လိုက်ကြိုးစားကြည့်တာက အဆင်ပြေပေမဲ့ ကိုယ့်အလုပ်၊ကုမ္ပဏီတိုးတက်ဖို့ ရည်မှန်းချက်ကြီးကြီးရှိတယ်ဆိုရင်တော့ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို သိရှိပြီး ကုမ္ပဏီကောင်းကျိုးအတွက် သင်ယုံကြည်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်သင့်ပါတယ်။ သင့်ပုံစံအတိုင်း စစ်မှန်စွာ ကုမ္ပဏီတိုးတက်အောင် လုပ်ဆောင်သွားမယ်ဆိုရင်
ဝန်ထမ်းတွေကလည်း သင့်ကိုယုံကြည်ပြီးသင့်နောက်လိုက်လာမှာ ဖြစ်ပါတယ်
2️⃣Be at the edge of chaos
လုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်းမှာ ဆုံးရှုံးမှုတွေရှိနိုင်သော်လည်း “ဘဝကတိုတိုလေးမို့” ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်း၊ ကြိုးစားနိုင်စွမ်းအဆုံးထိ သွားပြီး လူတွေကိုတစ်ကယ် ပျော်စေတဲ့အရာတွေ၊အသုံးဝင်တဲ့အရာတွေ ဖန်တီးကြည့်
သင့်ပါတယ်💪
3️⃣Create Joy
ဒါကို ဥပမာပေးရရင် Reed Hastings က Netflixကို ကြည့်ရှုသူတွေဆီက ရတဲ့ငွေတွေနဲ့ ဖန်တီးထားတဲ့ show တွေ၊ ရုပ်ရှင်တွေ ကြည့်ရှုနှုန်းပေါ်မူတည်ပြီး ဒီတစ်ခေါက်
ကြည့်ရှုသူ ဘယ်လောက်ကို ပျော်စေခဲ့တယ်၊နောက်တစ်ခေါက်ကျရင်လည်း သူတို့ပေးထားတဲ့ပိုက်ဆံနဲ့ ကိုယ်က ကြည့်ရှုသူတွေ စိတ်ကျေနပ်အောင်၊ ကြည့်ရှုသူထပ်များအောင် ဘယ်လိုလုပ်မယ်ဆိုပြီး ရည်မှန်းပြီး ကြိုးစားလေ့ရှိပါတယ်တဲ့။
ဒါက ကိုယ့်လုပ်ငန်းအောင်မြင်ဖို့လုပ်တဲ့အခါမှာ ကိုယ့်ကိုပျော်စေတဲ့အရာ၊ အားတက်တဲ့စေတဲ့အရာမှာ ကြိုးစားဖို့ပြောချင်တာဘဲ ဖြစ်ပါတယ်💯
4️⃣Know your mission
မိမိလုပ်ငန်းက ချမှတ်ထားတဲ့ ရည်မှန်းချက်ကိုရောက်အောင်သွားနေတဲ့အခါမှာ နှစ်တွေကြာလာတာနဲ့အမျှ မိမိလုပ်ငန်းရဲ့ ရည်မှန်းချက် အပေါ် သံသယဖြစ်လာတတ်ပါတယ်၊အဲ့အခါကျ မိမိရဲ့လုပ်ငန်းရဲ့ မစ်ရှင်အပေါ်မှာ ယုံကြည်ချက်အပြည့်အဝရှိဖို့ လိုအပ်ပါတယ်၊
ဆိုလိုချင်တာကတော့ Netflixရဲ့Mission က လူတွေကို သူတို့ချစ်တဲ့ရုပ်ရှင်တွေနဲ့ များများ ထိတွေ့ပေးနိုင်ဖို့ဖြစ်ပေမဲ့ တစ်ချိန်တည်းမှာပဲ Facebookရဲ့မစ်ရှင်ကကမ္ဘာကြီးပေါ်မှာရှိတဲ့ လူ
တွေအချင်းချင်းဆက်သွယ်နိုင်စေဖို့ ဆိုပြီးရည်မှန်းလာတဲ့အခါ “ငါတို့လည်းအဲ့လိုမစ်ရှင်ချရင် ပိုကောင်းအောင် လုပ်နိုင်လာမလား”ဆိုတဲ့ အတွေးဝင်တတ်ပါတယ်၊ အဲ့ဒါကြောင့်
မိမိလုပ်ငန်းရဲ့မစ်ရှင်ကိုကောင်းစွာနားလည်နေပြီး ယုံကြည်ထားဖို့လိုပါတယ်✌️
5️⃣Be honest
လုပ်ငန်းလုပ်တဲ့အခါမှာ ရိုးသားမှုရှိပါ။
Reed Hastingsက ကိုယ့်ရဲ့၀န်ထမ်းတွေက အမှားတစ်ခုခုလုပ်လို့ပဲဖြစ်ဖြစ်၊ customer တွေနဲ့အဆင်မပြေတာဖြစ်ဖြစ်၊ ပြဿနာတစ်စုံတစ်ရာရှိခဲ့လို့ဖြစ်ဖြစ်၊ မိမိတို့လုပ်ငန်းဘက်က လိုအပ်ချက်ရှိခဲ့တာဆိုရင်လည်း ရိုးသားစွာဘဲ တောင်းပန်လေ့ရှိပါတယ်🙆
6️⃣Always Keep Improving
အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ ဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုပြီး ကြိုးစားနေသင့်ပါတယ်။
7️⃣Think Long-term
လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာရေရှည်ကိုကြိုတွေးသင့်ပါတယ်။ ရေရှည်မှာ ကိုယ့်လုပ်ငန်းနေရာမှာဘယ်လိုလုပ်ငန်းတွေက အစားထိုးလာနိုင်မလဲ၊ ဘယ်လိုအရာတွေက လူတွေနဲ့ပို
သင့်တော်လာနိုင်မလဲဆိုတာကို ကြိုတွေးပြီးစီစဉ်ထားသင့်ပါတယ်။
ဥပမာဆိုပါစို့ Netflix ခေတ်မစားခင်တုန်းက Facebook ၊ You-tube မှာလူတွေရဲ့အာရုံ ရောက်ခဲ့ပြီးတော့ အခုအခါမှာတော့ Netflix ကလည်းလူတွေရဲ့အာရုံကိုဖမ်းစားနိုင်လာခဲ့
သလို နောက်နှစ်တွေမှာလည်း ကိုယ့်လုပ်ငန်းနေရာမှာ အစားထိုးဝင်လာနိုင်တဲ့အရာတွေကို သတိပြုစဉ်းစားထားသင့်ဖို့ပြောထားတာ ဖြစ်ပါတယ်🙌
8️⃣Focus
အတိုက်အခိုက်တွေရှိလာခဲ့ရင်လည်း ပြန်တုံ့ပြန်တဲ့အခါ ရန်ဘက်များလာအောင် လုပ်သလိုဖြစ်နေနိုင်တာမို့ မိမိလုပ်ငန်းရဲ့ လိုအပ်ချက်ကိုပိုကောင်းအောင်ပြန်ပြင်ဖို့ကိုဘဲ အာရုံစိုက်သင့်ပါတယ်👥
9️⃣Have strong values
လုပ်ငန်း လုပ်ကိုင်တဲ့အခါမှာ မိမိလုပ်ငန်းကသတ်မှတ်ထားတဲ့ အရည်အချင်းတွေရှိသင့်တဲ့အပြင် passion ဆိုတဲ့ လုပ်ငန်းပေါ်မှာထားတဲ့ ချစ်တဲ့စိတ်၊ စွဲလန်းတဲ့စိတ်လည်းရှိနေဖို့လဲလိုအပ်ပါတယ်။
🔟Be patient
မိမိလုပ်ငန်းရဲ့ပန်းတိုင်ကို ရောက်အောင်သွားတဲ့အချိန်မှာ စိတ်ရှည်ဖို့လိုကြောင်းကို Reed Hastingsကအခုလိုပဲ ဥပမာပေးခဲ့ပါတယ်၊
Netflixကတရုတ်နိုင်ငံမှာ ကြည့်ရှုခွင့်လိုင်စင်မရသေးပါဘူး၊ Appleကုမ္ပဏီက တရုတ်နိုင်ငံကို iPhoneတင်သွင်းခွင့်ရဖို့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ စောင့်ခဲ့ရတာဖြစ်ပါတယ်၊ အဲ့ဒါကြောင့် Netflixက နောင်တစ်ချိန်မှာ တရုတ်နိုင်ငံမှာ ကြည့်ရှုခွင့်လိုင်စင်ရနိုင်တာမို့ စိတ်ရှည်ဖို့ဟာလည်း အရေးကြီးတယ်ဆိုတဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်🤗
ကဲ…ဒါဆိုရင်တော့ ဒီစာလေးကိုဖတ်ပြီး အားလုံးလည်း Reed Hastings ဆီက အတုယူဖွယ်ရာ သင်ခန်းစာလေးတွေ ရရှိမယ်လို့မျှော်လင့်ပါတယ်🥳
Reed Hastingsရဲ့ အင်တာဗျူးတွေထဲကဆီလျော်အောင် ဘာသာပြန်ထားတာဖြစ်လို့ အမှားတစ်စုံတစ်ရာပါခဲ့ရင် နားလည်ပေးစေလိုပါတယ်ရှင် 🙆‍♀️
စာဖတ်သူတွေအားလုံးကို ကျေးဇူးတင်လျှက်❤️
Written by
TTZ🧸
Image may contain: 1 person, text that says "Great Lessons To Learn From "Reed Hastings" (co-founder and CEO of Netflix) NETFLIX oft NETFLIX"

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱